နိုင်ပွဲမဲ့ အင်္ဂလန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှ တစ်သင်းအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း မန်စီနီပြောကြား

အီတလီနည်းပြရောဘတ်တိုမန်စီနီကအင်္ဂလန်အသင်းမှာနေးရှင်းလိဂ်ပြိုင်ပွဲတွင်နိုင်ပွဲပျောက်ဆုံးနေပေမဲ့လည်းကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှတစ်သင်းအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်းပြောကြားလာပါတယ်။

ရောဘတ်တိုမန်စီနီရဲ့အီတလီအသင်းဟာဝင်ဘာလေကွင်းမှာကစားတဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်ကိုအနိုင်ရရှိခဲ့ပေမဲ့လည်းကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

အင်္ဂလန်မှာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်ဟာနေးရှင်းလိဂ်ပွဲ၄ပွဲကစားရာမှာနိုင်ပွဲပျောက်ဆုံးနေပြီးတန်းဆင်းရမယ့်အရေးနှင့်ကြုံတွေ့နေရပါတယ်။

ဒါပေမဲ့ယနေ့ညတွင်မီလန်တွင်အင်္ဂလန်ကိုဧည့်ခံကစားရမယ့်ပွဲမတိုင်မီမန်စီနီက “အင်္ဂလန်ကကြီးကျယ်တဲ့အသင်းတစ်သင်းအဖြစ်ရှိနေတုန်းပါ။ယူရို၂၀၂၀တုန်းကတကယ့်ကိုအသင်းကောင်းပါ။အရင်တုန်းကလည်းကြီးကျယ်တဲ့အသင်းတစ်သင်းပါ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာမီလန်တွင်အီတလီ(သို့မဟုတ်)ဝင်ဘာလေတွင်ဂျာမနီကိုအနိုင်မရရှိပါက League B သို့တန်းဆင်းရပါမယ်။

ဆက်လက်ပြီးမန်စီနီက “အင်္ဂလန်ကပါရမီရှင်တွေပြည့်နှက်နေတဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲတစ်သင်းပါ။တကယ့်ကိုကောင်းမွန်တဲ့ဟယ်ရီကိန်းအပြင်ကစားသမားကောင်းတွေအများကြီးရှိတယ်။သူ့နားမှာကွဲပြားအောင်လုပ်နိုင်တဲ့လူငယ်တွေလည်းရှိပါတယ်။ဒီတော့ကျွန်တော်တို့အတွက်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာပါမယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဂျော်ဒန်ဟင်ဒါဆင်မှာတံကောက်ကြောဒဏ်ရာကြောင့်အနားယူနေရမှုနှင့်အတူ အီတလီနှင့်ပွဲတွင်ပါဝင်နိုင်ဦးမှာမဟုတ်သေးဘဲတနင်္လာနေ့ ဂျာမနီနှင့်ပွဲတွင်မှပါဝင်နိုင်ပါမယ်။

အင်္ဂလန်အသင်းဟာအီတလီနှင့်ဂျာမနီတို့ကိုအနိုင်မရရှိပါက လာမယ့်လ၂၀၂၄ ယူရိုပြိုင်ပွဲအတွက်ခြေစစ်ပွဲအဆင့်အုပ်စုမဲခွဲမှုတွင်ဆီဒင်ရရှိလာမှာမဟုတ်ဘဲ မဲအိုး(၂)တွင်ရပ်တည်ရမယ့်အခြေအနေမျိုးနှင့်လည်းကြုံနေရပါတယ်။ အင်္ဂလန်ဟာမဲအိုး(၂)တွင်ရပ်တည်ရမည်ဆိုပါကအုပ်စုကြပ်ထဲကျရောက်ဖို့သေချာနေပါတယ်။

ZawGyi

ႏိုင္ပြဲမဲ့ အဂၤလန္မွာ ကမာၻ႔အေကာင္းဆုံးအသင္းမ်ားထဲမွ တစ္သင္းအျဖစ္ ရပ္တည္ေနဆဲျဖစ္ေၾကာင္း မန္စီနီေျပာၾကား

အီတလီနည္းျပေရာဘတ္တိုမန္စီနီကအဂၤလန္အသင္းမွာေနးရွင္းလိဂ္ၿပိဳင္ပြဲတြင္ႏိုင္ပြဲေပ်ာက္ဆုံးေနေပမဲ့လည္းကမာၻ႔အေကာင္းဆုံးအသင္းမ်ားထဲမွတစ္သင္းအျဖစ္ရပ္တည္ေနဆဲျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ေရာဘတ္တိုမန္စီနီရဲ႕အီတလီအသင္းဟာဝင္ဘာေလကြင္းမွာကစားတဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဂၤလန္ကိုအႏိုင္ရရွိခဲ့ေပမဲ့လည္းကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။

အဂၤလန္မွာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။ဒါေပမဲ့အဂၤလန္ဟာေနးရွင္းလိဂ္ပြဲ၄ပြဲကစားရာမွာႏိုင္ပြဲေပ်ာက္ဆုံးေနၿပီးတန္းဆင္းရမယ့္အေရးႏွင့္ႀကဳံေတြ႕ေနရပါတယ္။

ဒါေပမဲ့ယေန႔ညတြင္မီလန္တြင္အဂၤလန္ကိုဧည့္ခံကစားရမယ့္ပြဲမတိုင္မီမန္စီနီက “အဂၤလန္ကႀကီးက်ယ္တဲ့အသင္းတစ္သင္းအျဖစ္ရွိေနတုန္းပါ။ယူ႐ို၂၀၂၀တုန္းကတကယ့္ကိုအသင္းေကာင္းပါ။အရင္တုန္းကလည္းႀကီးက်ယ္တဲ့အသင္းတစ္သင္းပါ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာမီလန္တြင္အီတလီ(သို႔မဟုတ္)ဝင္ဘာေလတြင္ဂ်ာမနီကိုအႏိုင္မရရွိပါက League B သို႔တန္းဆင္းရပါမယ္။

ဆက္လက္ၿပီးမန္စီနီက “အဂၤလန္ကပါရမီရွင္ေတြျပည့္ႏွက္ေနတဲ့ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲတစ္သင္းပါ။တကယ့္ကိုေကာင္းမြန္တဲ့ဟယ္ရီကိန္းအျပင္ကစားသမားေကာင္းေတြအမ်ားႀကီးရွိတယ္။သူ႔နားမွာကြဲျပားေအာင္လုပ္ႏိုင္တဲ့လူငယ္ေတြလည္းရွိပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အတြက္ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ကြင္းလယ္ကစားသမားေဂ်ာ္ဒန္ဟင္ဒါဆင္မွာတံေကာက္ေၾကာဒဏ္ရာေၾကာင့္အနားယူေနရမႈႏွင့္အတူ အီတလီႏွင့္ပြဲတြင္ပါဝင္ႏိုင္ဦးမွာမဟုတ္ေသးဘဲတနလၤာေန႔ ဂ်ာမနီႏွင့္ပြဲတြင္မွပါဝင္ႏိုင္ပါမယ္။

အဂၤလန္အသင္းဟာအီတလီႏွင့္ဂ်ာမနီတို႔ကိုအႏိုင္မရရွိပါက လာမယ့္လ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲအတြက္ေျခစစ္ပြဲအဆင့္အုပ္စုမဲခြဲမႈတြင္ဆီဒင္ရရွိလာမွာမဟုတ္ဘဲ မဲအိုး(၂)တြင္ရပ္တည္ရမယ့္အေျခအေနမ်ိဳးႏွင့္လည္းႀကဳံေနရပါတယ္။ အဂၤလန္ဟာမဲအိုး(၂)တြင္ရပ္တည္ရမည္ဆိုပါကအုပ္စုၾကပ္ထဲက်ေရာက္ဖို႔ေသခ်ာေနပါတယ္။