နေမာထက် ပိုကောင်းတဲ့ ဂါနာစတားကို ကမ္ဘာ့ဖလားတွင် စောင့်ကြည့်ရန် ကင်းထောက်စေလွှတ်ထားတဲ့ လီဗာပူး

လီဗာပူးဟာနေမာထက်ပိုကောင်းတယ်လို့ပြောဆိုခြင်းခံနေရတဲ့ဂါနာစတားမိုဟာမက်ကူဒပ်စ်ကိုကမ္ဘာ့ဖလားပြိုင်ပွဲတွင်စောင့်ကြည့်ရန်အတွက်ကင်းထောက်စေလွှတ်ထားကြောင်းသိရပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာလာမယ့်ဆောင်းရာသီနှင့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တို့တွင်အလယ်တန်းကိုအပြောင်းအလဲပြုလုပ်ရန်အတွက်ကူဒပ်စ်အပြင်ကွန်ရက်လိုင်မာ၊ဂျူ့ဘယ်လင်ဂမ်တို့ကိုလည်းပစ်မှတ်ထားနေပါတယ်။

လီဗာပူးဟာယခုရာသီတွင်ပရီးမီးယားလိဂ်မှာအကောင်းဆုံးပုံစံဆက်တိုက်ပြသနိုင်ရန်ရုန်းကန်နေရပြီးအမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေကာချန်ပီယံလိဂ်ဝင်ခွင့်နှင့်ရမှတ်၇မှတ်ကွာဟနေပါတယ်။

လီဗာပူးဟာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးတိုက်ပွဲဝင်နိုင်ရန်အတွက်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားခေါ်ယူအားဖြည့်ရန်လိုအပ်နေပြီးအေဂျက်စ်မှဂါနာအလယ်တန်းကစားသမားကူဒပ်စ်ကိုပစ်မှတ်ထားလာပါတယ်။

Sports World Ghana ကလီဗာပူးဟာယနေ့ညတွင်ပေါ်တူဂီနှင့်ဂါနာနှင့်ပွဲစဉ်တွင်ကူဒပ်စ်ရဲ့ခြေစွမ်းကိုစောင့်ကြည့်ရန်အတွက်ကင်းထောက်စေလွှတ်ထားကြောင်းသိရပါတယ်။

ကူဒပ်စ်ဟာယခုရာသီတွင်အေဂျက်စ်အတွက်ဒတ်ချ်အဆင့်မြင့်တန်းလိဂ်တွင်၁၄ပွဲနှင့်ချန်ပီယံလိဂ်တွင်၄ပွဲကစားထားပြီး၅ဂိုးသွင်းထားနိုင်ပါတယ်။သူဟာအန်ဖီးလ်ကိုလီဗာပူးကိုအေဂျက်စ်တို့ ၂-၁ဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်အေဂျက်စ်အတွက်တစ်လုံးတည်းသောဂိုးကိုသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ေနမာထက္ ပိုေကာင္းတဲ့ ဂါနာစတားကို ကမာၻ႔ဖလားတြင္ ေစာင့္ၾကည့္ရန္ ကင္းေထာက္ေစလႊတ္ထားတဲ့ လီဗာပူး

လီဗာပူးဟာေနမာထက္ပိုေကာင္းတယ္လို႔ေျပာဆိုျခင္းခံေနရတဲ့ဂါနာစတားမိုဟာမက္ကူဒပ္စ္ကိုကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေစာင့္ၾကည့္ရန္အတြက္ကင္းေထာက္ေစလႊတ္ထားေၾကာင္းသိရပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာလာမယ့္ေဆာင္းရာသီႏွင့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တို႔တြင္အလယ္တန္းကိုအေျပာင္းအလဲျပဳလုပ္ရန္အတြက္ကူဒပ္စ္အျပင္ကြန္ရက္လိုင္မာ၊ဂ်ဴ႕ဘယ္လင္ဂမ္တို႔ကိုလည္းပစ္မွတ္ထားေနပါတယ္။

လီဗာပူးဟာယခုရာသီတြင္ပရီးမီးယားလိဂ္မွာအေကာင္းဆုံးပုံစံဆက္တိုက္ျပသႏိုင္ရန္႐ုန္းကန္ေနရၿပီးအမွတ္ေပးဇယားအဆင့္၆ေနရာမွာရပ္တည္ေနကာခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ရမွတ္၇မွတ္ကြာဟေနပါတယ္။

လီဗာပူးဟာလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးတိုက္ပြဲဝင္ႏိုင္ရန္အတြက္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားေခၚယူအားျဖည့္ရန္လိုအပ္ေနၿပီးေအဂ်က္စ္မွဂါနာအလယ္တန္းကစားသမားကူဒပ္စ္ကိုပစ္မွတ္ထားလာပါတယ္။

Sports World Ghana ကလီဗာပူးဟာယေန႔ညတြင္ေပၚတူဂီႏွင့္ဂါနာႏွင့္ပြဲစဥ္တြင္ကူဒပ္စ္ရဲ႕ေျခစြမ္းကိုေစာင့္ၾကည့္ရန္အတြက္ကင္းေထာက္ေစလႊတ္ထားေၾကာင္းသိရပါတယ္။

ကူဒပ္စ္ဟာယခုရာသီတြင္ေအဂ်က္စ္အတြက္ဒတ္ခ်္အဆင့္ျမင့္တန္းလိဂ္တြင္၁၄ပြဲႏွင့္ခ်န္ပီယံလိဂ္တြင္၄ပြဲကစားထားၿပီး၅ဂိုးသြင္းထားႏိုင္ပါတယ္။သူဟာအန္ဖီးလ္ကိုလီဗာပူးကိုေအဂ်က္စ္တို႔ ၂-၁ျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ေအဂ်က္စ္အတြက္တစ္လုံးတည္းေသာဂိုးကိုသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။