နောက်ခံလူလီယိုနာဒိုဘာလာဒီကို အစာအငတ်ခံဆန္ဒပြလာတဲ့ မာဆေးလ်ပရိသတ်တစ်ဦး

မာဆေးလ်ပရိသတ်တစ်ဦးဟာနောက်ခံလူလီယိုနာဒိုဘာလာဒီနှင့်ပတ်သက်ပြီးအစာအငတ်ခံဆန္ဒပြမှုပြုလုပ်လာပါတယ်။

အသက်၂၄နှစ်ရှိနောက်ခံလူဟာ၂၀၂၀ခုနှစ်တွင်အငှားဖြင့်ကစားမှုအောင်မြင်မှုရရှိပြီးနောက်၂၀၂၁ခုနှစ်တွင်မာဆေးလ်သို့အပြီးသတ်ပြောင်းလာသူဖြစ်ပါတယ်။သူဟာမာဆေးလ်အတွက်၈၅ပွဲအထိကစားထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့အချို့သောမာဆေးလ်ပရိသတ်တွေကတော့လီယိုနာဒိုဘာလာဒီရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးကျေနပ်ကြပုံမပေါ်ပါဘူး။သူ့ကိုအသင်းကနေထွက်ခွာစေချင်နေကြပါတယ်။

အထူးသဖြင့်ဘိုကာဂျူနီယာနောက်ခံလူဟောင်းဟာပြီးခဲ့တဲ့အပတ်တုန်းကစထရာဘော့နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာအနီကတ်ပြထုတ်ခံရကာထိပ်ဆုံးမှပီအက်စ်ဂျီနှင့်၁၀မှတ်အထိကွာဟသွားချိန်မှာတော့မာဆေးလ်ပရိသတ်များရဲ့ဒေါသကငယ်ထိပ်အထိရောက်လာပါတယ်။

ယခုအခါမှာတော့မာဆေးလ်ပရိသတ်တစ်ဦးဟာRobert Louis-Dreyfus ဖျော်ဖြေရေးစင်တာရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီးတကိုယ်တော်ဆန္ဒပြမှုပြုလုပ်လာပါတယ်။

သူ့ရဲ့ဆိုင်းဘုတ်အတွင်းတွင် “ထွက်သွား”၊ “မင်းကိုမာဆေးလ်သားတွေအလိုမရှိတော့ဘူး”၊ “ငါတို့ကိုလေးစားပါ။ကျေးဇူးတင်တယ်”လိ့ရေးသားထားတာတွေ့ရပါတယ်။

ZawGyi

ေနာက္ခံလူလီယိုနာဒိုဘာလာဒီကို အစာအငတ္ခံဆႏၵျပလာတဲ့ မာေဆးလ္ပရိသတ္တစ္ဦး

မာေဆးလ္ပရိသတ္တစ္ဦးဟာေနာက္ခံလူလီယိုနာဒိုဘာလာဒီႏွင့္ပတ္သက္ၿပီးအစာအငတ္ခံဆႏၵျပမႈျပဳလုပ္လာပါတယ္။

အသက္၂၄ႏွစ္ရွိေနာက္ခံလူဟာ၂၀၂၀ခုႏွစ္တြင္အငွားျဖင့္ကစားမႈေအာင္ျမင္မႈရရွိၿပီးေနာက္၂၀၂၁ခုႏွစ္တြင္မာေဆးလ္သို႔အၿပီးသတ္ေျပာင္းလာသူျဖစ္ပါတယ္။သူဟာမာေဆးလ္အတြက္၈၅ပြဲအထိကစားထားၿပီးျဖစ္ပါတယ္။

ဒါေပမဲ့အခ်ိဳ႕ေသာမာေဆးလ္ပရိသတ္ေတြကေတာ့လီယိုနာဒိုဘာလာဒီရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီးေက်နပ္ၾကပုံမေပၚပါဘူး။သူ႔ကိုအသင္းကေနထြက္ခြာေစခ်င္ေနၾကပါတယ္။

အထူးသျဖင့္ဘိုကာဂ်ဴနီယာေနာက္ခံလူေဟာင္းဟာၿပီးခဲ့တဲ့အပတ္တုန္းကစထရာေဘာ့ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာအနီကတ္ျပထုတ္ခံရကာထိပ္ဆုံးမွပီအက္စ္ဂ်ီႏွင့္၁၀မွတ္အထိကြာဟသြားခ်ိန္မွာေတာ့မာေဆးလ္ပရိသတ္မ်ားရဲ႕ေဒါသကငယ္ထိပ္အထိေရာက္လာပါတယ္။

ယခုအခါမွာေတာ့မာေဆးလ္ပရိသတ္တစ္ဦးဟာRobert Louis-Dreyfus ေဖ်ာ္ေျဖေရးစင္တာေရွ႕မွာ ဆိုင္းဘုတ္ကိုင္ၿပီးတကိုယ္ေတာ္ဆႏၵျပမႈျပဳလုပ္လာပါတယ္။

သူ႔ရဲ႕ဆိုင္းဘုတ္အတြင္းတြင္ “ထြက္သြား”၊ “မင္းကိုမာေဆးလ္သားေတြအလိုမရွိေတာ့ဘူး”၊ “ငါတို႔ကိုေလးစားပါ။ေက်းဇူးတင္တယ္”လိ့ေရးသားထားတာေတြ႕ရပါတယ္။