နိုင်ငံတကာပွဲကြုံလာတိုင်း လီယွန်နယ်မက်ဆီ အင်္ကျီ ၆၅၀ အထိ ပြင်ဆင်ထားတဲ့ အာဂျင်တီးနားအသင်းအင်္ကျီဝတ်စုံမန်နေဂျာ

အာဂျင်တီးနားအသင်းဟာနိုင်ငံတကာပွဲကြုံလာတိုင်း လီယွန်နယ်မက်ဆီအင်္ကျီအလုံး၆၅၀အထိပြင်ဆင်ပေးထားရပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့အင်္ကျီကို လူတိုင်းကရယူချင်နေမှုနဲ့အတူ အာဂျင်တီးနားအသင်းဟာအသင်းခေါင်းဆောင်ရဲ့အင်္ကျီရာပေါင်းများစွာပြင်ဆင်ပေးထားရတာလည်းဖြစ်ပါတယ်။

မက်ဆီရဲ့အင်္ကျီကိုရယူလိုတဲ့သူများထဲမှာအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှဝန်ထမ်းများ၊စပွန်ဆာကုမ္ပဏီမှဝန်ထမ်းများအပြင်အာဂျင်တီးနားလက်ရွေးစင်စတားများလည်းပါဝင်နေပါတယ်။

ယင်းနှင့်ပတ်သက်ပြီး အာဂျင်တီးနားနှင့်ဗီလာဂိုးသမားအီမီလီယာနိုမာတီနက်ဇ်က “တစ်နေ့တော့ ပွဲတစ်ပွဲအတွက်မက်ဆီအင်္ကျီဘယ်လောက်ပြင်ဆင်ထားရလဲဆိုတာမေးဖြစ်တယ်။သူတို့ကအင်္ကျီတောင်းဆိုသူ၂၀၀ကနေ၃၀၀အထိရှိတယ်လို့ပြောပါတယ်။ကျွန်တော်တို့ဟာနိုင်ငံတကာပွဲနှစ်ပွဲစီကစားရပါတယ်။ဒီတော့သူတို့ဟာမက်ဆီအင်္ကျီ၆၅၀ လောက်အဆင်သင့်ပြင်ထားရပါတယ်။စပွန်ဆာတွေ၊ကစားသမားတွေ၊ဝန်ထမ်းတွေ၊နည်းစနစ်ပိုင်းပညာရှင်တွေ အားလုံးကအင်္ကျီတစ်ထည်ဘဲလိုချင်တယ်။မက်ဆီရဲ့အင်္ကျီပါ”လို့ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာလည်းနွေရာသီတွင်အသင်းသို့လီယွန်နယ်မက်ဆီရောက်လာပြီးနောက်အင်္ကျီအမြောက်အမြားရောင်းချခဲ့ရပါတယ်။

ဒါပေမဲ့မက်ဆီဟာချန်ပီယံလိဂ်မှထွက်ခွာခဲ့ရမှုနဲ့အတူတနင်္ဂနွေနေ့တုန်းကဘော်ဒိုးအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဘောလုံးထိတိုင်းပီအက်စ်ဂျီပရိသတ်များရဲ့လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

ZawGyi






