နောက်ဆုံးနှစ်ပွဲတွင် ထောင့်ကန်ဘောကနေ တိုက်ရိုက်သွင်းတဲ့ ဂိုး ၃ ဂိုးအထိ အံ့ဩဖွယ် သွင်းနိုင်ခဲ့တဲ့ ယူနိုက်တက်စတားကေတီဇီလမ်

အလွတ်တည်ကန်ဘောမှာတော့ ယူနိုက်တက်အမျိုးသမီးအသင်းစတားကေတီဇီလမ်လောက် ဘယ်သူမှ စွမ်းဆောင်နိုင်ကြမှာမဟုတ်ပါဘူး။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟာစနေနေ့တုန်းကလက်စတာနှင့်ပွဲစဉ်မှာ လေးမိနစ်အတွင်း၂ဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးနှစ်ဂိုးလုံးကိုထောင့်ကန်ဘောကနေတိုက်ရိုက်သွင်းယူခဲ့တာပါ။

ဇီလမ်ဟာလက်စတာပွဲမတိုင်မီ ပြီးခဲ့တဲ့အပတ်တုန်းကမန်ချက်စတာဒါဘီပွဲစဉ်မှာလည်းထောင့်ကန်ကနေတိုက်ရိုက်ကန်သွင်းကာဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။

ဇီလမ်ဟာ မနေ့ညတုန်းကမန်ချက်စတာအမျိုးသမီးအသင်းက လက်စတာအမျိုးသမီးအသင်းကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းထောင့်ကန်ဘောကနေဂိုးနှစ်ဂိုးကိုတိုက်ရိုက်သွင်းခဲ့ပြန်ပါတယ်။

ZawGyi

ေနာက္ဆုံးႏွစ္ပြဲတြင္ ေထာင့္ကန္ေဘာကေန တိုက္႐ိုက္သြင္းတဲ့ ဂိုး ၃ ဂိုးအထိ အံ့ဩဖြယ္ သြင္းႏိုင္ခဲ့တဲ့ ယူႏိုက္တက္စတားေကတီဇီလမ္

အလြတ္တည္ကန္ေဘာမွာေတာ့ ယူႏိုက္တက္အမ်ိဳးသမီးအသင္းစတားေကတီဇီလမ္ေလာက္ ဘယ္သူမွ စြမ္းေဆာင္ႏိုင္ၾကမွာမဟုတ္ပါဘူး။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာစေနေန႔တုန္းကလက္စတာႏွင့္ပြဲစဥ္မွာ ေလးမိနစ္အတြင္း၂ဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးႏွစ္ဂိုးလုံးကိုေထာင့္ကန္ေဘာကေနတိုက္႐ိုက္သြင္းယူခဲ့တာပါ။

ဇီလမ္ဟာလက္စတာပြဲမတိုင္မီ ၿပီးခဲ့တဲ့အပတ္တုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္မွာလည္းေထာင့္ကန္ကေနတိုက္႐ိုက္ကန္သြင္းကာဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။

ဇီလမ္ဟာ မေန႔ညတုန္းကမန္ခ်က္စတာအမ်ိဳးသမီးအသင္းက လက္စတာအမ်ိဳးသမီးအသင္းကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္လည္းေထာင့္ကန္ေဘာကေနဂိုးႏွစ္ဂိုးကိုတိုက္႐ိုက္သြင္းခဲ့ျပန္ပါတယ္။