နေအိမ်တွင် ပရီးမီးယားလိဂ်စတားနှင့်ချစ်သူတို့ ဓားကိုင်လူဆိုးများရဲ့ အကြမ်းဖက်ဓားပြတိုက်ခံရ

ပရီးမီးယားလိဂ်စတားတစ်ဦးဟာသူ့နေအိမ်တွင်ပင်သူ့ချစ်သူနှင့်အတူဓားကိုင်မျက်နှာဖုံးစွပ်လူဆိုးများရဲ့တိုက်ခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။

အနက်ရောင်မျက်နှာဖုံးစွပ်လူဆိုးများဟာပရီးမီးယားလိဂ်စတားရဲ့ပေါင်၁.၅သန်းတန်နေအိမ်သို့ထိုးဖောက်ဝင်ရောက်လာပြီးနောက် ကစားသမားကိုနေအိမ်တလွှားတရွတ်တိုက်ဆွဲမှုပြုလုပ်ခဲ့ကြပါတယ်။

ယင်းလူဆိုးများဟာနိုင်ငံတကာပွဲစဉ်များအတွင်းကစားသမားကိုနိုင်ငံခြားသို့ရောက်နေတယ်လို့ယူဆကာနေအိမ်ကိုဖောက်ထွင်းဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့်ကစားသမားဟာလက်ရွေးစင်အသင်းမှနုတ်ထွက်ထားတာကြောင့်အိမ်သို့ပြန်ရောက်နေပါတယ်။

သူဟာသူငယ်ချင်းများနှင့်အတူတီဗွီကြည့်နေစဉ်မျက်နှာဖုံးစွပ်လူဆိုးလေးဦးတို့ဟာမှန်တံခါးကိုရိုက်ခွဲပြီးနေအိမ်ကိုဝင်ရောက်လာခဲ့ကြပါတယ်။ယင်းအချိန်တွင်အမည်ဖော်ပြထားခြင်းမရှိတဲ့ကစားသမားရဲ့ချစ်သူကရေချိုးနေပါတယ်။လူဆိုးများဟာ၎င်းတို့နှစ်ဦးကိုတရွတ်တိုက်ဆွဲယူပြီးအတူပူးချည်နှောင်ကာတစ်အိမ်လုံးကိုမွေနှောက်ရှာဖွေခဲ့ပါတယ်။

လူဆိုးများဟာနေအိမ်မှနာရီများ၊အဖိုးတန်လက်ဝတ်ရတနာများ၊လျှပ်စစ်ပစ္စည်းများကိုရယူသွားခဲ့ကြပါတယ်။

ယင်းဓားပြတိုက်စီးနင်းမှုကြောင့်သူ့ကလပ်နှင့်တာဝန်ရှိသူများလည်းအကြီးအကျယ်တုန်လှုပ်မှုဖြစ်ခဲ့ကြပါတယ်။

ဖောက်ထွင်းသမားများဟာဘောလုံးသမားများ အဝေးကွင်းသွားရောက်ကစားချိန်တွင်နေအိမ်ကိုပစ်မှတ်ထားဖောက်ထွင်းလေ့ရှိကြပါတယ်။ပြီးခဲ့တဲ့မတ်လတုန်းကလည်းအဲဗာတန်ဂိုးသမားအိုလ်ဆင်နှင့်မိသားစုဝင်တို့နေအိမ်တွင်ရှိနေစဉ်မျက်နှာစွပ်ဓားကိုင် ဓားပြတစ်ဦးရဲ့စီးနင်းမှုခံခဲ့ရဖူးပါတယ်။

ZawGyi

ေနအိမ္တြင္ ပရီးမီးယားလိဂ္စတားႏွင့္ခ်စ္သူတို႔ ဓားကိုင္လူဆိုးမ်ားရဲ႕ အၾကမ္းဖက္ဓားျပတိုက္ခံရ

ပရီးမီးယားလိဂ္စတားတစ္ဦးဟာသူ႔ေနအိမ္တြင္ပင္သူ႔ခ်စ္သူႏွင့္အတူဓားကိုင္မ်က္ႏွာဖုံးစြပ္လူဆိုးမ်ားရဲ႕တိုက္ခိုက္မႈႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းသိရပါတယ္။

အနက္ေရာင္မ်က္ႏွာဖုံးစြပ္လူဆိုးမ်ားဟာပရီးမီးယားလိဂ္စတားရဲ႕ေပါင္၁.၅သန္းတန္ေနအိမ္သို႔ထိုးေဖာက္ဝင္ေရာက္လာၿပီးေနာက္ ကစားသမားကိုေနအိမ္တလႊားတ႐ြတ္တိုက္ဆြဲမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းလူဆိုးမ်ားဟာႏိုင္ငံတကာပြဲစဥ္မ်ားအတြင္းကစားသမားကိုႏိုင္ငံျခားသို႔ေရာက္ေနတယ္လို႔ယူဆကာေနအိမ္ကိုေဖာက္ထြင္းဝင္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။ဒါေပမယ့္ကစားသမားဟာလက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ထားတာေၾကာင့္အိမ္သို႔ျပန္ေရာက္ေနပါတယ္။

သူဟာသူငယ္ခ်င္းမ်ားႏွင့္အတူတီဗြီၾကည့္ေနစဥ္မ်က္ႏွာဖုံးစြပ္လူဆိုးေလးဦးတို႔ဟာမွန္တံခါးကို႐ိုက္ခြဲၿပီးေနအိမ္ကိုဝင္ေရာက္လာခဲ့ၾကပါတယ္။ယင္းအခ်ိန္တြင္အမည္ေဖာ္ျပထားျခင္းမရွိတဲ့ကစားသမားရဲ႕ခ်စ္သူကေရခ်ိဳးေနပါတယ္။လူဆိုးမ်ားဟာ၎တို႔ႏွစ္ဦးကိုတ႐ြတ္တိုက္ဆြဲယူၿပီးအတူပူးခ်ည္ေႏွာင္ကာတစ္အိမ္လုံးကိုေမြေႏွာက္ရွာေဖြခဲ့ပါတယ္။

လူဆိုးမ်ားဟာေနအိမ္မွနာရီမ်ား၊အဖိုးတန္လက္ဝတ္ရတနာမ်ား၊လွ်ပ္စစ္ပစၥည္းမ်ားကိုရယူသြားခဲ့ၾကပါတယ္။

ယင္းဓားျပတိုက္စီးနင္းမႈေၾကာင့္သူ႔ကလပ္ႏွင့္တာဝန္ရွိသူမ်ားလည္းအႀကီးအက်ယ္တုန္လႈပ္မႈျဖစ္ခဲ့ၾကပါတယ္။

ေဖာက္ထြင္းသမားမ်ားဟာေဘာလုံးသမားမ်ား အေဝးကြင္းသြားေရာက္ကစားခ်ိန္တြင္ေနအိမ္ကိုပစ္မွတ္ထားေဖာက္ထြင္းေလ့ရွိၾကပါတယ္။ၿပီးခဲ့တဲ့မတ္လတုန္းကလည္းအဲဗာတန္ဂိုးသမားအိုလ္ဆင္ႏွင့္မိသားစုဝင္တို႔ေနအိမ္တြင္ရွိေနစဥ္မ်က္ႏွာစြပ္ဓားကိုင္ ဓားျပတစ္ဦးရဲ႕စီးနင္းမႈခံခဲ့ရဖူးပါတယ္။