
မန်ချက်စတာယူနိုက်တက်အပါအဝင်ဥရောပထိပ်သီးများအနေဖြင့် နေမာလက်သစ်လို့ နာမည်ကျော်ကြားနေတဲ့ ဘရာဇီးဆယ်ကျော်သက်ပါရမီရှင်အန်းဒရစ်ခ်ကိုခေါ်ယူလိုပါကပြောင်းရွှေ့ကြေးယူရိုသန်း၆၀အသုံးပြုလာရပါမယ်။
အသက်၁၆နှစ်အရွယ်ရှိပါးမီးရပ်စ်လူငယ်ပါရမီရှင်အန်းဒရစ်ခ်ဟာဘရာဇီးစီးရီးအေတွင်ဂိုးသွင်းယူပြီးနောက်ပါးမီးရပ်စ်သမိုင်းတွင်အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူဖြစ်လာခဲ့သူဖြစ်ပါတယ်။
သူဟာတချိန်တွင်တောက်ပလာမယ့်ပါရမီရှင်တိုက်စစ်သမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီးဥရောပထိပ်သီးများရဲ့စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီ၊ဘိုင်ယန်မြူးနစ်တို့ဟာယင်းကစားသမားကိုကင်းထောက်များစေလွှတ်ကာစောင့်ကြည့်လာခဲ့တာကြာမြင့်ပြီလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ယနေ့ထွက်ပေါ်လာတဲ့သတင်းအရပါးမီးရပ်စ်ဟာသူတို့ရဲ့ပါရမီရှင်ကစားသမားလေးကိုပြောင်းရွှေ့ကြေးယူရိုသန်း၆၀မရဘဲရောင်းချလာမှာမဟုတ်ကြောင်းသိရပါတယ်။
ပါးမီးရပ်စ်ဟာအသက်၁၆နှစ်နှင့်၃လတည်းသာရှိသေးတဲ့ အန်းဒရစ်ခ်ကိုစာချုပ်ချုပ်ဆိုတုန်းကသူ့ကိုယူရိုသန်း၆၀ရရှိမှသာလျှင်ရောင်းချမယ်ဆိုတဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးအပြည့်အဝရရှိမှသာလျှင်ရောင်းချလာပါမယ်။
ဘယ်သန်ပါရမီရှင်တိုက်စစ်သမားဟာတိုက်စစ်တွင်နေရာစုံကစားနိုင်သူဖြစ်ပြီးယခုနှစ်အစောပိုင်းတုန်းကပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး၂၀၂၅ခုနှစ်တွင်မှစာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
ZawGyi
ေနမာလက္သစ္ကို ေခၚယူလိုပါက ယူ႐ိုသန္း ၆၀ ေပးရမယ့္ ယူႏိုက္တက္အပါအဝင္ ဥေရာပထိပ္သီးမ်ား
မန္ခ်က္စတာယူႏိုက္တက္အပါအဝင္ဥေရာပထိပ္သီးမ်ားအေနျဖင့္ ေနမာလက္သစ္လို႔ နာမည္ေက်ာ္ၾကားေနတဲ့ ဘရာဇီးဆယ္ေက်ာ္သက္ပါရမီရွင္အန္းဒရစ္ခ္ကိုေခၚယူလိုပါကေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၆၀အသုံးျပဳလာရပါမယ္။
အသက္၁၆ႏွစ္အ႐ြယ္ရွိပါးမီးရပ္စ္လူငယ္ပါရမီရွင္အန္းဒရစ္ခ္ဟာဘရာဇီးစီးရီးေအတြင္ဂိုးသြင္းယူၿပီးေနာက္ပါးမီးရပ္စ္သမိုင္းတြင္အသက္အငယ္ဆုံးဂိုးသြင္းႏိုင္သူျဖစ္လာခဲ့သူျဖစ္ပါတယ္။
သူဟာတခ်ိန္တြင္ေတာက္ပလာမယ့္ပါရမီရွင္တိုက္စစ္သမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီးဥေရာပထိပ္သီးမ်ားရဲ႕စိတ္ဝင္စားျခင္းခံေနရပါတယ္။
ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီ၊ဘိုင္ယန္ျမဴးနစ္တို႔ဟာယင္းကစားသမားကိုကင္းေထာက္မ်ားေစလႊတ္ကာေစာင့္ၾကည့္လာခဲ့တာၾကာျမင့္ၿပီလည္း ျဖစ္ပါတယ္။
ဒါေပမဲ့ယေန႔ထြက္ေပၚလာတဲ့သတင္းအရပါးမီးရပ္စ္ဟာသူတို႔ရဲ႕ပါရမီရွင္ကစားသမားေလးကိုေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၆၀မရဘဲေရာင္းခ်လာမွာမဟုတ္ေၾကာင္းသိရပါတယ္။
ပါးမီးရပ္စ္ဟာအသက္၁၆ႏွစ္ႏွင့္၃လတည္းသာရွိေသးတဲ့ အန္းဒရစ္ခ္ကိုစာခ်ဳပ္ခ်ဳပ္ဆိုတုန္းကသူ႔ကိုယူ႐ိုသန္း၆၀ရရွိမွသာလွ်င္ေရာင္းခ်မယ္ဆိုတဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကးအျပည့္အဝရရွိမွသာလွ်င္ေရာင္းခ်လာပါမယ္။
ဘယ္သန္ပါရမီရွင္တိုက္စစ္သမားဟာတိုက္စစ္တြင္ေနရာစုံကစားႏိုင္သူျဖစ္ၿပီးယခုႏွစ္အေစာပိုင္းတုန္းကပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး၂၀၂၅ခုႏွစ္တြင္မွစာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။