
ရာဟမ်းစတာလင်းကမိသားစုလုံခြုံစိတ်ချရခြင်းမရှိဘဲအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲသို့ပြန်မည်မဟုတ်ကြောင်းပြောကြားလာပါတယ်။
ရာဟမ်းစတာလင်းရဲ့နေအိမ်ကိုစနေနေ့ညတုန်းကမျက်နှာဖုံးစွပ်ဂိုဏ်းတစ်ဂိုဏ်းကအနုကြမ်းစီးခဲ့ပြီးပေါင်၃၀၀၀၀၀တန်ဖိုးရှိတန်ဖိုးကြီးနာရီနှင့်လက်ဝတ်ရတနာများရယူသွားခဲ့ကြပါတယ်။
သူဟာပြီးခဲ့တဲ့လများအတွင်းတွင်ဖောက်ထွင်းသမားများရဲ့ပစ်မှတ်ထားခြင်းခံရတဲ့စတုတ္ထမြောက်ချဲလ်ဆီးကစားသမားလည်းဖြစ်ပါတယ်။
စနေနေ့တုန်းကရာဟမ်းစတာလင်းနေအိမ်အနုကြမ်းစီးခံရချိန်တွင်နေအိမ်အတွင်းတွင်စတာလင်းရဲ့ချစ်သူပိုင်ဂီနှင့်ကလေးနှစ်ဦးရှိနေပါတယ်။ယင်းအနုကြမ်းစီးမှုမှာအင်္ဂလန်နှင့်ဆီနီဂေါတို့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မကစားမီ၂၄နာရီအလိုတွင်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
အသက်၂၇နှစ်ရှိစတာလင်းဟာနေအိမ်အနုကြမ်းစီးခံရကြောင်းသိရပြီးနောက်အင်္ဂလန်အသင်းမှထွက်ခွာကာအင်္ဂလန်သို့ပြန်ခဲ့ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့လာမယ့်စနေနေ့တွင်ပြင်သစ်နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအမီ စတာလင်း ကာတာသို့ပြန်ရောက်လာဖို့မျှော်လင့်နေပါတယ်။
ဒါပေမဲ့စတာလင်းကတော့မိသားစုဝင်များလုံခြုံစိတ်ချရတဲ့အနေအထားသို့မရောက်ပါကအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲသို့ပြန်မှာမဟုတ်ပါဘူး။
စတာလင်းနဲ့နီးစပ်သူတစ်ဦးက “ရာနှုန်းပြည့်စိတ်မချရဘဲ သူပြန်မှာမဟုတ်ပါဘူး။သူကလုံခြုံရေးအထူးသတိထားတယ်။ဒီနေရာ(ဆာရေး)သို့ပြောင်းလာတာကဒီမှာကလုံခြုံရေးစောင့်ကြပ်မှုပုံမှန်ရှိတဲ့အထူးဧရိယာဖြစ်လို့ပါ။ဒါတောင်ပစ်မှတ်ထားခံရတုန်းပါ။ရာဟမ်းနဲ့ပိုင်ဂီတို့အရမ်းတုန်လှုပ်နေကြတယ်။သူကလန်ဒန်သို့ပြောင်းခါစပဲရှိသေးတယ်။အားလုံးလုံခြုံတယ်လို့ခံစားရချိန်မှာဖြစ်သွားတာ”လို့ပြောကြားသွားပါတယ်။
စတာလင်းဟာနွေရာသီတုန်းကမန်စီးတီးမှချဲလ်ဆီးသို့ပေါင်၄၅သန်းဖြင့်ပြောင်းလာပြီးနောက်ဆာရေးရှိအောက်စ်ရှော့မှနေအိမ်သို့ပြောင်းရွှေ့လာတာဖြစ်ပါတယ်။
ပိုင်ဂီဟာအင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုပွဲသုံးပွဲကိုကာတာသို့လိုက်ပါအားပေးပြီးနောက်အင်္ဂလန်သို့ပြန်လာခဲ့တာလို့ယုံကြည်ရပါတယ်။
ZawGyi
ေနအိမ္အႏုၾကမ္းစီးခံရၿပီးေနာက္ မိသားစုစိတ္မခ်ရဘဲ ကမာၻ႔ဖလားသို႔ ျပန္မွာ မဟုတ္တဲ့ ရာဟမ္းစတာလင္း
ရာဟမ္းစတာလင္းကမိသားစုလုံၿခဳံစိတ္ခ်ရျခင္းမရွိဘဲအဂၤလန္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ျပန္မည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။
ရာဟမ္းစတာလင္းရဲ႕ေနအိမ္ကိုစေနေန႔ညတုန္းကမ်က္ႏွာဖုံးစြပ္ဂိုဏ္းတစ္ဂိုဏ္းကအႏုၾကမ္းစီးခဲ့ၿပီးေပါင္၃၀၀၀၀၀တန္ဖိုးရွိတန္ဖိုးႀကီးနာရီႏွင့္လက္ဝတ္ရတနာမ်ားရယူသြားခဲ့ၾကပါတယ္။
သူဟာၿပီးခဲ့တဲ့လမ်ားအတြင္းတြင္ေဖာက္ထြင္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံရတဲ့စတုတၳေျမာက္ခ်ဲလ္ဆီးကစားသမားလည္းျဖစ္ပါတယ္။
စေနေန႔တုန္းကရာဟမ္းစတာလင္းေနအိမ္အႏုၾကမ္းစီးခံရခ်ိန္တြင္ေနအိမ္အတြင္းတြင္စတာလင္းရဲ႕ခ်စ္သူပိုင္ဂီႏွင့္ကေလးႏွစ္ဦးရွိေနပါတယ္။ယင္းအႏုၾကမ္းစီးမႈမွာအဂၤလန္ႏွင့္ဆီနီေဂါတို႔ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မကစားမီ၂၄နာရီအလိုတြင္ျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။
အသက္၂၇ႏွစ္ရွိစတာလင္းဟာေနအိမ္အႏုၾကမ္းစီးခံရေၾကာင္းသိရၿပီးေနာက္အဂၤလန္အသင္းမွထြက္ခြာကာအဂၤလန္သို႔ျပန္ခဲ့ပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ကေတာ့လာမယ့္စေနေန႔တြင္ျပင္သစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲအမီ စတာလင္း ကာတာသို႔ျပန္ေရာက္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။
ဒါေပမဲ့စတာလင္းကေတာ့မိသားစုဝင္မ်ားလုံၿခဳံစိတ္ခ်ရတဲ့အေနအထားသို႔မေရာက္ပါကအဂၤလန္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ျပန္မွာမဟုတ္ပါဘူး။
စတာလင္းနဲ႔နီးစပ္သူတစ္ဦးက “ရာႏႈန္းျပည့္စိတ္မခ်ရဘဲ သူျပန္မွာမဟုတ္ပါဘူး။သူကလုံၿခဳံေရးအထူးသတိထားတယ္။ဒီေနရာ(ဆာေရး)သို႔ေျပာင္းလာတာကဒီမွာကလုံၿခဳံေရးေစာင့္ၾကပ္မႈပုံမွန္ရွိတဲ့အထူးဧရိယာျဖစ္လို႔ပါ။ဒါေတာင္ပစ္မွတ္ထားခံရတုန္းပါ။ရာဟမ္းနဲ႔ပိုင္ဂီတို႔အရမ္းတုန္လႈပ္ေနၾကတယ္။သူကလန္ဒန္သို႔ေျပာင္းခါစပဲရွိေသးတယ္။အားလုံးလုံၿခဳံတယ္လို႔ခံစားရခ်ိန္မွာျဖစ္သြားတာ”လို႔ေျပာၾကားသြားပါတယ္။
စတာလင္းဟာေႏြရာသီတုန္းကမန္စီးတီးမွခ်ဲလ္ဆီးသို႔ေပါင္၄၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္ဆာေရးရွိေအာက္စ္ေရွာ့မွေနအိမ္သို႔ေျပာင္းေ႐ႊ႕လာတာျဖစ္ပါတယ္။
ပိုင္ဂီဟာအဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားအုပ္စုပြဲသုံးပြဲကိုကာတာသို႔လိုက္ပါအားေပးၿပီးေနာက္အဂၤလန္သို႔ျပန္လာခဲ့တာလို႔ယုံၾကည္ရပါတယ္။