နူနိုရဲ့ဖြစ်ရပ်ကြောင့် ကွင်းဘေးတွင် နည်းပြများကို အင်တာဗျူးတဲ့ စနစ်ကို ဖယ်ရှားဖွယ်ရှိ

ပရီးမီးယားလိဂ်ကလပ်များနှင့်ရုပ်သံကုမ္ပဏီတို့ဟာနည်းပြ(သို့မဟုတ်)ကစားသမားတို့မှာတိုက်ခိုက်မှုကြုံလာရနိုင်တဲ့အခြေအနေကြောင့်ပွဲအပြီးအင်တာဗျူးအစီအစဉ်အားကွင်းဘေးစည်းတွင်ပြုလုပ်တဲ့စနစ်ကိုဖယ်ရှားလိုနေပါတယ်။

တနင်္ဂနွေနေ့တုန်းကမြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးတွင်စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တို့စ်အားအာဆင်နယ်ပရိသတ်များကိုကြမ်းတမ်းစွာဆဲဆိုတိုက်ခိုက်နေမှုကြောင့် အင်တာဗျူးပြုလုပ်မှုကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။

ပွဲပြီးအင်တာဗျူးစနစ်အားကွင်းဘေးစည်းနားတွင်ပြုလုပ်မှုမှာကိုဗစ်ကြောင့် ရောဂါပျံ့ပွားမှုကိုတားဆီးရန်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ထိုစဉ်ကကွင်းအတွင်းပရိသတ်မရှိမှုနဲ့အတူယင်းစနစ်မှာအဆင်ပြေနေပါတယ်။

ဒါပေမယ့်ယခုရာသီတွင်ကွင်းအတွင်းပရိသတ်များလာရောက်ကြည့်နိုင်မှုနဲ့အတူယင်းစနစ်မှာအဆင်မပြေဖြစ်နေပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ကလပ်များနှင့်ရုပ်သံရိုက်ကူးရေးသမားတို့ဟာယခင်ကဲ့သို့ကွင်းအတွင်းဥမင်လှိုဏ်ခေါင်း(သို့မဟုတ်)ကွင်းအတွင်းတစ်နေရာတွင်သာပြုလုပ်လာလိုနေပါတယ်။

ZawGyi





