နေမာ၊ဘက်ပေး၊မက်ဆီ၊ဒီမာရီယာတို့နဲ့ပွဲထွက်ခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက်မပြုလုပ်နိုင်ဘဲ လီဂူး၁ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာလီယွန်နယ်မက်ဆီ။နေမာ၊ကိုင်လီယန်ဘက်ပေးနှင့်အိန်ဂျယ်ဒီမာရီယာတို့နှင့်ပွဲထွက်ခဲ့ပေမယ့်လည်းယခုရာသီမှာပထမဆုံးလီဂူး၁ရှုံးပွဲနှင့်ကြုံတွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလီယွန်နယ်မက်ဆီရောက်လာမှုနဲ့အတူယခုရာသီမှာပြင်သစ်လိဂ်ကိုလွှမ်းမိုးလိမ့်မယ်လို့ယူဆခဲ့ရပါတယ်။

ပိုချက်တီနိုဦးဆောင်တဲ့ပီအက်စ်ဂျီဟာယနေ့ညရန်းနက်စ်နှင့်ပွဲမတိုင်မီအထိရှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိထားခဲ့ပါတယ်။ယနေ့ညရန်းနက်စ်နှင့်ပွဲစဉ်မှာလည်းမက်ဆီ၊နေမာ၊ဘက်ပေး၊ဒီမာရီယာတို့နှင့်ပွဲထွက်လာမှုနဲ့အတူနိုင်ပွဲဆက်ဦးမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်ပွဲတကယ်ကစားချိန်မှာတော့ပီအက်စ်ဂျီဟာရန်းနက်စ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီး ရာနှုန်းပြည့်နိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။ရန်းနက်စ်အတွက်အနိုင်ဂိုးများပထမပိုင်းပြီးခါနီးတစ်မိနစ်အတွင်းမှာလာဘော်ဒီနှင့်ဖလာဗီယန်တိုက်တို့ကသွင်းယူသွားခဲ့ကြပါတယ်။

ယခုပွဲမှာထူးခြားတာကတော့မက်ဆီ၊နေမာ၊ဘက်ပေး၊ဒီမာရီယာတို့နှင့်ပွဲထွက်လာတဲ့ပီအက်စ်ဂျီအသင်းဟာရန်းနက်စ်အသင်းကိုဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မှမပြုလုပ်နိုင်ဘဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ZawGyi

ေနမာ၊ဘက္ေပး၊မက္ဆီ၊ဒီမာရီယာတို႔နဲ႔ပြဲထြက္ခဲ့ေပမယ့္ ဂိုးေပါက္တည့္ကန္ခ်က္မျပဳလုပ္ႏိုင္ဘဲ လီဂူး၁ ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာလီယြန္နယ္မက္ဆီ။ေနမာ၊ကိုင္လီယန္ဘက္ေပးႏွင့္အိန္ဂ်ယ္ဒီမာရီယာတို႔ႏွင့္ပြဲထြက္ခဲ့ေပမယ့္လည္းယခုရာသီမွာပထမဆုံးလီဂူး၁ရႈံးပြဲႏွင့္ႀကဳံေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကလီယြန္နယ္မက္ဆီေရာက္လာမႈနဲ႔အတူယခုရာသီမွာျပင္သစ္လိဂ္ကိုလႊမ္းမိုးလိမ့္မယ္လို႔ယူဆခဲ့ရပါတယ္။

ပိုခ်က္တီႏိုဦးေဆာင္တဲ့ပီအက္စ္ဂ်ီဟာယေန႔ညရန္းနက္စ္ႏွင့္ပြဲမတိုင္မီအထိရွစ္ပြဲဆက္တိုက္ႏိုင္ပြဲရရွိထားခဲ့ပါတယ္။ယေန႔ညရန္းနက္စ္ႏွင့္ပြဲစဥ္မွာလည္းမက္ဆီ၊ေနမာ၊ဘက္ေပး၊ဒီမာရီယာတို႔ႏွင့္ပြဲထြက္လာမႈနဲ႔အတူႏိုင္ပြဲဆက္ဦးမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ပြဲတကယ္ကစားခ်ိန္မွာေတာ့ပီအက္စ္ဂ်ီဟာရန္းနက္စ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲရပ္တန႔္သြားခဲ့ပါတယ္။ရန္းနက္စ္အတြက္အႏိုင္ဂိုးမ်ားပထမပိုင္းၿပီးခါနီးတစ္မိနစ္အတြင္းမွာလာေဘာ္ဒီႏွင့္ဖလာဗီယန္တိုက္တို႔ကသြင္းယူသြားခဲ့ၾကပါတယ္။

ယခုပြဲမွာထူးျခားတာကေတာ့မက္ဆီ၊ေနမာ၊ဘက္ေပး၊ဒီမာရီယာတို႔ႏွင့္ပြဲထြက္လာတဲ့ပီအက္စ္ဂ်ီအသင္းဟာရန္းနက္စ္အသင္းကိုဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္မွမျပဳလုပ္ႏိုင္ဘဲရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။