နောက်ကျအနိုင်ဂိုးသွင်းယူပြီးနောက် ကိုယ်ပိုင်အမှတ်တံဆိပ် အတွင်းခံဘောင်းဘီကို ကြော်ငြာသွားတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာဗီလာရီးရဲလ်အားမန်ယူကအနိုင်ရရှိတဲ့ပွဲမှာမန်ယူအတွက်နောက်ကျအနိုင်ဂိုးကိုသွင်းယူပြီးနောက်သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်အတွင်းခံဘောင်းဘီကိုကြော်ငြာသွားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာနာကျင်အချိန်ပို၉၅မိနစ်မှာမန်ယူမှာအဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်နောက်ကျအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးနောက်အင်္ကျီချွတ်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုယ်ပိုင်ခရစ္စတီယာနိုအမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ထားတဲ့အတွင်းခံဘောင်းဘီတံဆိပ်ကိုပြသမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူနှင့်ဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာအယ်ကာစာရဲ့ဂိုးနဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့်တဲလ်လက်စ်ကပြန်လည်ချေပမှုလုပ်ခဲ့ပြီးနာကျင်အချိန်ပိုမှာရော်နယ်ဒိုကအနိုင်ဂိုးသွင်းခဲ့တာပါ။တကယ်တော့မန်ယူဟာဂိုးသမားဒီဂီယာကောင်းလွန်းနေမှုကြောင့်သာအနိုင်ရရှိခဲ့တာဖြစ်ပြီးသရေနဲ့တောင်ထိုက်တန်ခဲ့တာမဟုတ်ပါဘူး။

ZawGyi





