နိုင်ငံတစ်နိုင်ငံကို ပွဲအများဆုံးကိုင်တွယ်သူအဖြစ် စံချိန်ရေးထိုးထားတဲ့ ဥရုဂွေးနည်းပြတာဘာရက်ဇ်အထုတ်ခံရ

ဥရုဂွေးဟာလက်ရွေးစင်အသင်းကို၁၅နှစ်ကြာကိုင်တွယ်လာခဲ့တဲ့နည်းပြအော်စကာတာဘာရက်ဇ်ကိုရာထူးမှထုတ်ပယ်လိုက်ပါတယ်။

သူဟာနောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲလေးပွဲဆက်တိုက်ရှုံးနိမ့်ကာကာတာ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးမရေမရာဖြစ်သွားပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

တာဘာရက်ဇ်ရဲ့ဥရုဂွေးအတွက်နောက်ဆုံးပွဲက၁၀ယောက်ကျန်ဘိုလီဗီးယားကို၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲဖြစ်ပါတယ်။ယင်းရှုံးပွဲကြောင့်ဥရုဂွေးဟာအဆင့်၃နေရာမှာအဆင့်၇နေရာသို့အထိဆင်းခဲ့ရပါတယ်။

အသက်၇၄နှစ်ရှိတာဘာရက်ဇ်ဟာနိုင်ငံအသင်းတစ်သင်းကိုပွဲအများဆုံးကိုင်တွယ်သူအဖြစ်၂၂၄ပွဲဖြင့်မှတ်တမ်းတင်ထားပါတယ်။

တာဘာရက်ဇ််ဟာဥရုဂွေးအသင်းကို၁၉၈၈မှ၁၉၉၀အထိပထမအကြိမ်ကိုင်တွယ်ခဲ့ပြီးမာရာဒိုနာရဲ့အာဂျင်တီးနားကိုဖြုတ်ကာကိုပါအမေရိကဗိုလ်လုပွဲအထိပို့ဆောင်ခဲ့ပါတယ်။

သူဟာအေစီလန်၊ဘိုကာဂျူနီယာ၊ကက်ဂလီယာရီ၊ရီးရဲလ်အိုဗီဒိုတို့ကိုကိုင်တွယ်ပြီး၁၆နှစ်အကြာ၂၀၀၆ခုနှစ်တွင်ဥရုဂွေးအသင်းကိုဒုတိယအကြိမ်မြောက်အဖြစ်ကိုင်တွယ်ခဲ့ပါတယ်။

သူဟာ၂၀၁၀ကမ္ဘာ့ဖလားတွင်ဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့တဲ့အပြင်၂၀၁၁ခုနှစ်တွင်ကိုပါအမေရိကဖလားရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဥရုဂွေးဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ်ပွဲစဉ်များအဖြစ်အဆင့်၅နှင့်အဆင့်၆နေရာတွင်ရပ်တည်နေတဲ့ပီရူး၊ချီလီတို့အပြင် ဗီနီဇွဲလား၊ပါရာဂွေးတို့နှင့်ရင်ဆိုင်ရပါမယ်။

တကယ်လို့များဥရုဂွေးသာခြေစစ်ပွဲကျခဲ့ရင်၂၀၀၆ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲကျမှုဖြစ်လာပါမယ်။

ZawGyi

ႏိုင္ငံတစ္ႏိုင္ငံကို ပြဲအမ်ားဆုံးကိုင္တြယ္သူအျဖစ္ စံခ်ိန္ေရးထိုးထားတဲ့ ဥ႐ုေဂြးနည္းျပတာဘာရက္ဇ္အထုတ္ခံရ

ဥ႐ုေဂြးဟာလက္ေ႐ြးစင္အသင္းကို၁၅ႏွစ္ၾကာကိုင္တြယ္လာခဲ့တဲ့နည္းျပေအာ္စကာတာဘာရက္ဇ္ကိုရာထူးမွထုတ္ပယ္လိုက္ပါတယ္။

သူဟာေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲေလးပြဲဆက္တိုက္ရႈံးနိမ့္ကာကာတာ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးမေရမရာျဖစ္သြားၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

တာဘာရက္ဇ္ရဲ႕ဥ႐ုေဂြးအတြက္ေနာက္ဆုံးပြဲက၁၀ေယာက္က်န္ဘိုလီဗီးယားကို၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲျဖစ္ပါတယ္။ယင္းရႈံးပြဲေၾကာင့္ဥ႐ုေဂြးဟာအဆင့္၃ေနရာမွာအဆင့္၇ေနရာသို႔အထိဆင္းခဲ့ရပါတယ္။

အသက္၇၄ႏွစ္ရွိတာဘာရက္ဇ္ဟာႏိုင္ငံအသင္းတစ္သင္းကိုပြဲအမ်ားဆုံးကိုင္တြယ္သူအျဖစ္၂၂၄ပြဲျဖင့္မွတ္တမ္းတင္ထားပါတယ္။

တာဘာရက္ဇ္္ဟာဥ႐ုေဂြးအသင္းကို၁၉၈၈မွ၁၉၉၀အထိပထမအႀကိမ္ကိုင္တြယ္ခဲ့ၿပီးမာရာဒိုနာရဲ႕အာဂ်င္တီးနားကိုျဖဳတ္ကာကိုပါအေမရိကဗိုလ္လုပြဲအထိပို႔ေဆာင္ခဲ့ပါတယ္။

သူဟာေအစီလန္၊ဘိုကာဂ်ဴနီယာ၊ကက္ဂလီယာရီ၊ရီးရဲလ္အိုဗီဒိုတို႔ကိုကိုင္တြယ္ၿပီး၁၆ႏွစ္အၾကာ၂၀၀၆ခုႏွစ္တြင္ဥ႐ုေဂြးအသင္းကိုဒုတိယအႀကိမ္ေျမာက္အျဖစ္ကိုင္တြယ္ခဲ့ပါတယ္။

သူဟာ၂၀၁၀ကမာၻ႔ဖလားတြင္ဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့တဲ့အျပင္၂၀၁၁ခုႏွစ္တြင္ကိုပါအေမရိကဖလားရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဥ႐ုေဂြးဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေရးအဆုံးအျဖတ္ပြဲစဥ္မ်ားအျဖစ္အဆင့္၅ႏွင့္အဆင့္၆ေနရာတြင္ရပ္တည္ေနတဲ့ပီ႐ူး၊ခ်ီလီတို႔အျပင္ ဗီနီဇြဲလား၊ပါရာေဂြးတို႔ႏွင့္ရင္ဆိုင္ရပါမယ္။

တကယ္လို႔မ်ားဥ႐ုေဂြးသာေျခစစ္ပြဲက်ခဲ့ရင္၂၀၀၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလားေျခစစ္ပြဲက်မႈျဖစ္လာပါမယ္။