
ဝုဗ်ဟာလီဗာပူးနှင့်ပွဲစဉ်မှ၎င်းတို့ရဲ့တတိယဂိုးကိုအသိအမှတ်မပြုဘူးလို့ဆိုခဲ့တဲ့ဂျာဂင်ကလော့ပ်ကိုတုံ့ပြန်လာပါတယ်။
ရူဘင်နီဗက်စ်ဟာမနေ့ညတုန်းကလီဗာပူးကိုဝုဗ်က၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်တတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
ပေါ်တူဂီအလယ်တန်းကစားသမားဟာတန်ပြန်တိုက်စစ်မှတဆင့်ဝုဗ်အတွက်တတိယအနိုင်ဂိုးကိုသွင်းခဲ့တာလည်းဖြစ်ပါတယ်။
ဝုဗ်ဟာလီဗာပူးရဲ့တိုက်စစ်ကိုကာလရှည်ကြာခံခဲ့ရပြီးနောက်ပထမဆုံးတိုက်စစ်ဆင်ချိန်တွင်ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးတွင်ကလော့ပ်က “တတိယဂိုးကိုတော့ကျွန်တော်အသိအမှတ်မပြုဘူး။ဘာလို့လဲဆိုတော့ဒုတိယပိုင်းတစ်ပိုင်းလုံးကွင်းလယ်ဧရိယာကိုပထမကျော်လာပြီးတော့မှရသွားခဲ့လို့ပါ”လို့ပြောကြားသွားပါတယ်။
ဝုဗ်ဟာလီဗာပူးကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင် နောက်ဆုံးပွဲရလဒ်၂-၀ဆိုပြီးရူဘင်နီဗက်စ်ရဲ့ကိုပယ်ဖျက်ထားတဲ့ဓာတ်ပုံကိုတွစ်တာတွင်တင်ကာကလော့ပ်ကိုအကြီးအကျယ်လှောင်ပြောင်သွားခဲ့ပါတယ်။
ZawGyi
နီဗက်စ်ရဲ့တတိယဂိုးကို အသိအမှတ်မပြုလို့ပြောကြားခဲ့တဲ့ ကလော့ပ်နှင့်လီဗာပူးကို ဝုဗ်လှောင်ပြောင်လာ