နေရာရရန်ရုန်းကန်နေရတဲ့ မာတီနယ်လီမှာ ရေရှည်စီမံကိန်းတွင် ပါဝင်ကြောင်း အာတီတာဖွင့်ဟ

ဘရာဇီးတိုက်စစ်သမားမာတီနယ်လီဟာယခုရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲနှစ်ပွဲတည်းသာကစားခွင့်ရရှိထားပါတယ်။ဒါပေမယ့်အာဆင်နယ်နည်းပြအာတီတာကတော့ဘရာဇီးတိုက်စ်စ်သမားဟာသူ့ရဲ့အနာဂတ်ရေရှည်စီမံကိန်းတွင်ပါဝင်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၀နှစ်ရှိမာတီနယ်လီဟာယခုရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲ၂ပွဲကစားခွင့်ရရှိရာမှာမိနစ်၁၅၀ကစားခွင့်ရရှိထားတာဖြစ်ပြီးစုစုပေါင်း၄ပွဲကစားခွင့်ရထားပါတယ်။သူဟာဝင်ဘာလေအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်တွင်လူစားလဲခံခဲ့ရပြီးနောက်ပိုင်းတွင်ပွဲကစားခွင့်မရလာခဲ့ပါဘူး။

ဒါပေမယ့်အာတီတာက “အဓိကကတော့အဲဒီနေရာမှာကစားတဲ့ကစားသမားကများနေလို့ပါ။သူပွဲတချို့ကစားခွင့်ရခဲ့တယ်။ဘရန့်ဖို့ဒ်နဲ့ပွဲမှာရောချဲလ်ဆီးနဲ့ပွဲမှာပါပွဲထွက်ခွင့်ရခဲ့တယ်။ကံဆိုးတာကပြီးခဲ့တဲ့အပတ်တုန်းကသူဒဏ်ရာရခဲ့တယ်။အသေးစားဒဏ်ရာပါ။တနင်္လာနေ့အထိကစားနိုင်ဦးမလားမသိရသေးပါဘူး။ဒါပေမယ့်သူ့အပေါ်မှာကျွန်တော်တို့အများကြီးယုံကြည်မှုရှိပါတယ်။သူ့ကိုအသင်းမှာသင့်တော်တဲ့နေရာပေးဖို့ရှာသွားပါမယ်။ဒဏ်ရာမရခင်တုန်းကသူကစားတဲ့ပွဲတွေကိုကြည့်ရင်သူ့ကိုဆက်တိုက်သုံးရင်အခြေအနေဆိုးလာမှာမြင်ရပါမယ်။တစ်ခါတလေကျွန်တော်တို့ဟာသူ့အသက်ကိုမေ့နေကြတယ်။ကျွန်တော်တို့အနေနဲ့သူ့ကိုဟန်ချက်ညီအောင်လုပ်ပြီးကူညီရပါမယ်”လို့ပြောကြားသွားပါတယ်။

တိုက်စစ်တွင်နေရာစုံကစားနိုင်တဲ့မာတီနယ်လီဟာနေရာရရှိရန်အတွက်အူဘာမီယန်၊လာကာဇက်တီ၊နီကိုလပ်စ်ပီပီ၊ဘူကာယိုဆာကာ၊အီမီလီစမစ်ရိုးတို့နှင့်ယှဉ်ပြိုင်နေရတာလည်းဖြစ်ပါတယ်။

ZawGyi

ေနရာရရန္႐ုန္းကန္ေနရတဲ့ မာတီနယ္လီမွာ ေရရွည္စီမံကိန္းတြင္ ပါဝင္ေၾကာင္း အာတီတာဖြင့္ဟ

ဘရာဇီးတိုက္စစ္သမားမာတီနယ္လီဟာယခုရာသီမွာအာဆင္နယ္အတြက္ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲတည္းသာကစားခြင့္ရရွိထားပါတယ္။ဒါေပမယ့္အာဆင္နယ္နည္းျပအာတီတာကေတာ့ဘရာဇီးတိုက္စ္စ္သမားဟာသူ႔ရဲ႕အနာဂတ္ေရရွည္စီမံကိန္းတြင္ပါဝင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၀ႏွစ္ရွိမာတီနယ္လီဟာယခုရာသီမွာအာဆင္နယ္အတြက္ပရီးမီးယားလိဂ္ပြဲ၂ပြဲကစားခြင့္ရရွိရာမွာမိနစ္၁၅၀ကစားခြင့္ရရွိထားတာျဖစ္ၿပီးစုစုေပါင္း၄ပြဲကစားခြင့္ရထားပါတယ္။သူဟာဝင္ဘာေလအား၃-၀ဂိုးျဖင့္အနိိုင္ရရွိတဲ့ခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္တြင္လူစားလဲခံခဲ့ရၿပီးေနာက္ပိုင္းတြင္ပြဲကစားခြင့္မရလာခဲ့ပါဘူး။

ဒါေပမယ့္အာတီတာက “အဓိကကေတာ့အဲဒီေနရာမွာကစားတဲ့ကစားသမားကမ်ားေနလို႔ပါ။သူပြဲတခ်ိဳ႕ကစားခြင့္ရခဲ့တယ္။ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာေရာခ်ဲလ္ဆီးနဲ႔ပြဲမွာပါပြဲထြက္ခြင့္ရခဲ့တယ္။ကံဆိုးတာကၿပီးခဲ့တဲ့အပတ္တုန္းကသူဒဏ္ရာရခဲ့တယ္။အေသးစားဒဏ္ရာပါ။တနလၤာေန႔အထိကစားႏိုင္ဦးမလားမသိရေသးပါဘူး။ဒါေပမယ့္သူ႔အေပၚမွာကြၽန္ေတာ္တို႔အမ်ားႀကီးယုံၾကည္မႈရွိပါတယ္။သူ႔ကိုအသင္းမွာသင့္ေတာ္တဲ့ေနရာေပးဖို႔ရွာသြားပါမယ္။ဒဏ္ရာမရခင္တုန္းကသူကစားတဲ့ပြဲေတြကိုၾကည့္ရင္သူ႔ကိုဆက္တိုက္သုံးရင္အေျခအေနဆိုးလာမွာျမင္ရပါမယ္။တစ္ခါတေလကြၽန္ေတာ္တို႔ဟာသူ႔အသက္ကိုေမ့ေနၾကတယ္။ကြၽန္ေတာ္တို႔အေနနဲ႔သူ႔ကိုဟန္ခ်က္ညီေအာင္လုပ္ၿပီးကူညီရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

တိုက္စစ္တြင္ေနရာစုံကစားႏိုင္တဲ့မာတီနယ္လီဟာေနရာရရွိရန္အတြက္အူဘာမီယန္၊လာကာဇက္တီ၊နီကိုလပ္စ္ပီပီ၊ဘူကာယိုဆာကာ၊အီမီလီစမစ္႐ိုးတို႔ႏွင့္ယွဥ္ၿပိဳင္ေနရတာလည္းျဖစ္ပါတယ္။