နုယင်ဘတ်ကို စပွန်ဆာပေးရန် ကြိုးပမ်းလာတဲ့ ဩစတြီးယားရဲ့ရင်သားအကြီးဆုံးအမျိုးသမီး

နုယင်ဘတ်အသင်းဟာOnlyFans မော်ဒယ်တစ်ဦးကအသင်းကိုစပွန်ဆာပေးရန်ကမ်းလှမ်းလာမှုကိုအပြာဆန်တယ်ဆိုပြီးပယ်ချလိုက်ပါတယ်။

ဂျက်စီဘန်နီဟာအရွယ်အစား75Nဖြင့် ဩစတြီးယားတွင်ရင်သားအကြီးဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူမဟာသူမပိုင်ဆိုင်ထားတဲ့ရွှေရင်နှစ်မြွှာနှင့်အရွယ်အစားအတွက်ဂုဏ်ယူနေသူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူမဟာယင်းရွှေရင်နှစ်မြွှာကြောင့်ပင်လိုသလိုမဖြစ်လာခဲ့ရရှာပါဘူး။

အသက်၂၁နှစ်ရှိသူမဟာဘွန်ဒက်စ်လီဂါ(၂)အသင်းနုယင်ဘတ်ကိုစပွန်ဆာပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။

ယင်းနှင့်ပတ်သက်ပြီးသူမက “နုယင်ဘတ်အမျိုးသမီးအသင်းကိုအားပေးတဲ့အနေနဲ့စပွန်ဆာပေးချင်တယ်။ဒီစီမံကိန်းကကျွန်မအတွက်ကိုယ်ရေးကိုယ်တာအရ အရမ်းအရေးကြီးပါတယ်။သူတို့အတွက်ကျွန်မဂုဏ်ယူနေခဲ့ရတာပါ”လို့ဆိုသွားပါတယ်။

ဒါပေမဲ့ကလပ်ရဲ့မတ်ကက်တင်းအဖွဲ့ကတော့သူမကိုအပြာဆန်လွန်းတယ်ဆိုပြီးစပွန်ဆာကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။

နုယင်ဘတ်အသင်းဟာဂျာမနီဒုတိယတန်းတွင်အမှတ်ပေးဇယားအဆင့်၁၁နေရာမှာရပ်နေတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာယခုရာသီမှာ၁၇ပွဲကစားထားရာမှာ၅ပွဲတည်းသာအနိုင်ရထားပါတယ်။

သူမဟာကြီးမားတဲ့ရွှေရင်နှစ်မြွှာပိုင်ဆိုင်နိုင်ဖို့အတွက်ပေါင်၅၀၀၀၀ကျော်အကုန်ကျခံကာသုံးနှစ်အတွင်းသုံးကြိမ်တိုင်တိုင်ခွဲစိတ်ပြုပြင်ထားသူလည်းဖြစ်ပါတယ်။

ဗီယင်နုအခြေစိုက်မော်ဒယ်ဟာလက်ရှိအရွယ်အစားနှင့်မကျေနပ်သေးပါဘူး။သူမဟာနောက်ထပ်ခွဲစိတ်မှုတွေပြုလုပ်ပြီးကြီးသထက်ကြီးလာအောင်လုပ်သွားပါဦးမယ်။

ZawGyi









