နိုင်ငံတကာဘောလုံးလောကသို့ ပြန်ဝင်နိုင်မယ့်အခွင့်အရေးကို ကွန်တီပယ်ချခဲ့

အန်တိုနီယိုကွန်တီဟာနယ်သာလန်အသင်းနည်းပြရာထူးအတွက်ကမ်းလှမ်းလာမှုအားပယ်ချခဲ့ကြောင်းသိရပါတယ်။နယ်သာလန်ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှာချက်ကိုရှုံးနိမ့်ကာထွက်ခွာခဲ့ရပြီးနောက်နည်းပြဖရန့်ဒီဘိုးဝါးထွက်ခွာသွားမှုကြောင့်နည်းပြလက်မဲ့ဖြစ်နေပါတယ်။

ကွန်တီဟာအီတလီအသင်းကို၂၀၁၄ခုနှစ်မှ၂၀၁၆ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီးနိုင်ငံတကာဘောလုံးအတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်ကိုစကူဒက်တိုဖလားရရှိအောင်ကူညီပြီးနောက်နှစ်ဦးသဘောတူညီစာချုပ်ဖျက်သိမ်းကာထွက်ခွာခဲ့သူဖြစ်ပါတယ်။

ကွန်တီဟာနယ်သာလန်နည်းပြရာထူးအတွက်ကမ်းလှမ်းမှုရရှိပေမယ့်လည်းကလပ်နည်းပြရာထူးကိုသာရယူလိုမှုနဲ့အတူကမ်းလှမ်းမှုကိုပယ်ချလိုက်တာလည်းဖြစ်ပါတယ်။

ကွန်တီဟာတစ်နှစ်လုပ်ခပေါင်၁၅သန်းတောင်းဆိုသူဖြစ်ပြီးစပါးစ်နည်းပြရာထူးအတွက်ကမ်းလှမ်းခံရစဉ်ကလည်းမြင့်မားတဲ့လုပ်ခတောင်းဆိုမှု၊အပြောင်းအရွှေ့စရိတ်ပေါင်သန်း၁၀၀ တောင်းဆိုမှုတို့ကြောင့်ငြင်းပယ်ခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ႏိုင္ငံတကာေဘာလုံးေလာကသို႔ ျပန္ဝင္ႏိုင္မယ့္အခြင့္အေရးကို ကြန္တီပယ္ခ်ခဲ့

အန္တိုနီယိုကြန္တီဟာနယ္သာလန္အသင္းနည္းျပရာထူးအတြက္ကမ္းလွမ္းလာမႈအားပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။နယ္သာလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွာခ်က္ကိုရႈံးနိမ့္ကာထြက္ခြာခဲ့ရၿပီးေနာက္နည္းျပဖရန႔္ဒီဘိုးဝါးထြက္ခြာသြားမႈေၾကာင့္နည္းျပလက္မဲ့ျဖစ္ေနပါတယ္။

ကြန္တီဟာအီတလီအသင္းကို၂၀၁၄ခုႏွစ္မွ၂၀၁၆ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီးႏိုင္ငံတကာေဘာလုံးအေတြ႕အႀကဳံရွိသူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအင္တာမီလန္ကိုစကူဒက္တိုဖလားရရွိေအာင္ကူညီၿပီးေနာက္ႏွစ္ဦးသေဘာတူညီစာခ်ဳပ္ဖ်က္သိမ္းကာထြက္ခြာခဲ့သူျဖစ္ပါတယ္။

ကြန္တီဟာနယ္သာလန္နည္းျပရာထူးအတြက္ကမ္းလွမ္းမႈရရွိေပမယ့္လည္းကလပ္နည္းျပရာထူးကိုသာရယူလိုမႈနဲ႔အတူကမ္းလွမ္းမႈကိုပယ္ခ်လိုက္တာလည္းျဖစ္ပါတယ္။

ကြန္တီဟာတစ္ႏွစ္လုပ္ခေပါင္၁၅သန္းေတာင္းဆိုသူျဖစ္ၿပီးစပါးစ္နည္းျပရာထူးအတြက္ကမ္းလွမ္းခံရစဥ္ကလည္းျမင့္မားတဲ့လုပ္ခေတာင္းဆိုမႈ၊အေျပာင္းအေ႐ႊ႕စရိတ္ေပါင္သန္း၁၀၀ ေတာင္းဆိုမႈတို႔ေၾကာင့္ျငင္းပယ္ခံခဲ့ရသူျဖစ္ပါတယ္။