နူနိုတာဗာရက်စ်(သို့မဟုတ်)အာဆင်နယ်ရောက် ပေါ်တူဂီလူငယ်စတားနဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ကမီခေးလ်အာတီတာအတွက်အသင်းကိုကြီးမားတဲ့အပြောင်းအလဲလုပ်ဖို့ငွေများသုံးလာမယ့်ဈေးကွက်ဖြစ်လာဖို့ရှိပါတယ်။စပိန်လူမျိုးနည်းပြဟာကစားသမားအားဖြည့်မှုပြုလုပ်ဖို့အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၂၅၀အထိ ရရှိထားတယ်လို့သိရပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့နှစ်တွေအတွင်းမှာပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်ခြင်းမရှိမှုနဲ့အတူယခုနွေမှာကစားသမားခေါ်ယူအားဖြည့်ပြီးအပြောင်းအလဲဖို့စီစဉ်နေပါတယ်။အထူးသဖြင့်အာဆင်နယ်ဟာ၂၀၂၁-၂၂ရာသီမှာဥရောပြိုင်ပွဲကစားရဖို့မရှိမှုကိုအခွင့်ကောင်းယူကာပရီးမီးယားလိဂ်ကိုအထူးအာရုံစိုက်ဖို့စီစဉ်ထားပါတယ်။

အာဆင်နယ်အသင်းမှာအားဖြည့်ဖို့နေရာတော်တော်များများမှာလိုအပ်နေပါတယ်။အားနည်းနေတဲ့နေရာတွေထဲကတစ်ခုကတော့ဘယ်နောက်ခံလူတီယာနေးရဲ့Backup မရှိတာပါ။

အာတီတာဟာပြီးခဲ့တဲ့ရာသီတုန်းကတီယာနေးဒဏ်ရာကြောင့်အနားယူနေစဉ်အတွင်းဇာခါ၊ဆာကာ၊ဆိုအာရက်စ်တို့အားအသုံးပြုခဲ့ရပါတယ်။

ယခုအခါအာဆင်နယ်ဟာယခုနွေရာသီပထမဆုံးခေါ်ယူမှုအဖြစ်ဘင်ဖီကာမှဘယ်နောက်ခံလူနူနိုတာဗာရက်စ်အားပေါင်၇သန်းဖင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိပေါ်တူဂီဘယ်နောက်ခံလူတာဗာရက်စ်ကနာမည်ကျော်လူငယ်စတားတစ်ဦးမဟုတ်တာနဲ့အညီသူ့အကြောင်းကိုပရိသတ်တွေသိပ်မသိကြသေးပါဘူး။

တာဗာရက်စ်ဆိုသည်မှာ

(၁)လူငယ်ကစားသမားဘဝ

တာဗာရက်စ်ဟာ၂၀၁၈ခုနှစ်တုန်းးကဘင်ဖီကာ(ခ)အသင်းမှာကစားပြီးပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။သူဟာစပို့တင်းလစ္စဘွန်း၊ကာဆာပီယာ(ဒုတိယတန်းကလပ်)တို့မှာလူငယ်ကစားသမားဘဝကျင်လည်ပြီး၂၀၁၅ခုနှစ်မှာဘင်ဖီကာသို့ရောက်လာခဲ့တာပါ။သူဟာနောက်သုံးနှစ်ကြာတဲ့အချိန်မှာမှစီနီယာအသင်းသို့ရောက်ဖို့ခြေလှမ်းလှမ်းနိုင်ခဲ့တာပါ။

(၂) နေရာစုံကစားနိုင်တဲ့နောက်ခံလူ

တာဗာရက်စ်ကဘယ်နောက်ခံလူတစ်ဦးပါ။ဒါပေမယ့်မော်ဒန်ဘောလုံးသမားတစ်ဦးဖြစ်တာနဲ့အညီသူဟာနောက်တန်းမှာနေရာစုံမှာကစားနိုင်သူဖြစ်ပါတယ်။

သူဟာဘယ်သန်တစ်ဦးဆိုပေမယ့်ညာနောက်ခံလူအဖြစ်လည်းဘင်ဖီကာမှာကစားခဲ့ရပါတယ်။သူဟာအရပ်၆ပေအမြင့်ရှိတာကြောင့်ဗဟိုနောက်ခံလူအဖြစ်ပါကစားခိုင်းလို့ရပါသေးတယ်။

(၃)ပေါ်တူဂီလက်ရွေးစင်လူငယ်အသင်းများမှာကစားခဲ့

သူဟာပေါ်တူဂီယူ-၁၈နှင့်ယူ-၁၉အသင်းတို့အတွက်၂၂ပွဲကစားခဲ့ပြီး၂၀၁၉ခုနှစ်မှစတင်ကာပေါ်တူဂီယူ-၂၁အသင်းမှာကစားလာခဲ့ပါတယ်။

သူဟာတစ်နေ့မှာပေါ်တူဂီစီနီယာအသင်းသို့တက်လှမ်းနိုင်မယ့်သူအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ဒါပေမယ့်လက်ရှိအချိန်မှာတော့သူဟာပေါ်တူဂီအသင်းကြီးမှာနေရာရဖို့အတွက်ရာဖေးလ်ဂွါရဲရိုး၊နူနိုမန်ဒက်စ်တို့နဲ့တိုက်ပွဲဝင်ဖို့ဆိုတာခက်ခဲနေပါတယ်။

ဒါပေမယ့်တကယ်လို့များသူ့အနေနဲ့ပေါ်တူဂီမှာကစားဖို့မဖြစ်နိုင်ဘူးဆိုရင်လည်းကိတ်ဗာဒီလက်ရွေးစင်အသင်းမှာကစားဖို့ရွေးချယ်နိုင်ပါသေးတယ်။

(၄)တိုက်စစ်အားသန်သူ

မီခေးလ်အာတီတာအတွက်ထရီဗက်စ်နဲ့ပတ်သက်ပြီးကျေနပ်စရာအကောင်းဆုံးဖြစ်နိုင်တာကတော့တိုက်စစ်ပိုင်းအားသန်တာဖြစ်ပါတယ်။

သူကဘောလုံးအထိန်းအသိမ်းသလိုဘောလုံးနဲ့တပါတည်းဆွဲပြေးဖို့ဘယ်တော့မှနောက်မတွန့်တဲ့ကစားသမားလည်းဖြစ်ပါတယ်။သူဟာဘင်ဖီကာအတွက်၂၄ပွဲကစားထားရာမှာ၆ကြိမ်အထိဖန်တီးထားနိုင်မှုကသူ့ရဲ့တိုက်စစ်ပိုင်းပံ့ပိုးနိုင်မှုကိုမြင်တွေ့နိုင်ပါတယ်။

ZawGyi

ႏူႏိုတာဗာရက္စ္(သို႔မဟုတ္)အာဆင္နယ္ေရာက္ ေပၚတူဂီလူငယ္စတားနဲ႔ပတ္သက္ၿပီး သိထားသင့္သမွ်

ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကမီေခးလ္အာတီတာအတြက္အသင္းကိုႀကီးမားတဲ့အေျပာင္းအလဲလုပ္ဖို႔ေငြမ်ားသုံးလာမယ့္ေဈးကြက္ျဖစ္လာဖို႔ရွိပါတယ္။စပိန္လူမ်ိဳးနည္းျပဟာကစားသမားအားျဖည့္မႈျပဳလုပ္ဖို႔အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၂၅၀အထိ ရရွိထားတယ္လို႔သိရပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္ျခင္းမရွိမႈနဲ႔အတူယခုေႏြမွာကစားသမားေခၚယူအားျဖည့္ၿပီးအေျပာင္းအလဲဖို႔စီစဥ္ေနပါတယ္။အထူးသျဖင့္အာဆင္နယ္ဟာ၂၀၂၁-၂၂ရာသီမွာဥေရာၿပိဳင္ပြဲကစားရဖို႔မရွိမႈကိုအခြင့္ေကာင္းယူကာပရီးမီးယားလိဂ္ကိုအထူးအာ႐ုံစိုက္ဖို႔စီစဥ္ထားပါတယ္။

အာဆင္နယ္အသင္းမွာအားျဖည့္ဖို႔ေနရာေတာ္ေတာ္မ်ားမ်ားမွာလိုအပ္ေနပါတယ္။အားနည္းေနတဲ့ေနရာေတြထဲကတစ္ခုကေတာ့ဘယ္ေနာက္ခံလူတီယာေနးရဲ႕Backup မရွိတာပါ။

အာတီတာဟာၿပီးခဲ့တဲ့ရာသီတုန္းကတီယာေနးဒဏ္ရာေၾကာင့္အနားယူေနစဥ္အတြင္းဇာခါ၊ဆာကာ၊ဆိုအာရက္စ္တို႔အားအသုံးျပဳခဲ့ရပါတယ္။

ယခုအခါအာဆင္နယ္ဟာယခုေႏြရာသီပထမဆုံးေခၚယူမႈအျဖစ္ဘင္ဖီကာမွဘယ္ေနာက္ခံလူႏူႏိုတာဗာရက္စ္အားေပါင္၇သန္းဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိေပၚတူဂီဘယ္ေနာက္ခံလူတာဗာရက္စ္ကနာမည္ေက်ာ္လူငယ္စတားတစ္ဦးမဟုတ္တာနဲ႔အညီသူ႔အေၾကာင္းကိုပရိသတ္ေတြသိပ္မသိၾကေသးပါဘူး။

တာဗာရက္စ္ဆိုသည္မွာ

(၁)လူငယ္ကစားသမားဘဝ

တာဗာရက္စ္ဟာ၂၀၁၈ခုႏွစ္တုန္းးကဘင္ဖီကာ(ခ)အသင္းမွာကစားၿပီးပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုစတင္ခဲ့ပါတယ္။သူဟာစပို႔တင္းလစၥဘြန္း၊ကာဆာပီယာ(ဒုတိယတန္းကလပ္)တို႔မွာလူငယ္ကစားသမားဘဝက်င္လည္ၿပီး၂၀၁၅ခုႏွစ္မွာဘင္ဖီကာသို႔ေရာက္လာခဲ့တာပါ။သူဟာေနာက္သုံးႏွစ္ၾကာတဲ့အခ်ိန္မွာမွစီနီယာအသင္းသို႔ေရာက္ဖို႔ေျခလွမ္းလွမ္းႏိုင္ခဲ့တာပါ။

(၂) ေနရာစုံကစားႏိုင္တဲ့ေနာက္ခံလူ

တာဗာရက္စ္ကဘယ္ေနာက္ခံလူတစ္ဦးပါ။ဒါေပမယ့္ေမာ္ဒန္ေဘာလုံးသမားတစ္ဦးျဖစ္တာနဲ႔အညီသူဟာေနာက္တန္းမွာေနရာစုံမွာကစားႏိုင္သူျဖစ္ပါတယ္။

သူဟာဘယ္သန္တစ္ဦးဆိုေပမယ့္ညာေနာက္ခံလူအျဖစ္လည္းဘင္ဖီကာမွာကစားခဲ့ရပါတယ္။သူဟာအရပ္၆ေပအျမင့္ရွိတာေၾကာင့္ဗဟိုေနာက္ခံလူအျဖစ္ပါကစားခိုင္းလို႔ရပါေသးတယ္။

(၃)ေပၚတူဂီလက္ေ႐ြးစင္လူငယ္အသင္းမ်ားမွာကစားခဲ့

သူဟာေပၚတူဂီယူ-၁၈ႏွင့္ယူ-၁၉အသင္းတို႔အတြက္၂၂ပြဲကစားခဲ့ၿပီး၂၀၁၉ခုႏွစ္မွစတင္ကာေပၚတူဂီယူ-၂၁အသင္းမွာကစားလာခဲ့ပါတယ္။

သူဟာတစ္ေန႔မွာေပၚတူဂီစီနီယာအသင္းသို႔တက္လွမ္းႏိုင္မယ့္သူအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။ဒါေပမယ့္လက္ရွိအခ်ိန္မွာေတာ့သူဟာေပၚတူဂီအသင္းႀကီးမွာေနရာရဖို႔အတြက္ရာေဖးလ္ဂြါရဲ႐ိုး၊ႏူႏိုမန္ဒက္စ္တို႔နဲ႔တိုက္ပြဲဝင္ဖို႔ဆိုတာခက္ခဲေနပါတယ္။

ဒါေပမယ့္တကယ္လို႔မ်ားသူ႔အေနနဲ႔ေပၚတူဂီမွာကစားဖို႔မျဖစ္ႏိုင္ဘူးဆိုရင္လည္းကိတ္ဗာဒီလက္ေ႐ြးစင္အသင္းမွာကစားဖို႔ေ႐ြးခ်ယ္ႏိုင္ပါေသးတယ္။

(၄)တိုက္စစ္အားသန္သူ

မီေခးလ္အာတီတာအတြက္ထရီဗက္စ္နဲ႔ပတ္သက္ၿပီးေက်နပ္စရာအေကာင္းဆုံးျဖစ္ႏိုင္တာကေတာ့တိုက္စစ္ပိုင္းအားသန္တာျဖစ္ပါတယ္။

သူကေဘာလုံးအထိန္းအသိမ္းသလိုေဘာလုံးနဲ႔တပါတည္းဆြဲေျပးဖို႔ဘယ္ေတာ့မွေနာက္မတြန႔္တဲ့ကစားသမားလည္းျဖစ္ပါတယ္။သူဟာဘင္ဖီကာအတြက္၂၄ပြဲကစားထားရာမွာ၆ႀကိမ္အထိဖန္တီးထားႏိုင္မႈကသူ႔ရဲ႕တိုက္စစ္ပိုင္းပံ့ပိုးႏိုင္မႈကိုျမင္ေတြ႕ႏိုင္ပါတယ္။