နိုဗာရာကလပ်ဥက္ကဌ ယူရို၂သိန်းလက်ဝယ်တွေ့ရှိမှုဖြင့်စစ်ဆေးခြင်းခံနေရ

စီးရီးစီကလပ်နိုဗာရာအသင်းဥက္ကဌဟာငွေသားယူရို၂၀၀၀၀၀စစ်ဆေးတွေ့ရှိခဲ့ပြီးယင်းငွေများနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာရှင်းလင်းပြောကြားနိုင်ခြင်းမရှိရာစုံစမ်းစစ်ဆေးမှုများခံနေရပါတယ်။

မာစယ်လိုစီယန်စီဟာ၂၀၁၉ခုနှစ်ကတည်းကနိုဗာရာဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးယခုဖြစ်ရပ် ကြောင့်ရာထူးမှနုတ်ထွက်သွားခဲ့ရပါတယ်။

La Gazzetta dello Sport ရဲ့ဖော်ပြချက်အရအသက်၅၀နှစ်ရှိစီယန်စီဟာSUV ကားကိုမောင်းနှင်လာစဉ် ရက်ဂျီယိုကာလာဘရီယာတွင်ရဲတပ်ဖွဲ့ရဲ့ တားဆီးခြင်းခံခဲ့ရပြီးကားအတွင်းတွင်ယူရို၂၀၀၀၀၀ပါစာအိတ်ကိုရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ယင်းစာအိတ်ကို SUV ရဲ့အစားအသောက်ဗူးအတွင်းတွင်ဝှက်ထားပါတယ်။သူဟာယင်းငွေများနှင့်ပတ်သက်ပြီးတစ် စုံတရာရှင်းလင်းချက်ပေးနိုင်ခြင်းမရှိမှုနဲ့အတူရဲတပ်ဖွဲ့ကစတင်စစ်ဆေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။

နိုဗာရာအသင်းကမူယခုဖြစ်ရပ်မှာဥက္ကဌရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်မျှသာဖြစ်ပြီးကလပ်နှင့်တစ်စုံတစ်ရာသက်ဆိုင် ခြင်းမရှိကြောင်းကြေညာထားပါတယ်။

ZawGyi

ႏိုဗာရာကလပ္ဥကၠဌ ယူ႐ို၂သိန္းလက္ဝယ္ေတြ႕ရွိမႈျဖင့္စစ္ေဆးျခင္းခံေနရ

စီးရီးစီကလပ္ႏိုဗာရာအသင္းဥကၠဌဟာေငြသားယူ႐ို၂၀၀၀၀၀စစ္ေဆးေတြ႕ရွိခဲ့ၿပီးယင္းေငြမ်ားႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာရွင္းလင္းေျပာၾကားႏိုင္ျခင္းမရွိရာစုံစမ္းစစ္ေဆးမႈမ်ားခံေနရပါတယ္။

မာစယ္လိုစီယန္စီဟာ၂၀၁၉ခုႏွစ္ကတည္းကႏိုဗာရာဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးယခုျဖစ္ရပ္ ေၾကာင့္ရာထူးမွႏုတ္ထြက္သြားခဲ့ရပါတယ္။

La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရအသက္၅၀ႏွစ္ရွိစီယန္စီဟာSUV ကားကိုေမာင္းႏွင္လာစဥ္ ရက္ဂ်ီယိုကာလာဘရီယာတြင္ရဲတပ္ဖြဲ႕ရဲ႕ တားဆီးျခင္းခံခဲ့ရၿပီးကားအတြင္းတြင္ယူ႐ို၂၀၀၀၀၀ပါစာအိတ္ကိုရွာေဖြ ေတြ႕ရွိခဲ့ပါတယ္။

ယင္းစာအိတ္ကို SUV ရဲ႕အစားအေသာက္ဗူးအတြင္းတြင္ဝွက္ထားပါတယ္။သူဟာယင္းေငြမ်ားႏွင့္ပတ္သက္ၿပီးတစ္ စုံတရာရွင္းလင္းခ်က္ေပးႏိုင္ျခင္းမရွိမႈနဲ႔အတူရဲတပ္ဖြဲ႕ကစတင္စစ္ေဆးမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ႏိုဗာရာအသင္းကမူယခုျဖစ္ရပ္မွာဥကၠဌရဲ႕ကိုယ္ေရးကိုယ္တာကိစၥရပ္မွ်သာျဖစ္ၿပီးကလပ္ႏွင့္တစ္စုံတစ္ရာသက္ဆိုင္ ျခင္းမရွိေၾကာင္းေၾကညာထားပါတယ္။