နူးကမ့်တွင် ပွဲကြည့်ပရိသတ် ၃၀၀၀၀ သာဝင်ကြည့်ခွင့်ပေးမှုကြောင့် ဘာစီလိုနာ စီးပွားရေးအထိနာ

ဘာစီလိုနာဟာကတ်တလန်အာဏာပိုင်တုန်းကနူးကမ့်ကွင်းသို့ပရိသတ်၃၀၀၀၀တည်းသာဝင်ရောက်ကြည့်ခွင့်ပေးမှုနဲ့အတူငွေကြေးပိုင်းများစွာအထိနာမှုကြုံလာရပြန်ပါတယ်။

စပိန်အစိုးရဟာနိုင်ငံအတွင်းကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမြင့်မားလာမှု၊ကူးစက်သူလျှော့နည်းလာမှုတို့ကြောင့်ဘောလုံးကွင်းများသို့ပရိသတ်ဝင်ဆန့်ပမာဏရဲ့၆၀ရာခိုင်နှုန်းအထိဝင်ကြည့်ခွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့်ကတ်တလန်ကိုဗစ်ကာကွယ်ရေးတားဆီးရေးအဖွဲ့ကတော့စပိန်အာဏာပိုင်တို့ရဲ့အစီအစဉ်ကိုမလိုက်နာဘဲ၎င်းတို့စိတ်ကြိုက်ကန့်သတ်မှုပြုလုပ်ခဲ့ပါတယ်။

ယင်းသို့ကတ်တလန်အာဏာပိုင်တို့ရဲ့ဆုံးဖြတ်ချက်ကြောင့်ပရိသတ်၆၀၀၀၀အထိဝင်ကြည့်ခွင့်ရရှိရန်မျှော်လင့်နေတဲ့ဘာစီလိုနာဟာပရိသတ်၃၀၀၀၀တည်းသာဝင်ကြည့်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ကြွေးမြီပေါင်၁ဘီလီယံကျော်တင်နေမှုကြောင့်အသုံးစရိတ်ကန့်သတ်ခြင်းခံခဲ့ရတဲ့ဘာစီလိုနာဟာယခုနွေရာသီမှာဂရက်ဇ်မန်း၊မက်ဆီ၊ပီယာနစ်အပါအဝင်ကစားသမား၁၁ဦးကိုလက်လွှတ်ခဲ့ရပါတယ်။

၎င်းတို့ဟာစပိန်အစိုးရကကွင်းအတွင်းပရိသတ်ဝင်ကြည့်ခွင့်၆၀ရာခိုင်နှုန်းအထိပေးလာမှုကြောင့်ဝင်ငွေမြင့်မားလာရေးမျှော်လင့်နေချိန်မှာကတ်တလန်အစိုးရကတားဆီးပိတ်ပင်မှုကြောင့်အခက်အခဲကြုံလာရပြန်ပြီဖြစ်ပါတယ်။

ZawGyi

ႏူးကမ့္တြင္ ပြဲၾကည့္ပရိသတ္ ၃၀၀၀၀ သာဝင္ၾကည့္ခြင့္ေပးမႈေၾကာင့္ ဘာစီလိုနာ စီးပြားေရးအထိနာ

ဘာစီလိုနာဟာကတ္တလန္အာဏာပိုင္တုန္းကႏူးကမ့္ကြင္းသို႔ပရိသတ္၃၀၀၀၀တည္းသာဝင္ေရာက္ၾကည့္ခြင့္ေပးမႈနဲ႔အတူေငြေၾကးပိုင္းမ်ားစြာအထိနာမႈႀကဳံလာရျပန္ပါတယ္။

စပိန္အစိုးရဟာႏိုင္ငံအတြင္းကိုဗစ္ကာကြယ္ေဆးထိုးႏွံမႈျမင့္မားလာမႈ၊ကူးစက္သူေလွ်ာ့နည္းလာမႈတို႔ေၾကာင့္ေဘာလုံးကြင္းမ်ားသို႔ပရိသတ္ဝင္ဆန႔္ပမာဏရဲ႕၆၀ရာခိုင္ႏႈန္းအထိဝင္ၾကည့္ခြင့္ေပးခဲ့ပါတယ္။

ဒါေပမယ့္ကတ္တလန္ကိုဗစ္ကာကြယ္ေရးတားဆီးေရးအဖြဲ႕ကေတာ့စပိန္အာဏာပိုင္တို႔ရဲ႕အစီအစဥ္ကိုမလိုက္နာဘဲ၎တို႔စိတ္ႀကိဳက္ကန႔္သတ္မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔ကတ္တလန္အာဏာပိုင္တို႔ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ပရိသတ္၆၀၀၀၀အထိဝင္ၾကည့္ခြင့္ရရွိရန္ေမွ်ာ္လင့္ေနတဲ့ဘာစီလိုနာဟာပရိသတ္၃၀၀၀၀တည္းသာဝင္ၾကည့္ခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။

ေႂကြးၿမီေပါင္၁ဘီလီယံေက်ာ္တင္ေနမႈေၾကာင့္အသုံးစရိတ္ကန႔္သတ္ျခင္းခံခဲ့ရတဲ့ဘာစီလိုနာဟာယခုေႏြရာသီမွာဂရက္ဇ္မန္း၊မက္ဆီ၊ပီယာနစ္အပါအဝင္ကစားသမား၁၁ဦးကိုလက္လႊတ္ခဲ့ရပါတယ္။

၎တို႔ဟာစပိန္အစိုးရကကြင္းအတြင္းပရိသတ္ဝင္ၾကည့္ခြင့္၆၀ရာခိုင္ႏႈန္းအထိေပးလာမႈေၾကာင့္ဝင္ေငြျမင့္မားလာေရးေမွ်ာ္လင့္ေနခ်ိန္မွာကတ္တလန္အစိုးရကတားဆီးပိတ္ပင္မႈေၾကာင့္အခက္အခဲႀကဳံလာရျပန္ၿပီျဖစ္ပါတယ္။