နေမာကို ခေါ်ယူရေး ဆွေးနွေးရန် ပဲရစ်သို့ ရောက်နေတဲ့ ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေး

ချဲလ်ဆီးဟာနေမာကိုခေါ်ယူရေးဆွေးနွေးမှုများပြုလုပ်နေကြောင်းသတင်းထွက်ပေါ်လာပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တော့ဒ်ဘိုလေးဟာပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်နှစ်ခုတွင်ပေါင်သန်း၆၀၀ကျော်အသုံးပြုကာအသင်းကိုတည်ဆောက်မှုပြုလုပ်ပြီးနောက်ငွေသုံးစွဲမှုမရပ်သေးပါဘူး။

၎င်းတို့ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်လည်းထိပ်တန်းကစားသမားများခေါ်ယူကာအသင်းကိုဆက်လက်တည်ဆောက်သွားပါဦးမယ်။

ယခု ပြင်သစ်သတင်းစာ La Parisen ရဲ့ဖော်ပြချက်အရချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးဟာနေမာရဲ့အပြောင်းအရွှေ့အတွက်ပီအက်စ်ဂျီနှင့်ဆွေးနွေးရန်ပဲရစ်သို့ရောက်နေကြောင်းသိရပါတယ်။

ပီအက်စ်ဂျီဟာ၂၀၁၇ခုနှစ်တုန်းကနေမာကိုခေါ်ယူရန်ဘာစီလိုနာကိုပေါင်သန်း၂၀၀နီးပါးပေးခဲ့ရပါတယ်။ဘရာဇီးစူပါစတားရဲ့လက်ရှိစာချုပ်မှာ၂၀၂၅ခုနှစ်တွင်ကုန်ဆုံးပါမယ်။

သူဟာအသက်၃၁နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမဲ့ ထိပ်တန်းကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေဆဲဖြစ်နေမှုနှင့်အတူပြောင်းရွှေ့ကြေးမြင့်မားနေတုန်းဖြစ်ပါတယ်။

နေမာဟာမကြာသေးမီတုန်းကပီအက်စ်ဂျီအဝတ်အစားလဲခန်းအတွင်းတွင် ကစားဖော်မာကွင်ဟို့စ်၊အားကစားဒါရိုက်တာလူးဝစ်ကမ်ပို့စ်တို့နှင့်ပြဿနာတက်ခဲ့ကြောင်းသတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကမိုနာကိုအား၃-၁ဂိုးဖြင့်ရှုံ့းနိမ့်ပြီးနောက်လူးဝစ်ကမ်ပို့စ်ကကစားသမားအချို့တို့ အနိုင်ရလိုစိတ်နည်းပါးကြောင်းဝေဖန်ခဲ့ရာမှနေမာနှင့်ပြဿနာတက်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာကစားဖော်ကိုင်လီယန်ဘက်ပေးနှင့်လည်းအဆင်မပြေဖြစ်နေကြောင်းသတင်းထွက်ထားသူဖြစ်ပါတယ်။

ဒါပေမဲ့နေမာဟာယခုရာသီတွင်ပီအက်စ်ဂျီတွင်အကောင်းဆုံးပုံစံပြသနေတဲ့ကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်မှာ၂၈ပွဲကစားထားပြီး၁၇ဂိုးသွင်းကာ၁၆ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ေနမာကို ေခၚယူေရး ေဆြးေႏြးရန္ ပဲရစ္သို႔ ေရာက္ေနတဲ့ ခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုေလး

ခ်ဲလ္ဆီးဟာေနမာကိုေခၚယူေရးေဆြးေႏြးမႈမ်ားျပဳလုပ္ေနေၾကာင္းသတင္းထြက္ေပၚလာပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတာ့ဒ္ဘိုေလးဟာၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္ႏွစ္ခုတြင္ေပါင္သန္း၆၀၀ေက်ာ္အသုံးျပဳကာအသင္းကိုတည္ေဆာက္မႈျပဳလုပ္ၿပီးေနာက္ေငြသုံးစြဲမႈမရပ္ေသးပါဘူး။

၎တို႔ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္လည္းထိပ္တန္းကစားသမားမ်ားေခၚယူကာအသင္းကိုဆက္လက္တည္ေဆာက္သြားပါဦးမယ္။

ယခု ျပင္သစ္သတင္းစာ La Parisen ရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးပိုင္ရွင္ေတာ့ဒ္ဘိုေလးဟာေနမာရဲ႕အေျပာင္းအေ႐ႊ႕အတြက္ပီအက္စ္ဂ်ီႏွင့္ေဆြးေႏြးရန္ပဲရစ္သို႔ေရာက္ေနေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီဟာ၂၀၁၇ခုႏွစ္တုန္းကေနမာကိုေခၚယူရန္ဘာစီလိုနာကိုေပါင္သန္း၂၀၀နီးပါးေပးခဲ့ရပါတယ္။ဘရာဇီးစူပါစတားရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၅ခုႏွစ္တြင္ကုန္ဆုံးပါမယ္။

သူဟာအသက္၃၁ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမဲ့ ထိပ္တန္းကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနဆဲျဖစ္ေနမႈႏွင့္အတူေျပာင္းေ႐ႊ႕ေၾကးျမင့္မားေနတုန္းျဖစ္ပါတယ္။

ေနမာဟာမၾကာေသးမီတုန္းကပီအက္စ္ဂ်ီအဝတ္အစားလဲခန္းအတြင္းတြင္ ကစားေဖာ္မာကြင္ဟို႔စ္၊အားကစားဒါ႐ိုက္တာလူးဝစ္ကမ္ပို႔စ္တို႔ႏွင့္ျပႆနာတက္ခဲ့ေၾကာင္းသတင္းထြက္ခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကမိုနာကိုအား၃-၁ဂိုးျဖင့္ရႈံ႕းနိမ့္ၿပီးေနာက္လူးဝစ္ကမ္ပို႔စ္ကကစားသမားအခ်ိဳ႕တို႔ အႏိုင္ရလိုစိတ္နည္းပါးေၾကာင္းေဝဖန္ခဲ့ရာမွေနမာႏွင့္ျပႆနာတက္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာကစားေဖာ္ကိုင္လီယန္ဘက္ေပးႏွင့္လည္းအဆင္မေျပျဖစ္ေနေၾကာင္းသတင္းထြက္ထားသူျဖစ္ပါတယ္။

ဒါေပမဲ့ေနမာဟာယခုရာသီတြင္ပီအက္စ္ဂ်ီတြင္အေကာင္းဆုံးပုံစံျပသေနတဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၈ပြဲကစားထားၿပီး၁၇ဂိုးသြင္းကာ၁၆ႀကိမ္ဖန္တီးထားပါတယ္။