နောက်ခံလူဟိုးဒင်းကို ၂၀၂၄ ခုနှစ်အထိ အာဆင်နယ် စာချုပ်သက်တမ်းတိုး

အာဆင်နယ်ဟာနောက်ခံလူရော့ဘ်ဟိုးဒင်းကိုအသင်းတွင်ကာလရှည်ကြာထိန်းထားနိုင်မယ့်စာချုပ်သစ်အားချုပ် ဆိုလိုက်ပါတယ်။

အသက်၂၅နှစ်ရှိဟိုးဒင်းဟာအာဆင်နယ်နှင့်သုံးနှစ်ခွဲစာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပြီးစာချုပ်သစ်ကြောင့်၂၀၂၄ခုနှစ်နွေရာသီအထိအာဆင်နယ်တွင်ဆက်ရှိနေပါတော့မယ်။

ဘော်လ်တန်နောက်ခံလူဟောင်းဟာအာဆင်နယ်သို့ရောက်လာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာ အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်လာရသူဖြစ်ပြီးနွေရာသီတုန်းကအငှားဖြင့်ထွက်ခွာလုနီးပါးဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်သူဟာယခုရာသီမှာနည်းပြအာတီတာလက်အောက်မှာအဓိကနောက်ခံလူအဖြစ်ကစားခွင့်ရရှိနေပြီး အခြားနောက်ခံလူများထက်ပရီးမီးယားလိဂ်ပွဲကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်နွေရာသီတွင်ဘော်လ်တန်မှရောက်လာသူဖြစ်ပြီးအာဆင်နယ်နှင့်အတူအက်ဖ်အေဖလားနှစ်ကြိမ် ဆွတ်ခူးထားပါတယ်။သူဟာဒဏ်ရာပြဿနာများကြောင့်အာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာစုစုပေါင်း၉၆ပွဲ တည်းသာကစားခွင့်ရရှိထားပါတယ်။

ZawGyi





