နူအာကိုလေးစားလွန်းလို့ ဂျာမနီအင်္ကျီကို ဘောင်ကွပ်သိမ်းထားမယ့် အင်္ဂလန်ဂိုးသမား

ဂျော်ဒန်ပစ်ဖို့ဒ်ကဂျာမနီအားအနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင်ဂျာမနီဂိုးသမားနူအလက်မှတ်ထိုးထားတဲ့အင်္ကျီရယူနိုင်ခဲ့ပြီးဘောင်ကွပ်ကာအမှတ်တရသိမ်းဆည်းထားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

အင်္ဂလန်ဟာအင်္ဂါနေ့တုန်းကဝင်ဘာလေကွင်းတွင်ဂျာမနီကိုစတာလင်း၊ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးနဲ့၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ဟာဂျာမနီနှင့်ပွဲတွင်ဂိုးမပေးခဲ့ရပြီးတဲ့နောက်ယူရိုပြိုင်ပွဲလေးပွဲဆက်ဂိုးမပေးထားရတဲ့မှတ်တမ်းကောင်းရရှိထားပါတယ်။

ပစ်ဖို့ဒ်က “ပွဲမတိုင်ခင်တုန်းကပြောထားသလိုဘဲကျွန်တော်လုပ်နိုင်ခဲ့ပါတယ်။နူအာရဲ့အင်္ကျီနဲ့လက်မှတ်ရယူနိုင်ခဲ့ပါတယ်။ဘောင်ကွပ်ပြီးသိမ်းထားပါမယ်။သူကကျွန်တော့်ကိုဂုဏ်လည်းပြုခဲ့ပါတယ်။ရလဒ်ကောင်းတွေရပါစေလို့လည်းဆုတောင်းပေးခဲ့ပါတယ်။အရှုံးကြောင့်သူစိတ်ပျက်ကောင်းစိတ်ပျက်နေပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ႏူအာကိုေလးစားလြန္းလို႔ဂ်ာမနီအက်ႌကို ေဘာင္ကြပ္သိမ္းထားမယ့္ အဂၤလန္ဂိုးသမား

ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ကဂ်ာမနီအားအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အၿပီးတြင္ဂ်ာမနီဂိုးသမားႏူအလက္မွတ္ထိုးထားတဲ့အက်ႌရယူႏိုင္ခဲ့ၿပီးေဘာင္ကြပ္ကာအမွတ္တရသိမ္းဆည္းထားမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

အဂၤလန္ဟာအဂၤါေန႔တုန္းကဝင္ဘာေလကြင္းတြင္ဂ်ာမနီကိုစတာလင္း၊ဟယ္ရီကိန္းတို႔ရဲ႕သြင္းဂိုးနဲ႔၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ဟာဂ်ာမနီႏွင့္ပြဲတြင္ဂိုးမေပးခဲ့ရၿပီးတဲ့ေနာက္ယူ႐ိုၿပိဳင္ပြဲေလးပြဲဆက္ဂိုးမေပးထားရတဲ့မွတ္တမ္းေကာင္းရရွိထားပါတယ္။

ပစ္ဖို႔ဒ္က “ပြဲမတိုင္ခင္တုန္းကေျပာထားသလိုဘဲကြၽန္ေတာ္လုပ္ႏိုင္ခဲ့ပါတယ္။ႏူအာရဲ႕အက်ႌနဲ႔လက္မွတ္ရယူႏိုင္ခဲ့ပါတယ္။ေဘာင္ကြပ္ၿပီးသိမ္းထားပါမယ္။သူကကြၽန္ေတာ့္ကိုဂုဏ္လည္းျပဳခဲ့ပါတယ္။ရလဒ္ေကာင္းေတြရပါေစလို႔လည္းဆုေတာင္းေပးခဲ့ပါတယ္။အရႈံးေၾကာင့္သူစိတ္ပ်က္ေကာင္းစိတ္ပ်က္ေနပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။