နောက်ကျအနိုင်ဂိုးပူးပေါင်းသွင်းကာ ဗယ်လီကာနိုအတွက် နိုင်ပွဲဆောင်ကျဉ်းပေးခဲ့ကြတဲ့ မန်ယူအပယ်ခံများ

မန်ယူကစားသမားဟောင်းများဖြစ်တဲ့ဘီဘီနှင့်ရာဒါမယ်ဖယ်ကာအိုတို့ဟာမနေ့ညတုန်းက ဘီလ်ဘာအိုအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပူးပေါင်းနောက်ကျဂိုးသွင်းယူကာတန်းတက်ဗယ်လီကာနိုအတွက်နိုင်ပွဲရယူပေးခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ El Tigre လို့အမည်ပြောင်ရရှိထားတဲ့ဖယ်ကာအိုဟာနာကျင်အချိန်ပို၉၅မိနစ်မှာဘီဘီရဲ့ဖရီးကစ်ဘောကနေခေါင်းတိုက်ပြီးအနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ယင်းနိုင်ပွဲမှာဖယ်လီကာနိုအတွက်ယခုရာသီပထမဆုံးအဝေးကွင်းနိုင်ပွဲလည်းဖြစ်ပါတယ်။

မန်ယူကနေအငှားဖြင့်ပြောင်းလာပြီးနောက်အပြီးသတ်ပြောင်းခဲ့တဲ့ဘီဘီဟာဗယ်လီကာနိုအတွက်ပွဲ၁၃၀အထိကစားထားပြီး၁၇ဂိုးသွင်းကာ၁၅ကြိမ်အထိဖန်တီးထားနိုင်ပါတယ်။ မန်ယူတွင်အငှားဖြင့်လာကစားခဲ့ဖူးတဲ့ဖယ်ကာအိုဟာလည်းနွေရာသီတွင်ဂါလာတာစာရေးနှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ဗယ်လီကာနိုသို့ပြောင်းခဲ့သူဖြစ်ပါတယ်။

ဖယ်ကာအိုဟာဗယ်လီကာနိုအတွက်အရန်အဖြစ်နှစ်ပွဲဝင်ရောက်ကစားထားရာမှာနှစ်ဂိုးအထိသွင်းယူထားနိုင်ပြီးအကောင်းဆုံးပုံစံပြန်လည်ရရှိလာနေတာလည်းဖြစ်ပါတယ်။

ဘီဘီနှင့်ဖယ်ကာအိုတို့ဟာမန်ယူတွင်ဆုံစည်းခဲ့ကြဖူးပါတယ်။ပေါ်တူဂီတောင်ပံကစားသမားဘီဘီဟာမန်ယူသို့ပေါင်၇သန်းဖြင့်ပြောင်းစဉ်တုန်းကမျှော်လင့်ချက်များစွာထားခြင်းခံခဲ့ရပေမယ့်လေးနှစ်အတွင်းတွင်၇ပွဲတည်းသာကစားခွင့်ရရှိခဲ့ပြီးကလပ်ပေါင်းများစွာသို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။

ဖယ်ကာအိုမှာလည်းမန်ယူသို့တစ်ရာသီအငှားဖြင့်သွားကစားစဉ်ပထမဆုံးပွဲမှာဂိုးသွင်းနိုင်ခဲ့ပေမယ့်နောက်ပိုင်းတွင်ကြံ့ခိုင်မှုပြဿနာကြောင့်ပွဲအနည်းငယ်သာကစားခွင့်ရရှိခဲ့ပါတယ်။သူဟာမန်ယူအတွက်၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

ေနာက္က်အႏိုင္ဂိုးပူးေပါင္းသြင္းကာ ဗယ္လီကာႏိုအတြက္ ႏိုင္ပြဲေဆာင္က်ဥ္းေပးခဲ့ၾကတဲ့ မန္ယူအပယ္ခံမ်ား

မန္ယူကစားသမားေဟာင္းမ်ားျဖစ္တဲ့ဘီဘီႏွင့္ရာဒါမယ္ဖယ္ကာအိုတို႔ဟာမေန႔ညတုန္းက ဘီလ္ဘာအိုအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပူးေပါင္းေနာက္က်ဂိုးသြင္းယူကာတန္းတက္ဗယ္လီကာႏိုအတြက္ႏိုင္ပြဲရယူေပးခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္မွာ El Tigre လို႔အမည္ေျပာင္ရရွိထားတဲ့ဖယ္ကာအိုဟာနာက်င္အခ်ိန္ပို၉၅မိနစ္မွာဘီဘီရဲ႕ဖရီးကစ္ေဘာကေနေခါင္းတိုက္ၿပီးအႏိုင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ယင္းႏိုင္ပြဲမွာဖယ္လီကာႏိုအတြက္ယခုရာသီပထမဆုံးအေဝးကြင္းႏိုင္ပြဲလည္းျဖစ္ပါတယ္။

မန္ယူကေနအငွားျဖင့္ေျပာင္းလာၿပီးေနာက္အၿပီးသတ္ေျပာင္းခဲ့တဲ့ဘီဘီဟာဗယ္လီကာႏိုအတြက္ပြဲ၁၃၀အထိကစားထားၿပီး၁၇ဂိုးသြင္းကာ၁၅ႀကိမ္အထိဖန္တီးထားႏိုင္ပါတယ္။ မန္ယူတြင္အငွားျဖင့္လာကစားခဲ့ဖူးတဲ့ဖယ္ကာအိုဟာလည္းေႏြရာသီတြင္ဂါလာတာစာေရးႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ဗယ္လီကာႏိုသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဖယ္ကာအိုဟာဗယ္လီကာႏိုအတြက္အရန္အျဖစ္ႏွစ္ပြဲဝင္ေရာက္ကစားထားရာမွာႏွစ္ဂိုးအထိသြင္းယူထားႏိုင္ၿပီးအေကာင္းဆုံးပုံစံျပန္လည္ရရွိလာေနတာလည္းျဖစ္ပါတယ္။

ဘီဘီႏွင့္ဖယ္ကာအိုတို႔ဟာမန္ယူတြင္ဆုံစည္းခဲ့ၾကဖူးပါတယ္။ေပၚတူဂီေတာင္ပံကစားသမားဘီဘီဟာမန္ယူသို႔ေပါင္၇သန္းျဖင့္ေျပာင္းစဥ္တုန္းကေမွ်ာ္လင့္ခ်က္မ်ားစြာထားျခင္းခံခဲ့ရေပမယ့္ေလးႏွစ္အတြင္းတြင္၇ပြဲတည္းသာကစားခြင့္ရရွိခဲ့ၿပီးကလပ္ေပါင္းမ်ားစြာသို႔အငွားျဖင့္သြားကစားခဲ့ရပါတယ္။

ဖယ္ကာအိုမွာလည္းမန္ယူသို႔တစ္ရာသီအငွားျဖင့္သြားကစားစဥ္ပထမဆုံးပြဲမွာဂိုးသြင္းႏိုင္ခဲ့ေပမယ့္ေနာက္ပိုင္းတြင္ႀကံ့ခိုင္မႈျပႆနာေၾကာင့္ပြဲအနည္းငယ္သာကစားခြင့္ရရွိခဲ့ပါတယ္။သူဟာမန္ယူအတြက္၄ဂိုးသြင္းႏိုင္ခဲ့ပါတယ္။