နူးကမ့်ကွင်းကို တိုးချဲ့တည်ဆောက်ရန် တစ်နှစ်ကြာ နူးကမ့်နဲ့ဝေးရမယ့်အပြင် ငွေပေါင် ၁ ဘီလီယံကျော်လိုနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာနူးကမ့်ကွင်းကိုပရိသတ်တစ်သိန်းတစ်သောင်းကျော်ဆန့်ကွင်းအဖြစ်တိုးချဲ့တည်ဆောက်မှုပြုလုပ်ရန်အတွက်နူးကမ့်ကွင်းအားအသုံးမပြုဘဲတစ်နှစ်ကြာနေရမှာဖြစ်ကြောင်းသိရပါတယ်။တစ်ဖက်တွင်ဘာစီလိုနာဟာနူးကမ့်ကွင်းကိုတိုးချဲ့တည်ဆောက်ဖို့အတွက်ချေးငွေပေါင်၁.၂၇ဘီလီယံလိုအပ်နေပါတယ်။

ဘာစီလိုနာဟာနူးကမ့်ကွင်းအားတိုးချဲ့တည်ဆောက်ရေးကို၂၀၂၂ခုနှစ်တွင်စတင်ရန်စီစဉ်ထားခဲ့ပြီးတည်ဆောက်မှုလုံးဝအပြီးသတ်ရန်လေးနှစ်အထိအချိန်ယူရပါမယ်။

ဘာစီလိုနာဟာနူးကမ့်ကိုခုံ၁၁၀၀၀တိုးချဲ့တည်ဆောက်ရန်စီစဉ်ထားတာဖြစ်ပြီးတိုးချဲ့တည်ဆောက်မှုကြောင့်ပရိသတ်၁၁၀၀၀၀အထိရှိလာပါမယ်။တစ်ဖက်တွင်ဘာစီလိုနာဟာပြတိုက်၊ကလပ်စတိုးတို့ကိုလည်းပြုပြင်မွမ်းမံတည်ဆောက်မှုပြုလုပ်သွားပါမယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံဆုံနေရမှုနဲ့အတူကွင်းကိုတိုးချဲ့ပြုပြင်တည်ဆောက်ရန်ငွေကြေးများစွာလိုအပ်နေပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာဟာနူးကမ့်အားတိုးချဲ့တည်ဆောက်ရန်ချေးငွေပေါင်၁.၂၇ဘီလီယံရရှိရေးအတွက် Goldman Sachs နှင့်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာဘုတ်အဖွဲ့များအကြားသဘောတူညီမှုရရှိရန်လိုအပ်နေပါသေးတယ်။

ဘာစီလိုနာဟာနူးကမ့်ကွင်းကိုတိုးချဲ့ပြုပြင်တည်ဆောက်နေစဉ်အတွင်း အမျိုးသမီးဘောလုံးအသင်းကအိမ်ကွင်းအဖြစ်အသုံးပြုနေတဲ့ ဂျိုဟန်ခရိုက်ဖ်ကွင်းကိုအိမ်ကွင်းအဖြစ်ပြောင်းလဲအသုံးပြုသွားနိုင်ပါတယ်။ဘာစီလိုနာအတွက်အခြားရွေးချယ်စရာနေဖြင့်၁၉၉၂အိုလံပစ်ပြိုင်ပွဲအဖွင့်ပွဲအဖြစ်အသုံးပြုခဲ့ဖူးတဲ့ Montjuic Stadium ကိုလည်းသုံးရန်ရွေးချယ်နိုင်ပါတယ်။ယင်းကွင်းကိုဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက်အက်စ်ပန်ညိုက၂၀၀၉ခုနှစ်အထိအိမ်ကွင်းအဖြစ်သုံးခဲ့ဖူးပါတယ်။

ZawGyi

ႏူးကမ့္ကြင္းကို တိုးခ်ဲ႕တည္ေဆာက္ရန္ တစ္ႏွစ္ၾကာ ႏူးကမ့္နဲ႔ေဝးရမယ့္အျပင္ ေငြေပါင္ ၁ ဘီလီယံေက်ာ္လိုေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာႏူးကမ့္ကြင္းကိုပရိသတ္တစ္သိန္းတစ္ေသာင္းေက်ာ္ဆန႔္ကြင္းအျဖစ္တိုးခ်ဲ႕တည္ေဆာက္မႈျပဳလုပ္ရန္အတြက္ႏူးကမ့္ကြင္းအားအသုံးမျပဳဘဲတစ္ႏွစ္ၾကာေနရမွာျဖစ္ေၾကာင္းသိရပါတယ္။တစ္ဖက္တြင္ဘာစီလိုနာဟာႏူးကမ့္ကြင္းကိုတိုးခ်ဲ႕တည္ေဆာက္ဖို႔အတြက္ေခ်းေငြေပါင္၁.၂၇ဘီလီယံလိုအပ္ေနပါတယ္။

ဘာစီလိုနာဟာႏူးကမ့္ကြင္းအားတိုးခ်ဲ႕တည္ေဆာက္ေရးကို၂၀၂၂ခုႏွစ္တြင္စတင္ရန္စီစဥ္ထားခဲ့ၿပီးတည္ေဆာက္မႈလုံးဝအၿပီးသတ္ရန္ေလးႏွစ္အထိအခ်ိန္ယူရပါမယ္။

ဘာစီလိုနာဟာႏူးကမ့္ကိုခုံ၁၁၀၀၀တိုးခ်ဲ႕တည္ေဆာက္ရန္စီစဥ္ထားတာျဖစ္ၿပီးတိုးခ်ဲ႕တည္ေဆာက္မႈေၾကာင့္ပရိသတ္၁၁၀၀၀၀အထိရွိလာပါမယ္။တစ္ဖက္တြင္ဘာစီလိုနာဟာျပတိုက္၊ကလပ္စတိုးတို႔ကိုလည္းျပဳျပင္မြမ္းမံတည္ေဆာက္မႈျပဳလုပ္သြားပါမယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံဆုံေနရမႈနဲ႔အတူကြင္းကိုတိုးခ်ဲ႕ျပဳျပင္တည္ေဆာက္ရန္ေငြေၾကးမ်ားစြာလိုအပ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာဟာႏူးကမ့္အားတိုးခ်ဲ႕တည္ေဆာက္ရန္ေခ်းေငြေပါင္၁.၂၇ဘီလီယံရရွိေရးအတြက္ Goldman Sachs ႏွင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာဘုတ္အဖြဲ႕မ်ားအၾကားသေဘာတူညီမႈရရွိရန္လိုအပ္ေနပါေသးတယ္။

ဘာစီလိုနာဟာႏူးကမ့္ကြင္းကိုတိုးခ်ဲ႕ျပဳျပင္တည္ေဆာက္ေနစဥ္အတြင္း အမ်ိဳးသမီးေဘာလုံးအသင္းကအိမ္ကြင္းအျဖစ္အသုံးျပဳေနတဲ့ ဂ်ိဳဟန္ခ႐ိုက္ဖ္ကြင္းကိုအိမ္ကြင္းအျဖစ္ေျပာင္းလဲအသုံးျပဳသြားႏိုင္ပါတယ္။ဘာစီလိုနာအတြက္အျခားေ႐ြးခ်ယ္စရာေနျဖင့္၁၉၉၂အိုလံပစ္ၿပိဳင္ပြဲအဖြင့္ပြဲအျဖစ္အသုံးျပဳခဲ့ဖူးတဲ့ Montjuic Stadium ကိုလည္းသုံးရန္ေ႐ြးခ်ယ္ႏိုင္ပါတယ္။ယင္းကြင္းကိုဘာစီလိုနာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္အက္စ္ပန္ညိဳက၂၀၀၉ခုႏွစ္အထိအိမ္ကြင္းအျဖစ္သုံးခဲ့ဖူးပါတယ္။