နောက်ထပ်စတားတစ်ဦးအဖြစ် အင်ဒီရောဘတ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ လီဗာပူး

အင်ဒီရောဘတ်ဆင်ဟာလီဗာပူးနှင့်စာချုပ်ချုပ်ဆိုလိုက်တဲ့နောက်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။လီဗာပူးကအသက်၂၇နှစ်ရှိဘယ်နောက်ခံလူအားနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

စကော့တလန်အသင်းခေါင်းဆောင်ဟာလီဗာပူးနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပြီးစာချုပ်သစ်ကြောင့်၂၀၂၆ခုနှစ်အထိအန်ဖီးလ်တွင်ရှိနေတော့မှာဖြစ်ပါတယ်။

လီဗာပူးဟာယခုနွေရာသီတွင်ကစားသမားခေါ်ယူအားဖြည့်ခြင်းထက်အသင်းရှိအဓိကကစားမားများအားစာချုပ်သစ်ချုပ်ဆိုမှုကိုသာအဓိကထားပြုလုပ်နေပါတယ်။၎င်းတို့ဟာအင်ဒီရောဘတ်ဆင်မတိုင်မီဗန်ဒိုက်၊ထရန်းအလက်ဇန္ဒားအာနိုး၊အလီဆင်၊ဖာဘင်ဟိုတို့ကိုစာချုပ်သစ်ချုပ်ဆိုပြီးဖြစ်ပါတယ်။

လီဗာပူးဟာ၂နှစ်စာချုပ်ကျန်နေသေးတဲ့အီဂျစ်အသင်းခေါင်းဆောင်မိုဟာမက်ဆာလက်ကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်ဆေးနွေးနေပါတယ်။လီဗာပူးဟာမဝေးတော့တဲ့ကာလအတွင်းတွင်မှာအသင်းခေါင်းဆောင်ဟင်ဒါဆင်ကိုလည်းစာချုပ်သစ်ချုပ်ဆိုလာဖို့ရှိပါတယ်။

ရောဘတ်ဆင်ဟာဘီလ်ဘာအိုနှင့်ရာသီိကြိုခြေစမ်းပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက်လီဗာပူးရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။သူဟာဘန်လေနှင့်ပွဲတွင်အရန်စာရင်းတွင်ပါဝင်ခဲ့ပေမယ့်ပါဝင်မကစားခဲ့ပါဘူး။

သူဟာလာမယ့်စနေနေ့တွင်ချဲလ်ဆီးနှင့်ရင်ဆိုင်ရမယ့်ပွဲမှာတော့ပွဲထွက်ကစားလာဖို့ရှိနေပါတယ်။

ZawGyi

ေနာက္ထပ္စတားတစ္ဦးအျဖစ္ အင္ဒီေရာဘတ္ဆင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ လီဗာပူး

အင္ဒီေရာဘတ္ဆင္ဟာလီဗာပူးႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ေနာက္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။လီဗာပူးကအသက္၂၇ႏွစ္ရွိဘယ္ေနာက္ခံလူအားႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

စေကာ့တလန္အသင္းေခါင္းေဆာင္ဟာလီဗာပူးႏွင့္ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တာျဖစ္ၿပီးစာခ်ဳပ္သစ္ေၾကာင့္၂၀၂၆ခုႏွစ္အထိအန္ဖီးလ္တြင္ရွိေနေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာယခုေႏြရာသီတြင္ကစားသမားေခၚယူအားျဖည့္ျခင္းထက္အသင္းရွိအဓိကကစားမားမ်ားအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုမႈကိုသာအဓိကထားျပဳလုပ္ေနပါတယ္။၎တို႔ဟာအင္ဒီေရာဘတ္ဆင္မတိုင္မီဗန္ဒိုက္၊ထရန္းအလက္ဇႏၵားအာႏိုး၊အလီဆင္၊ဖာဘင္ဟိုတို႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးျဖစ္ပါတယ္။

လီဗာပူးဟာ၂ႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့အီဂ်စ္အသင္းေခါင္းေဆာင္မိုဟာမက္ဆာလက္ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆးေႏြးေနပါတယ္။လီဗာပူးဟာမေဝးေတာ့တဲ့ကာလအတြင္းတြင္မွာအသင္းေခါင္းေဆာင္ဟင္ဒါဆင္ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုလာဖို႔ရွိပါတယ္။

ေရာဘတ္ဆင္ဟာဘီလ္ဘာအိုႏွင့္ရာသီိႀကိဳေျခစမ္းပြဲတြင္ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ၿပီးေနာက္လီဗာပူးရဲ႕ပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။သူဟာဘန္ေလႏွင့္ပြဲတြင္အရန္စာရင္းတြင္ပါဝင္ခဲ့ေပမယ့္ပါဝင္မကစားခဲ့ပါဘူး။

သူဟာလာမယ့္စေနေန႔တြင္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရမယ့္ပြဲမွာေတာ့ပြဲထြက္ကစားလာဖို႔ရွိေနပါတယ္။