နိုင်ငံရေးသမား ပါဝင်လာမှုနှင့် မက္ကဆီကိုသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေတဲ့ လီယွန်နယ်မက်ဆီ

အကြီးအကျယ်ဒေါသထွက်နေတဲ့မက္ကဆီကိုနိုင်ငံရေးသမားတစ်ဦးဟာလီယွန်နယ်မက်ဆီကိုမက္ကဆီကိုနိုင်ငံအတွင်းသို့ဝင်ရောက်မှုပိတ်ပင်ရန်ကြိုးပမ်းလာပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားအုပ်စု(ဂ)အဖွင့်ပွဲစဉ်တွင်ဆော်ဒီကို၂-၁ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပေမဲ့လည်းမက္ကဆီကိုအား၂-ဝဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။

မက်ဆီဟာမက္ကဆီကိုအနိုင်ရတဲ့ပွဲမှာကိုယ်တိုင်တစ်ဂိုးသွင်းခဲ့သလိုကစားဖော်အန်ဇိုဖာနန်ဒက်ဇ် အနိုင်သေချာစေမဲ့ဒုတိယဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးခဲ့ပါသေးတယ်။

လီယွန်နယ်မက်ဆီဟာမက္ကဆီကိုအား၂-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးမှာမက္ကဆီကိုအသင်းခေါင်းဆောင်အင်ဒရေဂွါဒါဒိုနှင့်အင်္ကျီလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ပွဲအပြီးအဝတ်အစားလဲခန်းအတွင်းအောင်ပွဲခံချိန်မှာတော့လီယွန်နယ်မက်ဆီဟာမက္ကဆီကိုအင်္ကျီတစ်ထည်ကိုကြမ်းပြင်တွင်ပစ်ထားပြီးယင်းအင်္ကျီကိုခြေဖြင့်နင်းနေခဲ့တာလည်းတွေ့ရပါတယ်။

ဒါကြောင့်လည်းလီယွန်နယ်မက်ဆီဟာမက္ကဆီကိုအားမလေးစားမှုအတွက် မက္ကဆီကိုနိုင်ငံသားများရဲ့ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။

ယင်းအထဲမှာနိုင်ငံရေးသမားမာရီယာကလီမန့်တီမိုရီနိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။လိင်ပြောင်းလဲထားတဲ့အသက်၃၇နှစ်ရှိနိုင်ငံရေးသမားဟာလီယွန်နယ်မက်ဆီကိုမက္ကဆီကိုနိုင်ငံသို့ပြည်ဝင်ခွင့်ပိတ်ပင်တောင်းဆိုလာခဲ့ပါတယ်။

မာရီယာကလီမန့်တီမိုရီနိုဟာမက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနအားမက္ကဆီကိုအားမလေးမစားမှုအတွက်ပြည်ဝင်ခွင့်ပိတ်ပင်ရန်တောင်းဆိုမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီကိုဒေါသထွက်ခဲ့ကြတဲ့သူတွေထဲမှာလက်ဝှေ့ချန်ပီယံကာနီလိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ကန်နီလိုကမက္ကဆီကိုကိုမလေးစားတဲ့လီယွန်နယ်မက်ဆီအနေဖြင့်သူနဲ့မတွေ့ဆုံရန်ဆုတောင်းထားရန်သတိပေးထားပါတယ်။

ZawGyi

ႏိုင္ငံေရးသမား ပါဝင္လာမႈႏွင့္ မကၠဆီကိုသို႔ ျပည္ဝင္ခြင့္ပိတ္ပင္ျခင္းခံလာရဖို႔ ရွိေနတဲ့ လီယြန္နယ္မက္ဆီ

အႀကီးအက်ယ္ေဒါသထြက္ေနတဲ့မကၠဆီကိုႏိုင္ငံေရးသမားတစ္ဦးဟာလီယြန္နယ္မက္ဆီကိုမကၠဆီကိုႏိုင္ငံအတြင္းသို႔ဝင္ေရာက္မႈပိတ္ပင္ရန္ႀကိဳးပမ္းလာပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားအုပ္စု(ဂ)အဖြင့္ပြဲစဥ္တြင္ေဆာ္ဒီကို၂-၁ဂိုးျဖင့္မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ေပမဲ့လည္းမကၠဆီကိုအား၂-ဝဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။

မက္ဆီဟာမကၠဆီကိုအႏိုင္ရတဲ့ပြဲမွာကိုယ္တိုင္တစ္ဂိုးသြင္းခဲ့သလိုကစားေဖာ္အန္ဇိုဖာနန္ဒက္ဇ္ အႏိုင္ေသခ်ာေစမဲ့ဒုတိယဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးခဲ့ပါေသးတယ္။

လီယြန္နယ္မက္ဆီဟာမကၠဆီကိုအား၂-ဝဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးမွာမကၠဆီကိုအသင္းေခါင္းေဆာင္အင္ဒေရဂြါဒါဒိုႏွင့္အက်ႌလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ပြဲအၿပီးအဝတ္အစားလဲခန္းအတြင္းေအာင္ပြဲခံခ်ိန္မွာေတာ့လီယြန္နယ္မက္ဆီဟာမကၠဆီကိုအက်ႌတစ္ထည္ကိုၾကမ္းျပင္တြင္ပစ္ထားၿပီးယင္းအက်ႌကိုေျချဖင့္နင္းေနခဲ့တာလည္းေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းလီယြန္နယ္မက္ဆီဟာမကၠဆီကိုအားမေလးစားမႈအတြက္ မကၠဆီကိုႏိုင္ငံသားမ်ားရဲ႕ေဒါသထြက္ျခင္းခံခဲ့ရပါတယ္။

ယင္းအထဲမွာႏိုင္ငံေရးသမားမာရီယာကလီမန႔္တီမိုရီႏိုလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။လိင္ေျပာင္းလဲထားတဲ့အသက္၃၇ႏွစ္ရွိႏိုင္ငံေရးသမားဟာလီယြန္နယ္မက္ဆီကိုမကၠဆီကိုႏိုင္ငံသို႔ျပည္ဝင္ခြင့္ပိတ္ပင္ေတာင္းဆိုလာခဲ့ပါတယ္။

မာရီယာကလီမန႔္တီမိုရီႏိုဟာမကၠဆီကိုႏိုင္ငံျခားေရးဝန္ႀကီးဌာနအားမကၠဆီကိုအားမေလးမစားမႈအတြက္ျပည္ဝင္ခြင့္ပိတ္ပင္ရန္ေတာင္းဆိုမႈျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

လီယြန္နယ္မက္ဆီကိုေဒါသထြက္ခဲ့ၾကတဲ့သူေတြထဲမွာလက္ေဝွ႔ခ်န္ပီယံကာနီလိုလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။ကန္နီလိုကမကၠဆီကိုကိုမေလးစားတဲ့လီယြန္နယ္မက္ဆီအေနျဖင့္သူနဲ႔မေတြ႕ဆုံရန္ဆုေတာင္းထားရန္သတိေပးထားပါတယ္။