နေမာမှာမက်ဆီနှင့်ရော်နယ်ဒိုတို့ထက် နည်းစနစ်ပိုင်းတွင် ပိုမိုကောင်းမွန်

ဘရာဇီးဂန္ထဝင်ကာဖူးဟာလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဘယ်သူဆိုတာနဲ့ပတ်သက်ပြီးငြင်းခုံနေမှုတွင်ပါဝင်လာပါတယ်။၎င်းကလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားမှာလီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့မဟုတ်ဘဲနေမာသာဖြစ်ကြောင်းဆိုလာပါတယ်။

ဒါပေမယ့်ဘရာဇီးဂန္ထဝင်ကစားသမားကအသက်၂၉နှစ်ရှိနေမာအနေဖြင့်အသင်းခေါင်းဆောင်စိတ်ဓာတ်ပိုင်းတွင်လိုအပ်နေသေးကြောင်းဝေဖန်ထောက်ပြသွားပါတယ်။

ဘောလုံးပရိသတ်များဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာမက်ဆီနှင့်ရော်နယ်ဒိုအကြားဘယ်သူက GOAT (Greatest of All Time)နှင့်ပတ်သက်ပြီး အငြင်းအခုံများပြုလုပ်လာခဲ့ကြပါတယ်။

ကာဖူးက “နေမာကနည်းစနစ်ပိုင်းမှာမက်ဆီထက်ပိုကောင်းတယ်။ခရစ္စတီယာနိုရော်နယ်ဒိုထက်လည်းပိုကောင်းပါတယ်။ဒါပေမယ့်သူ့အနေနဲ့ခေါင်းဆောင်တစ်ဦးလိုတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုပါတယ်။ဘောလုံးအတွက်၁၀၀ရာခိုင်နှုန်းပေးဆပ်ရပါမယ်။ကျွန်တော်ကိုယ်တိုင်လည်းနေမာလောက်နည်းစနစ်ပိုင်းမကောင်းပါဘူး။ဒါပေမယ့်ကျွန်တော်ကအပြည့်အဝေပေးဆပ်ခဲ့လို့အခြားညာနောက်ခံလူတွေထက်ကောင်းပါတယ်။သူ(နေမာ)လည်းအသင်းခေါင်းဆောင်တစ်ဦးဖြစ်လာဖို့လိုအပ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီနှင့်ရော်နယ်ဒိုတို့အကြားတွင် Ballon d’Or ဆုကို၁၁ကြိမ်အထိရရှိထားပြီးဘောလုံးသမိုင်းတွင်အကောင်းဆုံးကစားသမားများအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။

နေမာဟာတစ်ခါတုန်းကမက်ဆီနှင့်ရော်နယ်ဒိုတို့ကိုစိန်ခေါ်မယ့်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း Ballon d’Or ဆုကိုဆွတ်ခူးခဲ့ဖူးခြင်းမရှိပါဘူး။

ZawGyi

ေနမာမွာမက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ထက္ နည္းစနစ္ပိုင္းတြင္ ပိုမိုေကာင္းမြန္

ဘရာဇီးဂႏၴဝင္ကာဖူးဟာလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားဘယ္သူဆိုတာနဲ႔ပတ္သက္ၿပီးျငင္းခုံေနမႈတြင္ပါဝင္လာပါတယ္။၎ကလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားမွာလီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔မဟုတ္ဘဲေနမာသာျဖစ္ေၾကာင္းဆိုလာပါတယ္။

ဒါေပမယ့္ဘရာဇီးဂႏၴဝင္ကစားသမားကအသက္၂၉ႏွစ္ရွိေနမာအေနျဖင့္အသင္းေခါင္းေဆာင္စိတ္ဓာတ္ပိုင္းတြင္လိုအပ္ေနေသးေၾကာင္းေဝဖန္ေထာက္ျပသြားပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာမက္ဆီႏွင့္ေရာ္နယ္ဒိုအၾကားဘယ္သူက GOAT (Greatest of All Time)ႏွင့္ပတ္သက္ၿပီး အျငင္းအခုံမ်ားျပဳလုပ္လာခဲ့ၾကပါတယ္။

ကာဖူးက “ေနမာကနည္းစနစ္ပိုင္းမွာမက္ဆီထက္ပိုေကာင္းတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုထက္လည္းပိုေကာင္းပါတယ္။ဒါေပမယ့္သူ႔အေနနဲ႔ေခါင္းေဆာင္တစ္ဦးလိုတာဝန္ယူမႈတာဝန္ခံမႈရွိဖို႔လိုပါတယ္။ေဘာလုံးအတြက္၁၀၀ရာခိုင္ႏႈန္းေပးဆပ္ရပါမယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္းေနမာေလာက္နည္းစနစ္ပိုင္းမေကာင္းပါဘူး။ဒါေပမယ့္ကြၽန္ေတာ္ကအျပည့္အေဝေပးဆပ္ခဲ့လို႔အျခားညာေနာက္ခံလူေတြထက္ေကာင္းပါတယ္။သူ(ေနမာ)လည္းအသင္းေခါင္းေဆာင္တစ္ဦးျဖစ္လာဖို႔လိုအပ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီႏွင့္ေရာ္နယ္ဒိုတို႔အၾကားတြင္ Ballon d’Or ဆုကို၁၁ႀကိမ္အထိရရွိထားၿပီးေဘာလုံးသမိုင္းတြင္အေကာင္းဆုံးကစားသမားမ်ားအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။

ေနမာဟာတစ္ခါတုန္းကမက္ဆီႏွင့္ေရာ္နယ္ဒိုတို႔ကိုစိန္ေခၚမယ့္သူအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရေသာ္လည္း Ballon d’Or ဆုကိုဆြတ္ခူးခဲ့ဖူးျခင္းမရွိပါဘူး။