နူးကမ့်ကွင်းမှ ထိုင်ခုံများကို ရောင်းပြီး ဘဏ္ဍာရေးပြဿနာလျှော့ချသွားရန် ဘာစီလိုနာကြံရွယ်နေ

ဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကတော့လျှော့ကျသွားတဲ့အနေအထားမှာမရှိသေးပါဘူး။ဘာစီလိုနာဟာဝင်ငွေရရှိလာစေရန်အတွက်နူးကမ့်ကွင်းမှထိုင်ခုံများကိုရောင်းချရန်စီစဉ်နေပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့လများအတွင်းတွင်ဘဏ္ဍာရေးပြဿနာများစွာကြုံလာရတဲ့အသင်းဖြစ်ပါတယ်။

၎င်းတို့ဟာလာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီလာစေရန်အတွက် လာမယ့်နွေရာသီမတိုင်မီအသုံးစရိတ်ယူရိုသန်း၂၀၀လျှော့ချနိုင်ရန်လိုအပ်နေပါတယ်။

ဘာစီလိုနာဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာကိုရှင်းနိုင်ဖို့အတွက်ဆာဂျီယိုဘက်စ်ကွက်၊ဂါဗီအပါအဝင်ကစားသမားများကိုရောင်းချခြင်း၊လမ်းခွဲခြင်းတို့ပြုလုပ်လာရဖို့ရှိနေပါတယ်။

ဒါ့အပြင်ဘာစီလိုနာဟာကလပ်ရဲ့ဝင်ငွေပိုရရှိလာစေရေးအတွက်နူးကမ့်ကွင်းမှထိုင်ခုံများကိုရောင်းချရန်စီစဉ်နေပါတယ်။

ဘာစီလိုနာဟာလာမယ့်နှစ်တွင်ဘဏ္ဍာရေးပြဿနာပိုကြုံရမဲ့အနေအထားမှာလည်းရှိနေပါတယ်။၎င်းတို့ဟာနူးကမ့်ကွင်းတွင်ပြန်လည်ပြုပြင်မွမ်းမံမှုပြုလုပ်နေစဉ်အတွင်းအိမ်ကွင်းပွဲစဉ်များကိုကွင်းသေးတဲ့ Estadi Olimpic Lluis Companys တွင်ကစားရပါမယ်။

Estadi Olimpic Lluis Companys မှာပရိသတ်၅၅၉၆၂ ဦးသာဆန့်ရာနူးကမ့်ကွင်းထက်ပရိသတ်၄၄၀၀၀အထိဝင်ဆန့်မှုပမာဏနည်းပါးပါတယ်။ဒါကြောင့်လည်းဘာစီလိုနာဟာဝင်ငွေလျှော့ကျလာပါဦးမယ်။

ဒါပေမဲ့ဘာစီလိုနာဟာကွင်းကိုပြန်လည်တည်ဆောက်နေစဉ် Estadi Olimpic Lluis Companys မှာကစားနေစဉ်အတွင်း၁၉၅၇ခုနှစ်ကတည်းကသုံးလာတဲ့နူးကမ့်ကွင်းမှထိုင်ခုံများကိုရောင်းချရန်စီစဉ်နေပါတယ်။

ဘာစီလိုနာဟာအသင်းကိုချစ်တဲ့ပရိသတ်များအားနူးကမ့်ကွင်းမှထိုင်ခုံကိုအမှတ်တရအဖြစ်ရောင်းချဖို့လုပ်နေတာပါ။

ဘာစီလိုနာဟာနွေရာသီတုန်းကလည်းဝင်ငွေတိုးလာစေရန်အတွက်နူးကမ့်ကွင်းတွင်ဘောလုံးကစားခွင့်ငှားရမ်းမှုပြုလုပ်ခဲ့ပြီးတစ်နာရီလျှင်ယူရို၃၀၀အထိကောက်ခံခဲ့ပါတယ်။

ZawGYi

ႏူးကမ့္ကြင္းမွ ထိုင္ခုံမ်ားကို ေရာင္းၿပီး ဘ႑ာေရးျပႆနာေလွ်ာ့ခ်သြားရန္ ဘာစီလိုနာႀကံ႐ြယ္ေန

ဘာစီလိုနာရဲ႕ဘ႑ာေရးျပႆနာကေတာ့ေလွ်ာ့က်သြားတဲ့အေနအထားမွာမရွိေသးပါဘူး။ဘာစီလိုနာဟာဝင္ေငြရရွိလာေစရန္အတြက္ႏူးကမ့္ကြင္းမွထိုင္ခုံမ်ားကိုေရာင္းခ်ရန္စီစဥ္ေနပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့လမ်ားအတြင္းတြင္ဘ႑ာေရးျပႆနာမ်ားစြာႀကဳံလာရတဲ့အသင္းျဖစ္ပါတယ္။

၎တို႔ဟာလာလီဂါရဲ႕ဘ႑ာေရးစည္းမ်ဥ္းႏွင့္ကိုက္ညီလာေစရန္အတြက္ လာမယ့္ေႏြရာသီမတိုင္မီအသုံးစရိတ္ယူ႐ိုသန္း၂၀၀ေလွ်ာ့ခ်ႏိုင္ရန္လိုအပ္ေနပါတယ္။

ဘာစီလိုနာဟာအသင္းရဲ႕ဘ႑ာေရးျပႆနာကိုရွင္းႏိုင္ဖို႔အတြက္ဆာဂ်ီယိုဘက္စ္ကြက္၊ဂါဗီအပါအဝင္ကစားသမားမ်ားကိုေရာင္းခ်ျခင္း၊လမ္းခြဲျခင္းတို႔ျပဳလုပ္လာရဖို႔ရွိေနပါတယ္။

ဒါ့အျပင္ဘာစီလိုနာဟာကလပ္ရဲ႕ဝင္ေငြပိုရရွိလာေစေရးအတြက္ႏူးကမ့္ကြင္းမွထိုင္ခုံမ်ားကိုေရာင္းခ်ရန္စီစဥ္ေနပါတယ္။

ဘာစီလိုနာဟာလာမယ့္ႏွစ္တြင္ဘ႑ာေရးျပႆနာပိုႀကဳံရမဲ့အေနအထားမွာလည္းရွိေနပါတယ္။၎တို႔ဟာႏူးကမ့္ကြင္းတြင္ျပန္လည္ျပဳျပင္မြမ္းမံမႈျပဳလုပ္ေနစဥ္အတြင္းအိမ္ကြင္းပြဲစဥ္မ်ားကိုကြင္းေသးတဲ့ Estadi Olimpic Lluis Companys တြင္ကစားရပါမယ္။

Estadi Olimpic Lluis Companys မွာပရိသတ္၅၅၉၆၂ ဦးသာဆန႔္ရာႏူးကမ့္ကြင္းထက္ပရိသတ္၄၄၀၀၀အထိဝင္ဆန႔္မႈပမာဏနည္းပါးပါတယ္။ဒါေၾကာင့္လည္းဘာစီလိုနာဟာဝင္ေငြေလွ်ာ့က်လာပါဦးမယ္။

ဒါေပမဲ့ဘာစီလိုနာဟာကြင္းကိုျပန္လည္တည္ေဆာက္ေနစဥ္ Estadi Olimpic Lluis Companys မွာကစားေနစဥ္အတြင္း၁၉၅၇ခုႏွစ္ကတည္းကသုံးလာတဲ့ႏူးကမ့္ကြင္းမွထိုင္ခုံမ်ားကိုေရာင္းခ်ရန္စီစဥ္ေနပါတယ္။

ဘာစီလိုနာဟာအသင္းကိုခ်စ္တဲ့ပရိသတ္မ်ားအားႏူးကမ့္ကြင္းမွထိုင္ခုံကိုအမွတ္တရအျဖစ္ေရာင္းခ်ဖို႔လုပ္ေနတာပါ။

ဘာစီလိုနာဟာေႏြရာသီတုန္းကလည္းဝင္ေငြတိုးလာေစရန္အတြက္ႏူးကမ့္ကြင္းတြင္ေဘာလုံးကစားခြင့္ငွားရမ္းမႈျပဳလုပ္ခဲ့ၿပီးတစ္နာရီလွ်င္ယူ႐ို၃၀၀အထိေကာက္ခံခဲ့ပါတယ္။