နိုင်ငံအား ကာကွယ်စဉ် အသက်ပေးလိုက်တဲ့ ယူကရိန်းဘောလုံးသမား

ကမ္ဘာ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (FIFPro)က ယူကရိန်းဘောလုံးသမားနှစ်ဦးတို့ဟာရုရှားကကျူးကျော်စစ်ဆင်နွဲလာပြီးနောက် မိခင်နိုင်ငံအားကာကွယ်စဉ် အသက်ပေးလိုက်ရကြောင်းကြေညာလာပါတယ်။

ယူကရိန်းဟာ ဗလာဒီမာပူတင်ရဲ့ရုရှားစစ်တပ်ကျူးကျော်မှုကိုခုခံလာခဲ့တာ ၇ ရက်တိုင်တိုင်ရှိပြီး အပြစ်မဲ့ယူကရိန်းပြည်သူရာပေါင်းများစွာသေဆုံးခဲ့ရပြီးဖြစ်သလို ယူကရိန်းစစ်သည်များစွာလည်းအသက်ပေးခဲ့ရပြီးဖြစ်ပါတယ်။

ယခုအခါ ယူကရိန်းဘောလုံးသမားများဖြစ်ကြတဲ့ အသက်၂၁နှစ်ရှိဗီတာလီဆာပိုင်လိုနှင့်အသက်၂၅နှစ်ရှိဒိုင်ထရိုမာတီနန်ကိုတို့ဟာလည်း ယူကရိန်းနိုင်ငံအတွက်အသက်ပေးလိုက်ရပြီဖြစ်ပါတယ်။၎င်းတို့နှစ်ဦးဟာစစ်ပွဲတွင်သေဆုံးတဲ့ပထမဆုံးဘောလုံးသမားများလည်းဖြစ်ကြပါတယ်။

ဆာပိုလိုကယူကရိန်းတတိယတန်းကလပ် ကာပါတီလိဗ်ရဲ့လူငယ်အသင်းမှ ဂိုးသမားတစ်ဦးဖြစ်ပြီး ယူကရိန်းစစ်တပ်တွင် တင့်ကားဗိုလ်တစ်ဦးလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကမြို့တော်ကိဗ်တွင်ဖြစ်ပွားတဲ့ တိုက်ပွဲမှာအသက်ပေးလိုက်ရတာဖြစ်ပါတယ်။

သူ့ရဲ့ကလပ်ကာပါတီလိဗ်က သူ့ကိုသူရဲကောင်းတစ်ဦးအဖြစ်တင်စားဂုဏ်ပြုသွားပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူ အသက်၄၄နှစ်ရှိရိုမန်ဆာပီလိုက “ပျော်ပျော်နေတတ်တဲ့ကလေးပါ။ပူတင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားခဲ့တာ။ ကျွန်တော့်ကလေးရဲ့အသက်ကို ပူတင်ယူသွားတာ။သူကကိုယ့်နိုင်ငံကိုအရမ်းကာကွယ်ချင်တယ်။ပထမတင့်ကားထိသွားတယ်။နောက်တကြိမ်ထိပြန်တယ်။သူကရှေ့တန်းကခွာချင်နေတယ်။တတိယအဖွဲ့ကိုအကူအညီတောင်းတယ်။နောက်တော့သူ့အသက်ကိုယူမယ့်ဗုံးထိပါတော့တယ်”လို့ ပြောကြားသွားပါတယ်။

မာတီနန်ကိုမှာဒုတိယတန်းကလပ် အက်ဖ်စီဂိုစတိုမယ်မှာကစားနေတဲ့သူဖြစ်ပြီးမိခင်ဖြစ်သူနဲ့အတူ ရုရှားဗုံးထိကာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ရုရှားလေယာဉ်ကကြဲလိုက်တဲ့ဗုံးကသူတို့တိုက်ခန်းကိုထိကာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်နှင်းလွှာလျောစီးသမားယီဟန်မာလီရှီဟာလည်းပူတင်ရဲ့ရုရှားစစ်တပ်ရဲ့ကျူးကျော်မှုကိုကာကွယ်စဉ်အသက်ပေးခဲ့ရပါတယ်။သူဟာ ယူကရိန်းနှင်းလွှာလျောစီးလူငယ်လက်ရွေးစင်အသင်းမှာကစားခဲ့သူဖြစ်ပြီးလွန်ခဲ့တဲ့၂နှစ်ကတည်းကစစ်တပ်ထဲသို့ဝင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ႏိုင္ငံအား ကာကြယ္စဥ္ အသက္ေပးလိုက္တဲ့ ယူကရိန္းေဘာလုံးသမား

ကမာၻ႔ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအဖြဲ႕ခ်ဳပ္ (FIFPro)က ယူကရိန္းေဘာလုံးသမားႏွစ္ဦးတို႔ဟာ႐ုရွားကက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္ မိခင္ႏိုင္ငံအားကာကြယ္စဥ္ အသက္ေပးလိုက္ရေၾကာင္းေၾကညာလာပါတယ္။

ယူကရိန္းဟာ ဗလာဒီမာပူတင္ရဲ႕႐ုရွားစစ္တပ္က်ဴးေက်ာ္မႈကိုခုခံလာခဲ့တာ ၇ ရက္တိုင္တိုင္ရွိၿပီး အျပစ္မဲ့ယူကရိန္းျပည္သူရာေပါင္းမ်ားစြာေသဆုံးခဲ့ရၿပီးျဖစ္သလို ယူကရိန္းစစ္သည္မ်ားစြာလည္းအသက္ေပးခဲ့ရၿပီးျဖစ္ပါတယ္။

ယခုအခါ ယူကရိန္းေဘာလုံးသမားမ်ားျဖစ္ၾကတဲ့ အသက္၂၁ႏွစ္ရွိဗီတာလီဆာပိုင္လိုႏွင့္အသက္၂၅ႏွစ္ရွိဒိုင္ထ႐ိုမာတီနန္ကိုတို႔ဟာလည္း ယူကရိန္းႏိုင္ငံအတြက္အသက္ေပးလိုက္ရၿပီျဖစ္ပါတယ္။၎တို႔ႏွစ္ဦးဟာစစ္ပြဲတြင္ေသဆုံးတဲ့ပထမဆုံးေဘာလုံးသမားမ်ားလည္းျဖစ္ၾကပါတယ္။

ဆာပိုလိုကယူကရိန္းတတိယတန္းကလပ္ ကာပါတီလိဗ္ရဲ႕လူငယ္အသင္းမွ ဂိုးသမားတစ္ဦးျဖစ္ၿပီး ယူကရိန္းစစ္တပ္တြင္ တင့္ကားဗိုလ္တစ္ဦးလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကၿမိဳ႕ေတာ္ကိဗ္တြင္ျဖစ္ပြားတဲ့ တိုက္ပြဲမွာအသက္ေပးလိုက္ရတာျဖစ္ပါတယ္။

သူ႔ရဲ႕ကလပ္ကာပါတီလိဗ္က သူ႔ကိုသူရဲေကာင္းတစ္ဦးအျဖစ္တင္စားဂုဏ္ျပဳသြားပါတယ္။

သူ႔ရဲ႕ဖခင္ျဖစ္သူ အသက္၄၄ႏွစ္ရွိ႐ိုမန္ဆာပီလိုက “ေပ်ာ္ေပ်ာ္ေနတတ္တဲ့ကေလးပါ။ပူတင္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ေသဆုံးသြားခဲ့တာ။ ကြၽန္ေတာ့္ကေလးရဲ႕အသက္ကို ပူတင္ယူသြားတာ။သူကကိုယ့္ႏိုင္ငံကိုအရမ္းကာကြယ္ခ်င္တယ္။ပထမတင့္ကားထိသြားတယ္။ေနာက္တႀကိမ္ထိျပန္တယ္။သူကေရွ႕တန္းကခြာခ်င္ေနတယ္။တတိယအဖြဲ႕ကိုအကူအညီေတာင္းတယ္။ေနာက္ေတာ့သူ႔အသက္ကိုယူမယ့္ဗုံးထိပါေတာ့တယ္”လို႔ ေျပာၾကားသြားပါတယ္။

မာတီနန္ကိုမွာဒုတိယတန္းကလပ္ အက္ဖ္စီဂိုစတိုမယ္မွာကစားေနတဲ့သူျဖစ္ၿပီးမိခင္ျဖစ္သူနဲ႔အတူ ႐ုရွားဗုံးထိကာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။႐ုရွားေလယာဥ္ကႀကဲလိုက္တဲ့ဗုံးကသူတို႔တိုက္ခန္းကိုထိကာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ႏွင္းလႊာေလ်ာစီးသမားယီဟန္မာလီရွီဟာလည္းပူတင္ရဲ႕႐ုရွားစစ္တပ္ရဲ႕က်ဴးေက်ာ္မႈကိုကာကြယ္စဥ္အသက္ေပးခဲ့ရပါတယ္။သူဟာ ယူကရိန္းႏွင္းလႊာေလ်ာစီးလူငယ္လက္ေ႐ြးစင္အသင္းမွာကစားခဲ့သူျဖစ္ၿပီးလြန္ခဲ့တဲ့၂ႏွစ္ကတည္းကစစ္တပ္ထဲသို႔ဝင္ခဲ့သူျဖစ္ပါတယ္။