နေမာ ဘောလုံးမပေးကြောင်း ညည်းတွားစောဒကတက်နေတဲ့ ဘက်ပေးရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာ

ပီအက်စ်ဂျီစတားကိုင်ယန်ယန်ဘက်ပေးကကစားဖော်နေမာကိုသူ့ထံသို့ဘောလုံးပေးပို့ခြင်းမပြုကြောင်းညည်းတွားစောဒကတက်နေတဲ့ဗီဒီယိုဖိုင်ကိုရုပ်သံကအမိအရရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဘက်ပေးဟာမွန်ပယ်လီယာအား၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားလဲခြင်းခံရပြီးနောက်အရန်ခုံတွင်ကစားဖော်ဂါနာဂူယီအားနေမာကသူ့ထံသို့ဘောလုံးမပေးကြောင်းညည်းတွားစောဒကတက်နေခဲ့တာဖြစ်ပါတယ်။ဘက်ပေးဟာပွဲချိန်၈၈မိနစ်မှာလူစားလဲခံရပြီးနောက်အရန်ခုံတွင်ကစားဖော်ကိုပြောပြနေခဲ့တာဖြစ်ပြီးယင်းကို Canal+ ကရိုက်ကူးမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

RMC Sport ရဲ့ဖော်ပြချက်အရဘက်ပေးက ‘သူ(နေမာ)ငါ့ကိုဘောလုံးမပေးဘူး”လို့ပြောကြားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

မွန်ပယ်လီယာအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပီအက်စ်ဂျီအတွက်ဦးဆောင်ဂိုးကိုဂူယီကသွင်းယူခဲ့တာဖြစ်ပြီးဒုတိယအနိုင်ဂိုးကိုနေမာရဲ့ဖန်တီးမှုကနေဒရက််စ်လာကသွင်းယူခဲ့တာဖြစ်ပါတယ်။

ယင်းနိုင်ပွဲကြောင့်ပီအက်စ်ဂျီဟာဒုတိယနေရာမှလန်းစ်ကိုရမှတ်၉မှတ်ဖြတ်ထားနိုင်ပါတယ်။ပီအက်စ်ဂျီဟာလာမယ့်အင်္ဂါနေ့မှာမန်စီးတီးနှင့်ချန်ပီယံလိဂ်အုပ်စုပွဲကစားရပါမယ်။

ZawGyi

ေနမာ ေဘာလုံးမေပးေၾကာင္း ညည္းတြားေစာဒကတက္ေနတဲ့ ဘက္ေပးရဲ႕ ဗီဒီယိုဖိုင္ ထြက္ေပၚလာ

ပီအက္စ္ဂ်ီစတားကိုင္ယန္ယန္ဘက္ေပးကကစားေဖာ္ေနမာကိုသူ႔ထံသို႔ေဘာလုံးေပးပို႔ျခင္းမျပဳေၾကာင္းညည္းတြားေစာဒကတက္ေနတဲ့ဗီဒီယိုဖိုင္ကို႐ုပ္သံကအမိအရ႐ိုက္ကူးမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ဘက္ေပးဟာမြန္ပယ္လီယာအား၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမွာ လူစားလဲျခင္းခံရၿပီးေနာက္အရန္ခုံတြင္ကစားေဖာ္ဂါနာဂူယီအားေနမာကသူ႔ထံသို႔ေဘာလုံးမေပးေၾကာင္းညည္းတြားေစာဒကတက္ေနခဲ့တာျဖစ္ပါတယ္။ဘက္ေပးဟာပြဲခ်ိန္၈၈မိနစ္မွာလူစားလဲခံရၿပီးေနာက္အရန္ခုံတြင္ကစားေဖာ္ကိုေျပာျပေနခဲ့တာျဖစ္ၿပီးယင္းကို Canal+ က႐ိုက္ကူးမွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။

RMC Sport ရဲ႕ေဖာ္ျပခ်က္အရဘက္ေပးက ‘သူ(ေနမာ)ငါ့ကိုေဘာလုံးမေပးဘူး”လို႔ေျပာၾကားခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

မြန္ပယ္လီယာအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပီအက္စ္ဂ်ီအတြက္ဦးေဆာင္ဂိုးကိုဂူယီကသြင္းယူခဲ့တာျဖစ္ၿပီးဒုတိယအႏိုင္ဂိုးကိုေနမာရဲ႕ဖန္တီးမႈကေနဒရက္္စ္လာကသြင္းယူခဲ့တာျဖစ္ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္ပီအက္စ္ဂ်ီဟာဒုတိယေနရာမွလန္းစ္ကိုရမွတ္၉မွတ္ျဖတ္ထားႏိုင္ပါတယ္။ပီအက္စ္ဂ်ီဟာလာမယ့္အဂၤါေန႔မွာမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲကစားရပါမယ္။