နောက်ကျအနိုင်ဂိုးကို ခွင့်မပြုမှုအတွက် အသင်းခေါင်းဆောင်လက်ပတ်ကိုလွှင့်ပစ်တဲ့အထိ ရော်နယ်ဒိုပေါက်ကွဲ

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဆားဘီးယားနှင့်ပွဲစဉ်တွင်သူသွင်းယူတဲ့နောက်ကျအနိုင်ဂိုးကိုခွင့်မပြုမှုအတွက်အသင်းခေါင်းဆောင်လက်ပတ်ကိုလွှင့်ပစ်တဲ့အထိအကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းတွေ့ရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာဆားဘီးယားနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့နောက်ဆုံးစက္ကန့်ပိုင်းမှာပေါ်တူဂီအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

၂ဂိုးစီသရေကျနေတဲ့အချိန်မှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဘော်လီကန်ချက်ဂိုးစည်းအတွင်းသို့ကျော်သွားခဲ့ပြီးဆားဘီးယားအသင်းခေါင်းဆောင်စတီဖင်မီထရိုဗစ်ဂိုးစည်းအတွင်းမှပင်ရှင်းထုတ်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်စည်းကြပ်ဒိုင်ကဂိုးဝင်သွားကြောင်းအချက်မပြခဲ့ပါဘူး။ယင်းပွဲစဉ်တွင်VARပါဝင်ခြင်းမရှိရာဒိုင်လူကြီးနှင့်စည်းကြပ်ဒိုင်တို့ကဂိုးအဖြစ်မပေးခဲ့ပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအကြီးအကျယ်ဒေါသထွက်ကာစည်းကြပ်ဒိုင်အားစောဒကတက်ခဲ့ပေမယ့်လည်းဂိုးအဖြစ်ခွင့်မပြုခဲ့ပါဘူး။ဒါကြောင့်ရော်နယ်ဒိုဟာအသင်းခေါင်းဆောင်လက်ပတ်ကိုဖြုတ်ပြီးလွှင့်ပစ်ခဲ့တဲ့အထိပေါက်ကွဲခဲ့ပါတယ်။

ဒါပေမယ့်လည်းပွဲအပြီးတွင်ခရစ္စတီယာနိုရော်နယ်ဒိုက “ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်ခွင့်ရတာ ကျွန်တော့်ဘဝရဲ့ဂုဏ်အယူဆုံးအရာတွေထဲကတစ်ခုဖြစ်ပါတယ်။ကျွန်တော့်နိုင်ငံအတွက်အမြဲတမ်း အစွမ်းကုန်ပေးဆပ်လာခဲ့ပါတယ်။ဒါကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်နိုင်ငံလုံးကိုနာကျင်အောင်လုပ်တယ်ခံစားရတဲ့ခက်ခဲတဲ့အချိန်လည်းရှိပါတယ်။ခေါင်းမော့ပြီးနောက်ထပ်စိန်ခေါ်မှုကိုရင်ဆိုင်လိုက်ကြပါစို့။သန်မာစမ်းပါ၊ပေါ်တူဂီ”ဆိုပြီးဆိုရှယ်မီဒီယာမှာရေးသားသွားခဲ့ပါတယ်။

ZawGyi

ေနာက္က်အႏိုင္ဂိုးကို ခြင့္မျပဳမႈအတြက္ အသင္းေခါင္းေဆာင္လက္ပတ္ကိုလႊင့္ပစ္တဲ့အထိ ေရာ္နယ္ဒိုေပါက္ကြဲ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဆားဘီးယားႏွင့္ပြဲစဥ္တြင္သူသြင္းယူတဲ့ေနာက္က်အႏိုင္ဂိုးကိုခြင့္မျပဳမႈအတြက္အသင္းေခါင္းေဆာင္လက္ပတ္ကိုလႊင့္ပစ္တဲ့အထိအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာဆားဘီးယားႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္ရဲ႕ေနာက္ဆုံးစကၠန႔္ပိုင္းမွာေပၚတူဂီအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

၂ဂိုးစီသေရက်ေနတဲ့အခ်ိန္မွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေဘာ္လီကန္ခ်က္ဂိုးစည္းအတြင္းသို႔ေက်ာ္သြားခဲ့ၿပီးဆားဘီးယားအသင္းေခါင္းေဆာင္စတီဖင္မီထ႐ိုဗစ္ဂိုးစည္းအတြင္းမွပင္ရွင္းထုတ္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္စည္းၾကပ္ဒိုင္ကဂိုးဝင္သြားေၾကာင္းအခ်က္မျပခဲ့ပါဘူး။ယင္းပြဲစဥ္တြင္VARပါဝင္ျခင္းမရွိရာဒိုင္လူႀကီးႏွင့္စည္းၾကပ္ဒိုင္တို႔ကဂိုးအျဖစ္မေပးခဲ့ပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအႀကီးအက်ယ္ေဒါသထြက္ကာစည္းၾကပ္ဒိုင္အားေစာဒကတက္ခဲ့ေပမယ့္လည္းဂိုးအျဖစ္ခြင့္မျပဳခဲ့ပါဘူး။ဒါေၾကာင့္ေရာ္နယ္ဒိုဟာအသင္းေခါင္းေဆာင္လက္ပတ္ကိုျဖဳတ္ၿပီးလႊင့္ပစ္ခဲ့တဲ့အထိေပါက္ကြဲခဲ့ပါတယ္။

ဒါေပမယ့္လည္းပြဲအၿပီးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုက “ေပၚတူဂီအသင္းေခါင္းေဆာင္ျဖစ္ခြင့္ရတာ ကြၽန္ေတာ့္ဘဝရဲ႕ဂုဏ္အယူဆုံးအရာေတြထဲကတစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ့္ႏိုင္ငံအတြက္အၿမဲတမ္း အစြမ္းကုန္ေပးဆပ္လာခဲ့ပါတယ္။ဒါကေတာ့ဘယ္ေတာ့မွေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ဒါေပမယ့္တစ္ႏိုင္ငံလုံးကိုနာက်င္ေအာင္လုပ္တယ္ခံစားရတဲ့ခက္ခဲတဲ့အခ်ိန္လည္းရွိပါတယ္။ေခါင္းေမာ့ၿပီးေနာက္ထပ္စိန္ေခၚမႈကိုရင္ဆိုင္လိုက္ၾကပါစို႔။သန္မာစမ္းပါ၊ေပၚတူဂီ”ဆိုၿပီးဆိုရွယ္မီဒီယာမွာေရးသားသြားခဲ့ပါတယ္။