နောက်ဂျွမ်းပစ်ပြီး ဒုတိယမြောက်ပင်နယ်တီသွင်းခဲ့တဲ့ ရုရှားရဲ့အက်ဗ်ဒေလီယန်

သူထပ်မံလုပ်လာပြန်ပါပြီ။ရုရှားတောင်ပံကစားသမားနိုရစ်အက်ဗ်ဒေလီယန်ဟာလွန်ခဲ့တဲ့လေးနှစ်ခန့်တုန်းကနောက်ကျွမ်းပစ်ပြီးပင်နယ်တီသွင်းခဲ့ပြီးနောက် ယခုဒုတိယအကြိမ်မြောက်အဖြစ်ယင်းစကေးဖြင့်ထပ်မံသွင်းယူလာပြန်ပါတယ်။

ဒါကြောင့်လည်းနောက်ကျွမ်းပစ်ပြီးပင်နယ်တီသွင်းတာအက်ဗ်ဒေလီယန်ရဲ့Trademark တစ်ခုလို့တောင်ပြောရတော့မှာဖြစ်ပါတယ်။အသက်၂၆နှစ်ရှိအက်ဗ်ဒေလီယန်ဟာဂျိမ်းစ်ဘွန်းရဲ့007 ကျောနံပါတ်ကိုဝတ်ဆင်ကစားနေသူလည်းဖြစ်ပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရအက်ဗ်ဒေလီယန်ဟာခြေနှစ်လှမ်းခန့်ဆုတ်ကာပင်နယ်တီကန်ပြီးနောက်ဆက်တိုက်ဆိုသလိုနောက်ဂျွမ်းပစ်လိုက်တာလည်းဖြစ်ပါတယ်။

သူကန်လိုက်တဲ့ဘောလုံးကအလယ်တည့်တည့်သို့သွားပြီးဂိုးသမားကညာခြမ်းသို့ဒိုင်ဗင်ပစ်မှုနဲ့အတူဂိုးဝင်သွားခဲ့ပါတယ်။

သူဟာလွန်ခဲ့တဲ့လေးနှစ်တုန်းကနောက်ဂျွမ်းပစ်ပြီးကန်တုန်းကညာထောင့်သို့အထင်ကြီးစရာကောင်းလောက်အောင်ကန်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ Russian Football National League 2ကလပ်နီဖစ်ကာဇန်တွင်ကစားနေတာလည်းဖြစ်ပါတယ်။

ZawGyi






