နောက်ဆုံးစက္ကန့်၊နောက်ဆုံးထိချက်ဖြင့် ဆီဗီလာအတွက်ချေပဂိုးကိုသွင်းယူခဲ့တဲ့ ဆီဗီလာဂိုးသမား

ဆီဗီလာဂိုးသမားယာဆိန်းဘိုနိုဟာဗယ်လာဒိုးလစ်နှင့်ပွဲစဉ်မှာပွဲရဲ့နောက်ဆုံးစက္ကန့်၊နောက်ဆုံးထိချက် ဖြင့်အသင်းအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆီဗီလာဟာမနေ့ညတုန်းကဗယ်လာဒိုးလစ်အားလာလီဂါသို့အဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားခဲ့ရပါတယ်။

ဂျူလန်လိုပီတူဂီရဲ့အသင်းဟာပထမပိုင်းမတိုင်ခင်မှာဘဲဖေဘီယန်အိုရယ်လာနာရဲ့ပင်နယ်တီဂိုးကြောင့်နောက်ကနေလိုက်ကစားခဲ့ရပါတယ်။

ဆီဗီလာဟာနာကျင်အချိန်ပိုရောက်တဲ့အထိချေပဂိုးသွင်းယူနိုင်ခြင်းမရှိမှုနဲ့အတူရမှတ်သုံးမှတ်ဆုံးရှုံးရမယ့် အခြေအနေမျိုးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့်ဘိုနိုဟာနာကျင်အချိန်ပိုမှာအဖိုးတန်ချေပဂိုးအားသွင်း ယူခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာဗယ်လာဒိုးလစ်ရဲ့နောက်တန်းအမှားနဲ့အတူဘိုနျူကချေပဂိုးသွင်းခဲ့ပါတယ်။ဘိုနျူဟာချေပဂိုးသွင်းယူပြီးနောက်အင်္ကျီချွတ်ကာအကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။

ဆီဗီလာဟာလာလီဂါအမှတ်ပေးဇယားအဆင့်၄နေရာမှာထိပ်ဆုံးမှအက်သလက်တီကိုနှင့်ရမှတ်၈မှတ်အကွာမှာရပ်တည်နေပါတယ်။

ZawGyi







ဆီဗီလာဟာလာလီဂါအမှတ်ပေးဇယားအဆင့်၎နေရာမှာထိပ်ဆုံးမှအက်သလက်တီကိုနှင့်ရမှတ်၈မှတ်အကွာမှာရပ်တည်နေပါတယ်။