နူးကမ့်ကွင်းအမည်ကို Spotify အမည်ပြောင်းလဲဖို့ နီးစပ်နေပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ၎င်းတို့ရဲ့နူးကမ့်ကွင်းအမည်ကိုပြောင်းလဲဖို့နီးစပ်နေပြီဖြစ်ပါတယ်။ကတ်တလန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာ သီချင်းဝန်ဆောင်မှုပေးတဲ့ Spotify နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုရန်နီးစပ်နေပြီး နွေရာသီမှစတင်ကာကွင်းအမည်ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

ဘာစီလိုနာနှင့် Spotify တို့ရဲ့စပွန်ဆာစာချုပ်တန်ဖိုးက ပေါင်၂၃၇သန်းဖြစ်လာမှာဖြစ်ပြီး နူးကမ့်ကွင်းအမည်ကို Spotify Camp Nou လို့ပြောင်းလဲသွားပါမယ်။

ဒါ့အပြင်ဘာစီလိုနာအမျိုးသားအသင်းနှင့်အမျိုးသမီးအသင်းတို့ရဲ့လေ့ကျင့်ရေးကွင်းဝတ်စုံတွင်လည်း Spotify အမည်သုံးသွားပါမယ်။

Spotify ကိုတည်ထောင်သူဒါနီရယ်အီရက်ဟာအာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီးအာဆင်နယ်ကိုဝယ်ယူရန်ကြိုးပမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။

ZawGyi




