နောက်ဆုံးမိနစ်တွင် ဘရန့်ဖို့ဒ်အတွက် အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းရဲ့သားရိုမီယို

ရိုမီယိုဘက်ဟမ်းဟာဘရန့်ဖို့ဒ်(ခ)အသင်းအတွက်၉၃မိနစ်တွင်အနိုင်ဂိုးသွင်းယူပြီးအကောင်းဆုံးပုံစံဆက်လက်ပြသနေပါတယ်။

အင်္ဂလန်ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ဟမ်းရဲ့သားဟာအရန်ခုံမှထလာပြီးနောက်အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူဟာWealdstoneနှင့်ပွဲတွင်အဖိုးတန်အနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီးယင်းနိုင်ပွဲကြောင့်Middlesex Senior Cup ဆီမီးဖိုင်နယ်သို့တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ဟာWealdstoneနှင့်ပွဲတွင်ထရစ်တန်ခရာမာနှင့်ဖရန့်အန်ယီကာတို့ရဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တာရယ်လီဝစ်တစ်ကာနှင့်အိုလူဖီလာအိုလိုမိုလာတို့Wealdstoneအတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

ပွဲပြီးခါနီးအထိဂိုးထပ်မသွင်းမှုနဲ့အတူသရေကျမယ်လို့ယူဆခဲ့ရပေမဲ့လည်းဒေးဗစ်ဘက်ဟမ်းရဲ့ရိုမီယိုဘက်ဟမ်းကအဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့လို့ဘရန့်ဖို့ဒ်တို့၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi





