နိုင်ငံတကာပွဲများကြောင့် ကိုဗစ်ကူးစက်မှုပြန်လည်မြင့်မားလာမည်ကို ဂွါဒီယိုလာစိုးရိမ်နေ

ပက်ဂွါဒီယိုလာကမတ်လအတွင်းတွင်ကစားရမယ့်နိုင်ငံတကာပွဲစဉ်များကြောင့်ပရီးမီးယားလိဂ်မှကစားသမားများ ကိုဗစ်ကူးစက်မှုမြင့်မားလာမှာကိုစိုးရိမ်ကြောင်းပြောကြားသွားပါတယ်။

နောက်ဆုံးအသုတ်ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်ပရီးမီးယားလိဂ်တွင်ကိုဗစ်ကူးစက်ခံရသူနှစ်ဦးတည်းသာရှိနေ‌ကြောင်းတွေ့ရှိရပြီးအောက်တိုဘာလနောက်ပိုင်းတွင်ကူးစက်မှုအနည်းဆုံးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်စပိန်လူမျိုးနည်းပြဟာလာမယ့်မတ်လတွင်ပရီးမီးယားလိဂ်ကစားသမားများမှာကမ္ဘာအနှံ့သို့နိုင်ငံတကာပွဲသွားကစားရမည်ဖြစ်ရာပြန်လာချိန်တွင်ကိုဗစ်ကူးစက်မှုပြန်လည်မြှင့်တက်လာမှာကိုစိုးရိမ်နေပါတယ်။

မန်စီးတီးအသင်းဟာမတ်လ၂၀ရက်နေ့တွင်ကစားမယ့်အဲဗာတန်နှင့်အက်ဖ်အေဖလားပွဲအပြီးတွင်နိုင်ငံတကာပွဲများ အတွက်ကစားသမားများစေလွှတ်ရပါမယ်။မန်စီးတီးအသင်းဟာပထမအသင်းမှကစားသမား၁၈ဦးအထိနိုင်ငံအသင်းများအတွက်စေလွှတ်ရဖွယ်ရှိပါတယ်။ယင်းအချိန်တွင်ဥရောပလူငယ်ပြိုင်ပွဲကစားရမည်ဖြစ်ရာမန်စီးတီးဟာလူ ငယ်ကစားသမားများကိုလည်းစေလွှတ်ရဖို့ရှိပါတယ်။

ဂွါဒီယိုလာက “ဗိုင်းရပ်စ်ကူးစက်မခံရအောင်လုပ်နိုင်တဲ့နည်းလမ်းကအိမ်မှာနေတာပါ။မလှုပ်နဲ့။လူတွေနဲ့ခပ်ဝေး ဝေးမှာနေ။ပြီးတော့ခရီးမသွားနဲ့။အခုလူတွေခရီးသွားနေကြပြီ။ကစားသမားတွေလည်းနိုင်ငံအသင်းနဲ့သွားကြပါမယ်။ဒါပြီးရင်တော့ထိန်းချုပ်ဖို့ခက်ခဲလာပါမယ်။ကံဆိုးစွာဘဲပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဖြစ်မလာဘူးလို့ ပြောချင်ပါတယ်။ဒါပေမယ့်ပထမလှိုင်း၊ဒုတိယလှိုင်းအတွေ့အကြုံအရလှုပ်ရှားပြီဆိုတာနဲ့ကူးစက်မှုမြင့်လာပါတော့ တယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာယနေ့ညမှာအဲဗာတန်ကိုပရီးမီးယားလိဂ်အဝေးကွင်းပွဲအဖြစ်သွားရောက်ကစားရပါမယ်။ယင်းပွဲစဉ်မှာ မန်စီးတီးတွင်ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဒီဇင်ဘာလ၂၈ရက်နေ့တုန်းကကစားရန်စီစဉ်ပြီးမှရွှေ့ဆိုင်းခဲ့ရတဲ့ပွဲဖြစ်ပါတယ်။

ZawGyi

ႏိုင္ငံတကာပြဲမ်ားေၾကာင့္ ကိုဗစ္ကူးစက္မႈျပန္လည္ျမင့္မားလာမည္ကို ဂြါဒီယိုလာစိုးရိမ္ေန

ပက္ဂြါဒီယိုလာကမတ္လအတြင္းတြင္ကစားရမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားေၾကာင့္ပရီးမီးယားလိဂ္မွကစားသမားမ်ား ကိုဗစ္ကူးစက္မႈျမင့္မားလာမွာကိုစိုးရိမ္ေၾကာင္းေျပာၾကားသြားပါတယ္။

ေနာက္ဆုံးအသုတ္ကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ပရီးမီးယားလိဂ္တြင္ကိုဗစ္ကူးစက္ခံရသူႏွစ္ဦးတည္းသာရွိေန‌ေၾကာင္းေတြ႕ရွိရၿပီးေအာက္တိုဘာလေနာက္ပိုင္းတြင္ကူးစက္မႈအနည္းဆုံးျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္စပိန္လူမ်ိဳးနည္းျပဟာလာမယ့္မတ္လတြင္ပရီးမီးယားလိဂ္ကစားသမားမ်ားမွာကမာၻအႏွံ႔သို႔ႏိုင္ငံတကာပြဲသြားကစားရမည္ျဖစ္ရာျပန္လာခ်ိန္တြင္ကိုဗစ္ကူးစက္မႈျပန္လည္ျမႇင့္တက္လာမွာကိုစိုးရိမ္ေနပါတယ္။

မန္စီးတီးအသင္းဟာမတ္လ၂၀ရက္ေန႔တြင္ကစားမယ့္အဲဗာတန္ႏွင့္အက္ဖ္ေအဖလားပြဲအၿပီးတြင္ႏိုင္ငံတကာပြဲမ်ား အတြက္ကစားသမားမ်ားေစလႊတ္ရပါမယ္။မန္စီးတီးအသင္းဟာပထမအသင္းမွကစားသမား၁၈ဦးအထိႏိုင္ငံအသင္းမ်ားအတြက္ေစလႊတ္ရဖြယ္ရွိပါတယ္။ယင္းအခ်ိန္တြင္ဥေရာပလူငယ္ၿပိဳင္ပြဲကစားရမည္ျဖစ္ရာမန္စီးတီးဟာလူ ငယ္ကစားသမားမ်ားကိုလည္းေစလႊတ္ရဖို႔ရွိပါတယ္။

ဂြါဒီယိုလာက “ဗိုင္းရပ္စ္ကူးစက္မခံရေအာင္လုပ္ႏိုင္တဲ့နည္းလမ္းကအိမ္မွာေနတာပါ။မလႈပ္နဲ႔။လူေတြနဲ႔ခပ္ေဝး ေဝးမွာေန။ၿပီးေတာ့ခရီးမသြားနဲ႔။အခုလူေတြခရီးသြားေနၾကၿပီ။ကစားသမားေတြလည္းႏိုင္ငံအသင္းနဲ႔သြားၾကပါမယ္။ဒါၿပီးရင္ေတာ့ထိန္းခ်ဳပ္ဖို႔ခက္ခဲလာပါမယ္။ကံဆိုးစြာဘဲျပန္လည္ျမင့္တက္လာႏိုင္ပါတယ္။ျဖစ္မလာဘူးလို႔ ေျပာခ်င္ပါတယ္။ဒါေပမယ့္ပထမလႈိင္း၊ဒုတိယလႈိင္းအေတြ႕အႀကဳံအရလႈပ္ရွားၿပီဆိုတာနဲ႔ကူးစက္မႈျမင့္လာပါေတာ့ တယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာယေန႔ညမွာအဲဗာတန္ကိုပရီးမီးယားလိဂ္အေဝးကြင္းပြဲအျဖစ္သြားေရာက္ကစားရပါမယ္။ယင္းပြဲစဥ္မွာ မန္စီးတီးတြင္ကိုဗစ္ကူးစက္မႈျမင့္တက္ေနျခင္းေၾကာင့္ဒီဇင္ဘာလ၂၈ရက္ေန႔တုန္းကကစားရန္စီစဥ္ၿပီးမွေ႐ႊ႕ဆိုင္းခဲ့ရတဲ့ပြဲျဖစ္ပါတယ္။