နိုင်ငံအသင်းအတွက် ဟက်ထရစ် ၁၀ ကြိမ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကပေါ်တူဂီကလူဇင်ဘတ်ကို၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်၅၈ကြိမ်မြောက်ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းဟက်ထရစ်ကြောင့် ဘောလုံးသမိုင်းတွင် နိုင်ငံအသင်းအတွက် ဟက်ထရစ် ၁၀ကြိမ်သွင်းနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။သူဟာယခုအခါပေါ်တူဂီအတွက်၁၈၂ပွဲကစားထားရာမှာ၁၁၅ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပြီးလက်ရွေးစင်အသင်းသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုဆက်လက် ရေးထိုးနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလူဇင်ဘတ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပင်နယ်တီကနေ ၂ဂိုးသွင်းပြီးဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီအတွက်ကျန်နှစ်ဂိုးကိုဘရူနိုဖာနန်ဒက်စ်နှင့်ပယ်ဟင်ဟာတို့ကသွင်းယူခဲ့ကြပါတယ်။

ပေါ်တူဂီဟာလူဇင်ဘတ်နိုင်ပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန်အုပ်စု(က)မှာထိပ်ဆုံးမှဆားဘီးယားထက် တစ်ပွဲလျှော့ကစားပြီးရမှတ်၁မှတ်ကွာဟကာရမှတ်၁၆မှတ်ဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

ZawGyi

ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္ ၁၀ ႀကိမ္သြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကေပၚတူဂီကလူဇင္ဘတ္ကို၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္၅၈ႀကိမ္ေျမာက္ဟက္ထရစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းဟက္ထရစ္ေၾကာင့္ ေဘာလုံးသမိုင္းတြင္ ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္ ၁၀ႀကိမ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားလည္းျဖစ္လာခဲ့ပါတယ္။သူဟာယခုအခါေပၚတူဂီအတြက္၁၈၂ပြဲကစားထားရာမွာ၁၁၅ဂိုးအထိသြင္းထားႏိုင္ၿပီျဖစ္ၿပီးလက္ေ႐ြးစင္အသင္းသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကိုဆက္လက္ ေရးထိုးေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူဇင္ဘတ္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပင္နယ္တီကေန ၂ဂိုးသြင္းၿပီးဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ေပၚတူဂီအတြက္က်န္ႏွစ္ဂိုးကိုဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ပယ္ဟင္ဟာတို႔ကသြင္းယူခဲ့ၾကပါတယ္။

ေပၚတူဂီဟာလူဇင္ဘတ္ႏိုင္ပြဲေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲဥေရာပဇုန္အုပ္စု(က)မွာထိပ္ဆုံးမွဆားဘီးယားထက္ တစ္ပြဲေလွ်ာ့ကစားၿပီးရမွတ္၁မွတ္ကြာဟကာရမွတ္၁၆မွတ္ျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။