နိုင်ငံတော်သပိတ်ကြောင့် ကိုပါအမေရိကပူးတွဲအိမ်ရှင်အဖြစ်မှ ကိုလံဘီယာဖယ်ရှားခံရ

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာကိုလံဘီယာကို၂၀၂၁ကိုပါအမေရိကဖလားပြိုင်ပွဲပူးတွဲအိမ်ရှင်အဖြစ်မှဖယ်ရှားလိုက်ပါတယ်။

ကိုလံဘီယာဟာ၂၀၂၁ကိုပါအမေရိကအမေရိကဖလားပြိုင်ပွဲအားပူးတွဲအိမ်ရှင်အဖြစ်ကျင်းပရန်အာဂျင်တီးနားနှင့်ရွေးချယ်ခြင်းခံထားရပါတယ်။၎င်းတို့ဟာဇူလိုင်လ၁၀ရက်နေ့တွင်ကစားမယ့်ဗိုလ်လုပွဲကိုလည်းလက်ခံကျင်းပရန်ရွေးချယ်ခံထားရပါတယ်။

ဒါပေမယ့်ကိုလံဘီယာနိုင်ငံအတွင်းတွင်ပြည်သူများသပိတ်မှောက်ဆန္ဒပြမှုများဖြစ်ပွားနေမှုနဲ့အတူကိုလံဘီယာအစိုးရကပြိုင်ပွဲကိုနိုဝင်ဘာသို့ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ယင်းကိုတောင်အမေရကိဘောလုံးအဖွဲ့ချုပ်ကလက်ခံရန်မဖြစ်နိုင်တာကြောင့်ကိုလံဘီယာကိုပူးတွဲအိမ်ရှင်အဖြစ်မှဖယ်ရှားရန်ဆုံးဖြတ်လိုက်ပါတယ်။

ကိုလံဘီယာပြည်သူများဟာဧပြီလနှောင်းပိုင်းတုန်းကသမ္မတအိုင်ဗန်ဒူကေးကအခွန်စနစ်နှင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြောင်းလဲမှုပြုလုပ်မယ်လို့ကြေညာပြီးနောက်သုံးပတ်ဆက်တိုက်အကြီးအကျယ်ဆန္ဒပြမှုပြုလုပ်လာကြပါတယ်။

သပိတ်မှောက်ပြည်သူများနှင့်ရဲတပ်ဖွဲ့အကြားတိုက်ခိုက်မှုများဖြစ်ပွားကလူလေးဆယ်ကျော်အထိသေဆုံးထားပြီးပြီဖြစ်ကြောင်းလူ့အခွင့်အရေးစောင့်ကြည့်သူများကဆိုပါတယ်။နောက်ပိုင်းတွင်ပြည်သူများနှင့်ရဲတပ်ဖွဲ့အကြားတင်းမာမှုမှာပိုမိုပြင်းထန်လာပြီးဒေသခံအုပ်စုများကနိုင်ငံတလွှားတိုက်ခိုက်ခြင်း၊ဖျက်ဆီးခြင်းတို့ပြုလုပ်လာခဲ့ကြပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာကိုလံဘီယာရဲ့နေရာတွင်မည်သည့်နိုင်ငံကိုအစားထိုးကျင်းပသွားမယ်ဆိုတာမကြေညာသေးပါဘူး။၎င်းတို့ဟာအာဂျင်တီးနားတွင်ပင်ပြိုင်ပွဲတစ်ခုလုံးကျင်းပရန်စဉ်းစားထားသလိုချီလီနှင့်ပါရာဂွေးတို့ကလည်းပူးတွဲအိမ်ရှင်များအဖြစ်ကျင်းပရန်စိတ်ဝင်စားနေပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲကိုဇွန်လ၁၃ရက်နေ့တွင်စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ယင်းပြိုင်ပွဲမှာတောင်အမေရိကနိုင်ငံများနှင့်ဧည့်သည်အသင်းများအဖြစ်ဩစတြေးလျနှင့်ကာတာတို့ဝင်ရောက်ယှဉ်ပြိုင်သွားပါမယ်။အသင်းငါးသင်းစီကိုအုပ်စုခွဲယှဉ်ပြိုင်စေပြီးထိပ်ဆုံးလေးသင်းကကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ပါမယ်။

ZawGyi

ႏိုင္ငံေတာ္သပိတ္ေၾကာင့္ ကိုပါအေမရိကပူးတြဲအိမ္ရွင္အျဖစ္မွ ကိုလံဘီယာဖယ္ရွားခံရ

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကိုလံဘီယာကို၂၀၂၁ကိုပါအေမရိကဖလားၿပိဳင္ပြဲပူးတြဲအိမ္ရွင္အျဖစ္မွဖယ္ရွားလိုက္ပါတယ္။

ကိုလံဘီယာဟာ၂၀၂၁ကိုပါအေမရိကအေမရိကဖလားၿပိဳင္ပြဲအားပူးတြဲအိမ္ရွင္အျဖစ္က်င္းပရန္အာဂ်င္တီးနားႏွင့္ေ႐ြးခ်ယ္ျခင္းခံထားရပါတယ္။၎တို႔ဟာဇူလိုင္လ၁၀ရက္ေန႔တြင္ကစားမယ့္ဗိုလ္လုပြဲကိုလည္းလက္ခံက်င္းပရန္ေ႐ြးခ်ယ္ခံထားရပါတယ္။

ဒါေပမယ့္ကိုလံဘီယာႏိုင္ငံအတြင္းတြင္ျပည္သူမ်ားသပိတ္ေမွာက္ဆႏၵျပမႈမ်ားျဖစ္ပြားေနမႈနဲ႔အတူကိုလံဘီယာအစိုးရကၿပိဳင္ပြဲကိုႏိုဝင္ဘာသို႔ေ႐ႊ႕ဆိုင္းေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။ယင္းကိုေတာင္အေမရကိေဘာလုံးအဖြဲ႕ခ်ဳပ္ကလက္ခံရန္မျဖစ္ႏိုင္တာေၾကာင့္ကိုလံဘီယာကိုပူးတြဲအိမ္ရွင္အျဖစ္မွဖယ္ရွားရန္ဆုံးျဖတ္လိုက္ပါတယ္။

ကိုလံဘီယာျပည္သူမ်ားဟာဧၿပီလေႏွာင္းပိုင္းတုန္းကသမၼတအိုင္ဗန္ဒူေကးကအခြန္စနစ္ႏွင့္က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ေျပာင္းလဲမႈျပဳလုပ္မယ္လို႔ေၾကညာၿပီးေနာက္သုံးပတ္ဆက္တိုက္အႀကီးအက်ယ္ဆႏၵျပမႈျပဳလုပ္လာၾကပါတယ္။

သပိတ္ေမွာက္ျပည္သူမ်ားႏွင့္ရဲတပ္ဖြဲ႕အၾကားတိုက္ခိုက္မႈမ်ားျဖစ္ပြားကလူေလးဆယ္ေက်ာ္အထိေသဆုံးထားၿပီးၿပီျဖစ္ေၾကာင္းလူ႔အခြင့္အေရးေစာင့္ၾကည့္သူမ်ားကဆိုပါတယ္။ေနာက္ပိုင္းတြင္ျပည္သူမ်ားႏွင့္ရဲတပ္ဖြဲ႕အၾကားတင္းမာမႈမွာပိုမိုျပင္းထန္လာၿပီးေဒသခံအုပ္စုမ်ားကႏိုင္ငံတလႊားတိုက္ခိုက္ျခင္း၊ဖ်က္ဆီးျခင္းတို႔ျပဳလုပ္လာခဲ့ၾကပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကိုလံဘီယာရဲ႕ေနရာတြင္မည္သည့္ႏိုင္ငံကိုအစားထိုးက်င္းပသြားမယ္ဆိုတာမေၾကညာေသးပါဘူး။၎တို႔ဟာအာဂ်င္တီးနားတြင္ပင္ၿပိဳင္ပြဲတစ္ခုလုံးက်င္းပရန္စဥ္းစားထားသလိုခ်ီလီႏွင့္ပါရာေဂြးတို႔ကလည္းပူးတြဲအိမ္ရွင္မ်ားအျဖစ္က်င္းပရန္စိတ္ဝင္စားေနပါတယ္။

ကိုပါအေမရိကဖလားၿပိဳင္ပြဲကိုဇြန္လ၁၃ရက္ေန႔တြင္စတင္က်င္းပသြားမွာျဖစ္ပါတယ္။ယင္းၿပိဳင္ပြဲမွာေတာင္အေမရိကႏိုင္ငံမ်ားႏွင့္ဧည့္သည္အသင္းမ်ားအျဖစ္ဩစေၾတးလ်ႏွင့္ကာတာတို႔ဝင္ေရာက္ယွဥ္ၿပိဳင္သြားပါမယ္။အသင္းငါးသင္းစီကိုအုပ္စုခြဲယွဥ္ၿပိဳင္ေစၿပီးထိပ္ဆုံးေလးသင္းကကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ပါမယ္။