နောက်ဆုံးအချိန်ရောက်မှ ဗာရိန်းကို ချဲလ်ဆီးနှင့်ပီအက်စ်ဂျီတို့ရဲ့ကြားဖြတ်လုခြင်းခံရကိန်းဆိုက်နေတဲ့မန်ယူ

မန်ယူဟာရာဖေးလ်ဗာရိန်းအပြောင်းအရွှေ့အားအပြီးသတ်လုပ်ဆောင်နိုင်လုနီးအနေအထားသို့ရောက်ချိန်တွင်မှချဲလ်ဆီးနှင့်ပီအက်စ်ဂျီတို့ရဲ့အပြိုင်လုခြင်းခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

မန်ယူဟာအသက်၂၈နှစ်ရှိရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူအားခေါ်ယူနိုင်ရန်အပြီးသတ်လုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။မန်ယူဟာပြင်သစ်နောက်ခံလူအားတစ်နှစ်လုပ်ခပေါင်၁၀.၂သန်းတန်စာချုပ်ချုပ်ဆိုမယ်လို့သိရပါတယ်။

ဒါပေမယ့်ယခုအခါချဲလ်ဆီးနှင့်ပီအက်စ်ဂျီတို့ဟာလည်းပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ရာဖေးလ်ဗာရိန်းကိုခေါ်ယူရန် နောက်ဆုံးအချိန်ကျမှလှုပ်ရှားလာကြပါတယ်။

ဗာရိန်းဟာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ကစားသမားတစ်ဦးဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကသူ့အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၅၀ရရှိလိုနေပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာရာဖေးလ်ကိုအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားနှင့်တွဲကာတောင့်တင်းတဲ့ခံစစ်တည်ဆောက်လိုနေပါတယ်။

ဒါပေမယ့်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာလည်းဗာရိန်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကာဂျာမနီနောက်ခံလူရူဒီဂါနှင့်တွဲသုံးလိုနေပါတယ်။ရူဒီဂါမှာလည်းချဲလ်ဆီးနှင့်တစ်နှစ်စာချုပ်သာကျန်တော့ကာစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်မပြေသေးပါဘူး။

တစ်ဖက်တွင်မန်ယူဟာဗာရိန်းအားခေါ်ယူရေးချဲလ်ဆီး၊ပီအက်စ်ဂျီတို့နှင့်အပြိုင်လှုပ်ရှားလာရပေမယ့်လည်းအက်သလက်တီကိုမှညာနောက်ခံလူထရစ်ပီယာကိုမူပေါင်၁၈သန်းဖြင့်ခေါ်ယူရန်အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

ZawGyi

ေနာက္ဆုံးအခ်ိန္ေရာက္မွ ဗာရိန္းကို ခ်ဲလ္ဆီးႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕ၾကားျဖတ္လုျခင္းခံရကိန္းဆိုက္ေနတဲ့မန္ယူ

မန္ယူဟာရာေဖးလ္ဗာရိန္းအေျပာင္းအေ႐ႊ႕အားအၿပီးသတ္လုပ္ေဆာင္ႏိုင္လုနီးအေနအထားသို႔ေရာက္ခ်ိန္တြင္မွခ်ဲလ္ဆီးႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕အၿပိဳင္လုျခင္းခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

မန္ယူဟာအသက္၂၈ႏွစ္ရွိရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူအားေခၚယူႏိုင္ရန္အၿပီးသတ္လုနီးပါးျဖစ္ေနၿပီျဖစ္ပါတယ္။မန္ယူဟာျပင္သစ္ေနာက္ခံလူအားတစ္ႏွစ္လုပ္ခေပါင္၁၀.၂သန္းတန္စာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔သိရပါတယ္။

ဒါေပမယ့္ယခုအခါခ်ဲလ္ဆီးႏွင့္ပီအက္စ္ဂ်ီတို႔ဟာလည္းျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့ရာေဖးလ္ဗာရိန္းကိုေခၚယူရန္ ေနာက္ဆုံးအခ်ိန္က်မွလႈပ္ရွားလာၾကပါတယ္။

ဗာရိန္းဟာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ကသူ႔အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ရရွိလိုေနပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာရာေဖးလ္ကိုအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္တြဲကာေတာင့္တင္းတဲ့ခံစစ္တည္ေဆာက္လိုေနပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာလည္းဗာရိန္းရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ကာဂ်ာမနီေနာက္ခံလူ႐ူဒီဂါႏွင့္တြဲသုံးလိုေနပါတယ္။႐ူဒီဂါမွာလည္းခ်ဲလ္ဆီးႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္မေျပေသးပါဘူး။

တစ္ဖက္တြင္မန္ယူဟာဗာရိန္းအားေခၚယူေရးခ်ဲလ္ဆီး၊ပီအက္စ္ဂ်ီတို႔ႏွင့္အၿပိဳင္လႈပ္ရွားလာရေပမယ့္လည္းအက္သလက္တီကိုမွညာေနာက္ခံလူထရစ္ပီယာကိုမူေပါင္၁၈သန္းျဖင့္ေခၚယူရန္အေျခအေနေကာင္းေနၿပီျဖစ္ပါတယ္။