နေမာကို ခေါ်ယူရန် ချဲလ်ဆီး ထိပ်ဆုံးမှ ရေပန်းစားနေ

ချဲလ်ဆီးဟာဘရာဇီးစူပါစတားနေမာကိုခေါ်ယူရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဘွတ်ကီဒိုင်စကိုင်းဘက်ရဲ့ကြေးဖွင့်လှစ်မှုအရသောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးဟာယခုနွေရာသီတွင်နေမာကိုခေါ်ယူရန် ၇/၁ဖြင့်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ပီအက်စ်ဂျီဟာယခုအပတ်အစောပိုင်းတုန်းကနေမာကိုရောင်းချရန်ဆုံးဖြတ်လာပြီဖြစ်ကြောင်းသိရပါတယ်။

ပီအက်စ်ဂျီဟာနေမာကိုဘာစီလိုနာမှဝယ်ယူစဉ်တုန်းကပေါင်သန်း၂၀၀အသုံးပြုခဲ့ပေမဲ့လည်းပေါင်၇၆သန်းဝန်းကျင်ခန့်ဖြင့်အရှုံးခံရောင်းချလာတော့မှာဖြစ်ပါတယ်။

နေမာကိုခေါ်ယူရန်ရေပန်းအစားဆုံးအသင်းအဖြစ်ချဲလ်ဆီးက၇/၁ဖြင့်ရေပန်းစားနေပြီးဘာစီလိုနာက၁၄/၁ဖြင့်ဒုတိယရေပန်းအစားဆုံးဖြစ်နေကာနယူးကာဆယ်ကလည်း၁၄/၁ဖြင့်တတိယလိုက်နေပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ကလည်း၁၄/၁ဖြင့်ရေပန်းစားနေပါတယ်။

၎င်းတို့နောက်တွင်မန်စီးတီး(၁၆/၁)၊ယူနိုက်တက်(၁၆/၁)၊ဘိုင်ယန်မြူးနစ်(၂၀/၁)၊လီဗာပူး(၂၂/၁)၊စပါးစ်(၄၀/၁)တို့ရပ်တည်နေပါတယ်။

ချဲလ်ဆီးဟာတိုက်စစ်မှူးလူကာကူကိုလက်လွှတ်လိုက်ပြီးနောက်တိုက်စစ်မှူးရှာဖွေနေပါတယ်။ချဲလ်ဆီးအနေဖြင့်နေမာအတွက်ပီအက်စ်ဂျီရဲ့သတ်မှတ်ပြောင်းရွှေ့ကြေးပေးရန်ပြဿနာမရှိပါဘူး။ဒါပေမဲ့နေမာရဲ့တစ်ပတ်လုပ်ခပေါင်၆၀၆၀၀၀ကကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်နေပါတယ်။

နေမာအနေဖြင့်အခြားကလပ်တစ်ခုမှာယင်းလုပ်ခရရှိဖို့မလွယ်ကူပါဘူး။

ZawGyi








