
ပီကေးဟာ သူ့ရဲ့ Kings League ကိုနူးကမ့်သို့ယူဆောင်လာပြီဖြစ်ပါတယ်။နူးကမ့်တွင်ကျင်းပလာမဲ့ Kings League ကိုလက်မှတ်စတင်ရောင်းချနေပြီးလက်မှတ်ရောင်းအားလည်းအားရစရာကောင်းအောင်များပြားနေပါတယ်။
ပီကေးဟာနိုဝင်ဘာလတုန်းကနူးကမ့်တွင်ကစားတဲ့အယ်မာရီယာနှင့်ပွဲအပြီးတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာကွဲပြားတဲ့ပုံစံဖြင့်နူးကမ့်သို့တကျော့ပြန်လာဦးမှာဖြစ်ပါတယ်။
စပိန်ဂန္ထဝင်နောက်ခံလူဟာ ၇ ဦးပါအသင်းယှဉ်ပြိုင်တဲ့ Kings League ကိုတည်ထောင်လိုက်ပါတယ်။ယင်း Kings League တွင်ကစားသမားဟောင်း၊ကစားနေဆဲကစားသမား၊အပျော်တမ်းနှင့်စယ်လီများပါဝင်တဲ့အသင်း၁၂သင်းယှဉ်ပြိုင်နေပါတယ်။
ဆာဂျီယိုအဂွဲရိုးကအသင်းတစ်သင်းတည်ထောင်ပြီးယှဉ်ပြိုင်သလိုအယ်လ်အေဂလက်ဆီမှာကစားနေတဲ့ဂျာဗီးယားဟာနန်ဒက်ဇ်လည်းပါဝင်ကစားနေပါတယ်။ဒါ့အပြင်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ဂျိုအန်ကပ်ဒီဗီလာနှင့်ဂျိုနသန်ဆိုရီယာနိုတို့လည်းယှဉ်ပြိုင်နေသလို မျက်နှာဖုံးစွပ်ထားတဲ့ Enigma အမည်ရှိကစားသမားတစ်ဦးလည်းစိတ်ဝင်စားဖွယ်ယှဉ်ပြိုင်နေပါတယ်။
Kings League ရဲ့ဗိုလ်လုပွဲလေးပွဲကိုဂန္ထဝင်နူးကမ့်ကွင်းကြီးမှာကျင်းပလာမှာဖြစ်ပါတယ်။ဗိုလ်လုပွဲကိုလာမယ့်မတ်လ၂၆ရက်နေ့မှာကျင်းပလာမှာဖြစ်ပါတယ်။
Mundo Deportivo ရဲ့ဖော်ပြချက်အရနူးကမ့်တွင်ကစားမဲ့ဗိုလ်လုပွဲများအတွက်လက်မှတ်၄၀၀၀၀ကျော်ရောင်းချထားရပြီးဖြစ်ကြောင်းလည်းသိရပါတယ်။နူးကမ့်မှာကွင်းလုံးပြည့်ပရိသတ်၉၀၀၀၀ကျော်ဆန့်တဲ့ကွင်းဖြစ်ပါတယ်။
အခုပြိုင်ပွဲကစားဖို့တစ်လကျော်ကျန်နေသေးတာကြောင့်လက်မှတ်များအားလုံးနီးပါးရောင်းချရမယ်လို့ယုံကြည်ရပါတယ်။
ဘာစီလိုနာဟာဗိုလ်လုပွဲလေးပွဲမှရရှိတဲ့အမြတ်ငွေများရဲ့၅၀ရာခိုင်နှုန်းကိုရရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာစီလိုနာဘက်ကနူးကမ့်ကို ၇ ဦးအသင်း ယှဉ်ပြိုင်နိုင်တဲ့ကွင်းဖြစ်အောင်ဖန်တီးပေးရပါမယ်။
ZawGyi
ႏူးကမ့္သို႔ သူ႔ရဲ႕ Kings League ကို ယူေဆာင္လာတဲ့ ပီေကး၊ လက္မွတ္ ၄၀၀၀၀ ေက်ာ္ေရာင္းခ်ထားရၿပီးျဖစ္
ပီေကးဟာ သူ႔ရဲ႕ Kings League ကိုႏူးကမ့္သို႔ယူေဆာင္လာၿပီျဖစ္ပါတယ္။ႏူးကမ့္တြင္က်င္းပလာမဲ့ Kings League ကိုလက္မွတ္စတင္ေရာင္းခ်ေနၿပီးလက္မွတ္ေရာင္းအားလည္းအားရစရာေကာင္းေအာင္မ်ားျပားေနပါတယ္။
ပီေကးဟာႏိုဝင္ဘာလတုန္းကႏူးကမ့္တြင္ကစားတဲ့အယ္မာရီယာႏွင့္ပြဲအၿပီးတြင္ကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့သူဟာကြဲျပားတဲ့ပုံစံျဖင့္ႏူးကမ့္သို႔တေက်ာ့ျပန္လာဦးမွာျဖစ္ပါတယ္။
စပိန္ဂႏၴဝင္ေနာက္ခံလူဟာ ၇ ဦးပါအသင္းယွဥ္ၿပိဳင္တဲ့ Kings League ကိုတည္ေထာင္လိုက္ပါတယ္။ယင္း Kings League တြင္ကစားသမားေဟာင္း၊ကစားေနဆဲကစားသမား၊အေပ်ာ္တမ္းႏွင့္စယ္လီမ်ားပါဝင္တဲ့အသင္း၁၂သင္းယွဥ္ၿပိဳင္ေနပါတယ္။
ဆာဂ်ီယိုအဂြဲ႐ိုးကအသင္းတစ္သင္းတည္ေထာင္ၿပီးယွဥ္ၿပိဳင္သလိုအယ္လ္ေအဂလက္ဆီမွာကစားေနတဲ့ဂ်ာဗီးယားဟာနန္ဒက္ဇ္လည္းပါဝင္ကစားေနပါတယ္။ဒါ့အျပင္ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ဂ်ိဳအန္ကပ္ဒီဗီလာႏွင့္ဂ်ိဳနသန္ဆိုရီယာႏိုတို႔လည္းယွဥ္ၿပိဳင္ေနသလို မ်က္ႏွာဖုံးစြပ္ထားတဲ့ Enigma အမည္ရွိကစားသမားတစ္ဦးလည္းစိတ္ဝင္စားဖြယ္ယွဥ္ၿပိဳင္ေနပါတယ္။
Kings League ရဲ႕ဗိုလ္လုပြဲေလးပြဲကိုဂႏၴဝင္ႏူးကမ့္ကြင္းႀကီးမွာက်င္းပလာမွာျဖစ္ပါတယ္။ဗိုလ္လုပြဲကိုလာမယ့္မတ္လ၂၆ရက္ေန႔မွာက်င္းပလာမွာျဖစ္ပါတယ္။
Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရႏူးကမ့္တြင္ကစားမဲ့ဗိုလ္လုပြဲမ်ားအတြက္လက္မွတ္၄၀၀၀၀ေက်ာ္ေရာင္းခ်ထားရၿပီးျဖစ္ေၾကာင္းလည္းသိရပါတယ္။ႏူးကမ့္မွာကြင္းလုံးျပည့္ပရိသတ္၉၀၀၀၀ေက်ာ္ဆန႔္တဲ့ကြင္းျဖစ္ပါတယ္။
အခုၿပိဳင္ပြဲကစားဖို႔တစ္လေက်ာ္က်န္ေနေသးတာေၾကာင့္လက္မွတ္မ်ားအားလုံးနီးပါးေရာင္းခ်ရမယ္လို႔ယုံၾကည္ရပါတယ္။
ဘာစီလိုနာဟာဗိုလ္လုပြဲေလးပြဲမွရရွိတဲ့အျမတ္ေငြမ်ားရဲ႕၅၀ရာခိုင္ႏႈန္းကိုရရွိလာမွာျဖစ္ပါတယ္။ဒါေပမဲ့ဘာစီလိုနာဘက္ကႏူးကမ့္ကို ၇ ဦးအသင္း ယွဥ္ၿပိဳင္ႏိုင္တဲ့ကြင္းျဖစ္ေအာင္ဖန္တီးေပးရပါမယ္။