နောက်ဆုံးလေးပွဲတွင် သုံးပွဲရှုံးပြီးနောက် ဆိုးလ်ရှားကို ထုတ်ပယ်ရန် မန်ယူပရိသတ်များ တောင်းဆိုလာ

ဗီလာကိုရှုံးနိမ့်ပြီးနောက် အကြီးအကျယ်ဒေါသထွက်လျက်ရှိကြတဲ့မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်အွန်လိုင်းတွင်တောင်းဆိုမှုပြုလုပ်လာကြပါတယ်။

မန်ယူဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဗီလာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးလေးပွဲတွင်ရှုံးပွဲသုံးပွဲအထိကြုံထားရပါတယ်။

မန်ယူဟာမနေ့ညတုန်းကဗီလာနှင့်ပွဲတွင်နာကျင်အချိန်ပိုတွင်ရရှိတဲ့ပင်နယ်တီကိုဘရူနိုဖာနန်ဒက်စ်လွဲချော်ခဲ့မှုကြောင့်အနည်းဆုံးတစ်မှတ်မရရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာဗီလာအားမရှုံးနိမ့်မီဝက်စ်ဟမ်းကိုခါရာဘောင်ဖလားပွဲတွင်လည်းကောင်း၊ယန်းဘွိုင်းစ်ကို ချန်ပီယံလိဂ်တွင်လည်းကောင်းရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်လည်းထောင်ပေါင်းများစွာသောမန်ယူပရိသတ်များဟာတွစ်တာတွင် #OleOut ဆိုတဲ့စာသားကိုတင်ကာတောင်းဆိုလာကြပါတယ်။

ZawGyi





