နေမာကို ပီအက်စ်ဂျီအသင်းပိုင်ရှင် အလိုမရှိတော့

ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်ပီအက်စ်ဂျီအသင်းဟာတိုက်စစ်မှူးနေမာကိုအလိုမရှိတော့ကြောင်းသတင်းထွက်ပေါ်လာပါတယ်။

နေမာဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှပီအက်စ်ဂျီသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၉၇သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ကာတာတော်ဝင်မိသားစုဟာချန်ပီယံလိဂ်ဖလားရယူလိုမှုနဲ့ နေမာကိုငွေပုံအောအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့ပီအက်စ်ဂျီဟာကြားရက်တုန်းကရီးရဲလ်မက်ဒရစ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ကာနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ရှုံးနိမ့်ပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်မှထွက်ခွာခဲ့ရပါတယ်။

ပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုဟာလည်းချန်ပီယံလိဂ်မှထွက်ခွာခဲ့ရမှုကြောင့်အနှေးနှင့်အမြန်ဆိုသလိုရာထူးမှထွက်ခွာရဖို့ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများဟာရာသီအကုန်တွင်အသင်းကိုအပြောင်းအလဲများစွာပြုလုပ်ပြီးအသင်းကိုပြန်လည်တည်ဆောက်လိုနေပါတယ်။

ပီအက်စ်ဂျီကအလိုမရှိတော့စတားများတွင်နေမာကထိပ်ဆုံးမှပါဝင်နေပါတယ်။အစောပိုင်းတုန်းကပီအက်စ်ဂျီဟာနေမာကို ဘက်ပေးနှင့်အတူတွဲပြီးအသင်းအတွက်ချန်ပီယံလိဂ်ဖလားယူဆောင်ပေးဖို့မျှော်လင့်နေခဲ့တာပါ။

ဒါပေမဲ့ရာသီအကုန်တွင်ကိုင်လီယန်ဘက်ပေးမှာရီးရဲလ်မက်ဒရစ်သို့ပြောင်းဖွယ်ရှိမှုနဲ့အတူ ပီအက်စ်ဂျီဟာနေမာကိုလည်းရောင်းချပြီးအသင်းကိုအပြောင်းအလဲပြုလုပ်တော့မှာဖြစ်ပါတယ်။

နေမာဟာပီအက်စ်ဂျီတွင်တစ်ပတ်လုပ်ခပေါင်၅၅၄၀၀၀ရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်းမှာ၂၀၂၅ခုနှစ်တွင်မှကုန်ဆုံးပါမယ်။

အသက်၃၀နှစ်ရှိစတားဟာပီအက်စ်ဂျီအတွက်၁၃၅ပွဲတွင်၉၁ဂိုးသွင်းယူထားပါတယ်။

ZawGyi

ေနမာကို ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ အလိုမရွိေတာ့

ခ်န္ပီယံလိဂ္ ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ပီအက္စ္ဂ်ီအသင္းဟာတိုက္စစ္မႉးေနမာကိုအလိုမရွိေတာ့ေၾကာင္းသတင္းထြက္ေပၚလာပါတယ္။

ေနမာဟာ၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာမွပီအက္စ္ဂ်ီသို႔ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၉၇သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီရဲ႕ကာတာေတာ္ဝင္မိသားစုဟာခ်န္ပီယံလိဂ္ဖလားရယူလိုမႈနဲ႔ ေနမာကိုေငြပုံေအာအသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့တကယ္တမ္းမွာေတာ့ပီအက္စ္ဂ်ီဟာၾကားရက္တုန္းကရီးရဲလ္မက္ဒရစ္ကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ကာႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္ရႈံးနိမ့္ၿပီးခ်န္ပီယံလိဂ္၁၆သင္းအဆင့္မွထြက္ခြာခဲ့ရပါတယ္။

ပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုဟာလည္းခ်န္ပီယံလိဂ္မွထြက္ခြာခဲ့ရမႈေၾကာင့္အေႏွးႏွင့္အျမန္ဆိုသလိုရာထူးမွထြက္ခြာရဖို႔ရွိေနပါတယ္။

ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူမ်ားဟာရာသီအကုန္တြင္အသင္းကိုအေျပာင္းအလဲမ်ားစြာျပဳလုပ္ၿပီးအသင္းကိုျပန္လည္တည္ေဆာက္လိုေနပါတယ္။

ပီအက္စ္ဂ်ီကအလိုမရွိေတာ့စတားမ်ားတြင္ေနမာကထိပ္ဆုံးမွပါဝင္ေနပါတယ္။အေစာပိုင္းတုန္းကပီအက္စ္ဂ်ီဟာေနမာကို ဘက္ေပးႏွင့္အတူတြဲၿပီးအသင္းအတြက္ခ်န္ပီယံလိဂ္ဖလားယူေဆာင္ေပးဖို႔ေမွ်ာ္လင့္ေနခဲ့တာပါ။

ဒါေပမဲ့ရာသီအကုန္တြင္ကိုင္လီယန္ဘက္ေပးမွာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းဖြယ္ရွိမႈနဲ႔အတူ ပီအက္စ္ဂ်ီဟာေနမာကိုလည္းေရာင္းခ်ၿပီးအသင္းကိုအေျပာင္းအလဲျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။

ေနမာဟာပီအက္စ္ဂ်ီတြင္တစ္ပတ္လုပ္ခေပါင္၅၅၄၀၀၀ရရွိေနသူျဖစ္ၿပီး စာခ်ဳပ္သက္တမ္းမွာ၂၀၂၅ခုႏွစ္တြင္မွကုန္ဆုံးပါမယ္။

အသက္၃၀ႏွစ္ရွိစတားဟာပီအက္စ္ဂ်ီအတြက္၁၃၅ပြဲတြင္၉၁ဂိုးသြင္းယူထားပါတယ္။