နိုင်ငံအသင်းပြောင်းမကစားမီ သံရုံးသို့ သွားရောက်နေပြီဖြစ်တဲ့ အင်္ဂလိပ်ကစားသမား

ဆောက်ဂိတ်ဟာအင်္ဂလန်ညာနောက်ခံလူတစ်ဦးကိုအခြားနိုင်ငံတစ်ခုသို့လက်လွှတ်ရဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။အက်စတွန်ဗီလာညာနောက်ခံလူမတ်တီကက်ရှ်ဟာအင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းမခံရမှုကြောင့်ပိုလန်အသင်းကိုပြောင်းကစားနိုင်ရေးအတွက် ပိုလန်အသင်းအတွက်ကစားရန်ကြိုးပမ်းလာပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာညာနောက်ခံလူအတွက်ရွေးချယ်စရာကိုင်လီဝေါလ်ကား၊ထရန်းအလက်ဇန္ဒားအာနိုး၊ရီစီဂျိမ်းစ်နှင့်ကီရန်ထရစ်ပီယာတို့ရှိနေမှုနဲ့အတူ ဗီလာညာနောက်ခံလူအားရွေးချယ်လာခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းဗီလာညာနောက်ခံလူကက်ရှ်ဟာအင်္ဂလန်အသင်းတွင်အခွင့်အရေးမရှိမှုနဲ့အတူ ပိုလန်အသင်းအတွက်ကစားခွင့်ရရှိရေးအတွက်လုပ်ဆောင်နေခဲ့ပါတယ်။

ကက်ရှ်ရဲ့မိခင်ကပိုလန်နိုင်ငံသားဖြစ်တာကြောင့်သူဟာလည်းပိုလန်လက်ရွေးစင်အတွက်ကစားခွင့်ရှိနေပါတယ်။

ကက်ရှ်ဟာစနေနေ့တုန်းကလန်ဒန်ရှိပိုလန်သံရုံးသို့သွားရောက်ကာပိုလန်လက်ရွေးစင်အသင်းအတွက်ကစားခွင့်ရရှိရေးပတ်စ်ပို့ရရှိရန်လုပ်ဆောင်လာခဲ့ပါတယ်။

ZawGyi

ႏိုင္ငံအသင္းေျပာင္းမကစားမီ သံ႐ုံးသို႔ သြားေရာက္ေနၿပီျဖစ္တဲ့ အဂၤလိပ္ကစားသမား

ေဆာက္ဂိတ္ဟာအဂၤလန္ညာေနာက္ခံလူတစ္ဦးကိုအျခားႏိုင္ငံတစ္ခုသို႔လက္လႊတ္ရဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။အက္စတြန္ဗီလာညာေနာက္ခံလူမတ္တီကက္ရွ္ဟာအဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံရမႈေၾကာင့္ပိုလန္အသင္းကိုေျပာင္းကစားႏိုင္ေရးအတြက္ ပိုလန္အသင္းအတြက္ကစားရန္ႀကိဳးပမ္းလာပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာညာေနာက္ခံလူအတြက္ေ႐ြးခ်ယ္စရာကိုင္လီေဝါလ္ကား၊ထရန္းအလက္ဇႏၵားအာႏိုး၊ရီစီဂ်ိမ္းစ္ႏွင့္ကီရန္ထရစ္ပီယာတို႔ရွိေနမႈနဲ႔အတူ ဗီလာညာေနာက္ခံလူအားေ႐ြးခ်ယ္လာခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းဗီလာညာေနာက္ခံလူကက္ရွ္ဟာအဂၤလန္အသင္းတြင္အခြင့္အေရးမရွိမႈနဲ႔အတူ ပိုလန္အသင္းအတြက္ကစားခြင့္ရရွိေရးအတြက္လုပ္ေဆာင္ေနခဲ့ပါတယ္။

ကက္ရွ္ရဲ႕မိခင္ကပိုလန္ႏိုင္ငံသားျဖစ္တာေၾကာင့္သူဟာလည္းပိုလန္လက္ေ႐ြးစင္အတြက္ကစားခြင့္ရွိေနပါတယ္။

ကက္ရွ္ဟာစေနေန႔တုန္းကလန္ဒန္ရွိပိုလန္သံ႐ုံးသို႔သြားေရာက္ကာပိုလန္လက္ေ႐ြးစင္အသင္းအတြက္ကစားခြင့္ရရွိေရးပတ္စ္ပို႔ရရွိရန္လုပ္ေဆာင္လာခဲ့ပါတယ္။