နိုင်ငံအသင်းပြောင်းလိုက်တဲ့ မန်ယူလူငယ်ပါရမီရှင်ဟန်နီဘယ်မက်ဘရီ

မန်ယူလူငယ်ပါရမီရှင်ကစားသမားဟန်နီဘယ်မက်ဘရီဟာပြင်သစ်အသင်းမှတူနီးရှားအသင်းသို့ပြောင်းကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၁၈နှစ်ရှိအလယ်တန်းကစားသမားဟာပြင်သစ်ယူ-၁၆နှင့်ယူ-၁၇အသင်းတို့တွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ဒါပေမယ့်သူဟာပြင်သစ်လက်ရွေးစင်အသင်းတွင်ရွေးချယ်ခြင်းခံရရန်အာမခံချက်မရှိမှုနဲ့အတူတူနီးရှားလက်ရွေးစင်အသင်းမှာပြောင်းကစားတော့မှာဖြစ်ပါတယ်။

မက်ဘရီရဲ့မိဘနှစ်ပါးလုံးမှာတူနီးရှားသားများဖြစ်ရာတူနီးရှားအတွက်ကစားခွင့်ရှိနေပါတယ်။

Goal ရဲ့ဖော်ပြချက်အရမန်ယူလူငယ်ကစားသမားဟာပြင်သစ်ထက်တူနီးရှားသားလို့ကိုယ့်ကိုယ်ကိုခံစားရမှုနဲ့အတူတူနီးရှားအတွက်ပြောင်းကစားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

မက်ဘရီဟာပြင်သစ်ယူ-၁၆နှင့်ယူ-၁၇တို့ကစားခဲ့ပြီးနောက်ပြီးခဲ့တဲ့နှစ်များတွင်ပြင်သစ်ယူ-၁၈နှင့်ပြင်သစ်ယူ-၁၉တို့တွင်ရွေးချယ်ရန်ဆက်သွယ်ခံခဲ့ရသော်လည်းပယ်ချခဲ့ပြီးလည်းဖြစ်ပါတယ်။

မက်ဘရီဟာ၂၀၁၉ခုနှစ်တွင်မိုနာကိုမှမန်ယူသို့ရောက်လာသူဖြစ်ပြီးဥရောပရဲ့အလားအလာအကောင်းဆုံးလူငယ်ကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

သူဟာယခုရာသီမှာမန်ယူလူငယ်အသင်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၆ပွဲကစားပြီး၅ဂိုးသွင်းကာ၁၀ကြိမ်ဖန်တီးထားပါတယ်။

သူဟာဝုဗ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ရာသီသိမ်းပွဲရဲ့ပွဲချိန်၈၂မိနစ်မှာမာတာအစားလူစားဝင်ကစားကာမန်ယူစီနီယာအသင်းအတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာမန်ယူလူငယ်အသင်းမှာစိတ်လှုပ်ရှားဖို့ကောင်းတဲ့ရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့မှုနဲ့အတူမန်ယူ-၂၃ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ႏိုင္ငံအသင္းေျပာင္းလိုက္တဲ့ မန္ယူလူငယ္ပါရမီရွင္ဟန္နီဘယ္မက္ဘရီ

မန္ယူလူငယ္ပါရမီရွင္ကစားသမားဟန္နီဘယ္မက္ဘရီဟာျပင္သစ္အသင္းမွတူနီးရွားအသင္းသို႔ေျပာင္းကစားသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၁၈ႏွစ္ရွိအလယ္တန္းကစားသမားဟာျပင္သစ္ယူ-၁၆ႏွင့္ယူ-၁၇အသင္းတို႔တြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။ဒါေပမယ့္သူဟာျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံရရန္အာမခံခ်က္မရွိမႈနဲ႔အတူတူနီးရွားလက္ေ႐ြးစင္အသင္းမွာေျပာင္းကစားေတာ့မွာျဖစ္ပါတယ္။

မက္ဘရီရဲ႕မိဘႏွစ္ပါးလုံးမွာတူနီးရွားသားမ်ားျဖစ္ရာတူနီးရွားအတြက္ကစားခြင့္ရွိေနပါတယ္။

Goal ရဲ႕ေဖာ္ျပခ်က္အရမန္ယူလူငယ္ကစားသမားဟာျပင္သစ္ထက္တူနီးရွားသားလို႔ကိုယ့္ကိုယ္ကိုခံစားရမႈနဲ႔အတူတူနီးရွားအတြက္ေျပာင္းကစားရန္ဆုံးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

မက္ဘရီဟာျပင္သစ္ယူ-၁၆ႏွင့္ယူ-၁၇တို႔ကစားခဲ့ၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္မ်ားတြင္ျပင္သစ္ယူ-၁၈ႏွင့္ျပင္သစ္ယူ-၁၉တို႔တြင္ေ႐ြးခ်ယ္ရန္ဆက္သြယ္ခံခဲ့ရေသာ္လည္းပယ္ခ်ခဲ့ၿပီးလည္းျဖစ္ပါတယ္။

မက္ဘရီဟာ၂၀၁၉ခုႏွစ္တြင္မိုနာကိုမွမန္ယူသို႔ေရာက္လာသူျဖစ္ၿပီးဥေရာပရဲ႕အလားအလာအေကာင္းဆုံးလူငယ္ကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

သူဟာယခုရာသီမွာမန္ယူလူငယ္အသင္းအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၆ပြဲကစားၿပီး၅ဂိုးသြင္းကာ၁၀ႀကိမ္ဖန္တီးထားပါတယ္။

သူဟာဝုဗ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ရာသီသိမ္းပြဲရဲ႕ပြဲခ်ိန္၈၂မိနစ္မွာမာတာအစားလူစားဝင္ကစားကာမန္ယူစီနီယာအသင္းအတြက္ပထမဆုံးပြဲကိုကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာမန္ယူလူငယ္အသင္းမွာစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ရာသီတစ္ခုကိုပိုင္ဆိုင္ခဲ့မႈနဲ႔အတူမန္ယူ-၂၃ အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။