နေမာရဲ့ပါတီပွဲများကြောင့် အိမ်နီးချင်းများ တိုင်ကြားမှုနဲ့အတူ ပဲရစ်မြို့တော်ဝန်ပါ ကြားဝင်ပါဝင်လာရ

နေမာရဲ့နေအိမ်အတွင်းပါတီပွဲအကြီးအကျယ်လုပ်မှုများနှင့်အတူပဲရစ်မြို့တော်ဝန်ကြားဝင်ဖြေရှင်းပေးလာရကြောင်းသိရပါတယ်။

ဘရာဇီးစတားဟာပဲရစ်ဆင်ခြေဖုံးရှိ Bougival တွင်နေထိုင်နေပါတယ်။

ပြင်သစ်သတင်းစာ Le Parisien ကနေမာဟာနေအိမ်တွင်ပါတီပွဲများပြုလုပ်လေ့ရှိနေပြီးအိမ်နီးချင်းများမှာစိတ်အနှောက်အယှက်ဖြစ်လျက်ရှိကြပါတယ်။

RMC ရဲ့ဖော်ပြချက်အရBougival မြို့တော်ဝန်လူဝက်ဝဲလ်လီဟာ အခြေအနေပြေလည်မှုများဖြစ်စေရန်ကြားဝင်ဖြေရှင်းပေးခဲ့ရကြောင်းသိရပါတယ်။

အထူးသဖြင့်နေမာဟာပြီးခဲ့တဲ့အပတ်တုန်းကသူ့ရဲအ့သက်၃၁နှစ်ပြည့်မွေးနေ့ကိုအကြီးအကျယ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းမွေးနေပါတီပွဲမှာညနက်သန်းခေါင်းအထိပြုလုပ်ခဲ့ပြီးဆူညံပွက်လောရိုက်နေမှုကြောင့်အိမ်နီးချင်းများ ရဲစခန်းသို့အကြောင်းကြားခဲ့ရပါတယ်။

နေမာဟာယင်းသို့တိုင်ကြားခြင်းခံခဲ့ရလျှင်လည်းပါတီပွဲကိုနံနက်၅နာရီအထိပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းမြို့တော်ဝန်ဟာနေမာရဲ့အိမ်ရှင်ကိုဆက်သွယ်ကာအခြေအနေကိုဖြေရှင်းရန်ပြောဆိုခဲ့ပါတယ်။အိမ်ရှင်ကလည်းနေမာရဲ့ဖခင်နှင့်ဆက်သွယ်ကာပြောကြားမယ်လို့ကတိပြုထားပါတယ်။

နေမာဟာမိုနာကိုအား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့လီဂူး၁ပွဲစဉ်တွင်ပွဲချိန်ပြည့်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာခရစ္စတိုဖာဂယ်တီယာရဲ့လက်အောက်တွင်ပထမဆုံးအကြိမ်အဖြစ်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

နေမာဟာကိုင်လီယန်ဘက်ပေးနှင့်မက်ဆီမပါဝင်ချိန်မှာအစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့လည်းနိုင်ပွဲရှာဖွေမပေးနိုင်ခဲ့ပါဘူး။

ZawGyi

ေနမာရဲ႕ပါတီပြဲမ်ားေၾကာင့္ အိမ္နီးခ်င္းမ်ား တိုင္ၾကားမႈနဲ႔အတူ ပဲရစ္ၿမိဳ႕ေတာ္ဝန္ပါ ၾကားဝင္ပါဝင္လာရ

ေနမာရဲ႕ေနအိမ္အတြင္းပါတီပြဲအႀကီးအက်ယ္လုပ္မႈမ်ားႏွင့္အတူပဲရစ္ၿမိဳ႕ေတာ္ဝန္ၾကားဝင္ေျဖရွင္းေပးလာရေၾကာင္းသိရပါတယ္။

ဘရာဇီးစတားဟာပဲရစ္ဆင္ေျခဖုံးရွိ Bougival တြင္ေနထိုင္ေနပါတယ္။

ျပင္သစ္သတင္းစာ Le Parisien ကေနမာဟာေနအိမ္တြင္ပါတီပြဲမ်ားျပဳလုပ္ေလ့ရွိေနၿပီးအိမ္နီးခ်င္းမ်ားမွာစိတ္အေႏွာက္အယွက္ျဖစ္လ်က္ရွိၾကပါတယ္။

RMC ရဲ႕ေဖာ္ျပခ်က္အရBougival ၿမိဳ႕ေတာ္ဝန္လူဝက္ဝဲလ္လီဟာ အေျခအေနေျပလည္မႈမ်ားျဖစ္ေစရန္ၾကားဝင္ေျဖရွင္းေပးခဲ့ရေၾကာင္းသိရပါတယ္။

အထူးသျဖင့္ေနမာဟာၿပီးခဲ့တဲ့အပတ္တုန္းကသူ႔ရဲအ့သက္၃၁ႏွစ္ျပည့္ေမြးေန႔ကိုအႀကီးအက်ယ္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ယင္းေမြးေနပါတီပြဲမွာညနက္သန္းေခါင္းအထိျပဳလုပ္ခဲ့ၿပီးဆူညံပြက္ေလာ႐ိုက္ေနမႈေၾကာင့္အိမ္နီးခ်င္းမ်ား ရဲစခန္းသို႔အေၾကာင္းၾကားခဲ့ရပါတယ္။

ေနမာဟာယင္းသို႔တိုင္ၾကားျခင္းခံခဲ့ရလွ်င္လည္းပါတီပြဲကိုနံနက္၅နာရီအထိျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းၿမိဳ႕ေတာ္ဝန္ဟာေနမာရဲ႕အိမ္ရွင္ကိုဆက္သြယ္ကာအေျခအေနကိုေျဖရွင္းရန္ေျပာဆိုခဲ့ပါတယ္။အိမ္ရွင္ကလည္းေနမာရဲ႕ဖခင္ႏွင့္ဆက္သြယ္ကာေျပာၾကားမယ္လို႔ကတိျပဳထားပါတယ္။

ေနမာဟာမိုနာကိုအား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့လီဂူး၁ပြဲစဥ္တြင္ပြဲခ်ိန္ျပည့္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာခရစၥတိုဖာဂယ္တီယာရဲ႕လက္ေအာက္တြင္ပထမဆုံးအႀကိမ္အျဖစ္ႏွစ္ပြဲဆက္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

ေနမာဟာကိုင္လီယန္ဘက္ေပးႏွင့္မက္ဆီမပါဝင္ခ်ိန္မွာအစြမ္းကုန္ႀကိဳးပမ္းခဲ့ေပမဲ့လည္းႏိုင္ပြဲရွာေဖြမေပးႏိုင္ခဲ့ပါဘူး။