နောက်ထပ်တစ်ကြိမ် ကယ်တင်ပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုမှာ သရဲနီရဲ့မိုက်ကယ်ဂျော်ဒန်လို့ ပြောကြားလာတဲ့ ဆိုးလ်ရှား

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအတ္တလန္တာနှင့်ပွဲတွင်မန်ချက်စတာယူနိုက်တက်အတွက်အဖိုးတန်ချေပဂိုး၂ဂိုးသွင်းယူကာအသင်းကိုကယ်တင်လိုက်ပြီးနောက်မန်ချက်စတာယူနိုက်တက်ရဲ့မိုက်ကယ်ဂျော်ဒန်လို့ ချီးကျူးခြင်းခံလာရပါတယ်။

ရော်နယ်ဒိုဟာနာကျင်အချိန်ပိုချေပဂိုးအပါအဝင်မန်ယူအတွက်နှစ်ဂိုးသွင်းယူကာမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့ဖိအားလျှော့ကျလာအောင်ထပ်မံကယ်တင်ခဲ့ပြန်ပါတယ်။

ဆိုးလ်ရှားကခရစ္စတီယာနိုရော်နယ်ဒိုမှာဘတ်စကက်ဘောဂန္ထဝင်မိုက်ကယ်ဂျော်ဒန် ချီကာဂိုဘူးလ်တွင်စွမ်းဆောင်ခဲ့သကဲ့သို့ သရဲနီအတွက်လုပ်ဆောင်ပေးနေကြောင်းဆိုသွားပါတယ်။

ဆိုးလ်ရှားက “မန်ချက်စတာယူနိုက်တက်အတွက်ပဲကစားကစား၊ချီကာဂိုဘးလ်အတွက်ပဲကစားကစား၊ဒီလိုအခိုက်အတန့်ကာလတွေမှာရှေ့ကထွက်လာရပါမယ်။ချီကာဂိုဘူးလ်ဟာမိုက်ကယ်ဂျော်ဒန်ကိုပိုင်ဆိုင်ထားမှုအပေါ်စိတ်ထဲထားမှာမဟုတ်ပါဘူး။ခရစ္စတီယာနိုလည်းကျွန်တော်တို့အတွက်ဒီလိုပါပဲ။နောက်ဆုံးမိနစ်မှာအခွင့်အရေးတစ်ခုရလာတယ်ဆိုရင်တောင် လုပ်ဆောင်နိုင်ဖို့ခက်ပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုကတော့အပြီးသတ်သွားတယ်။နည်းစနစ်ပိုင်းပြီးပြည့်စုံတဲ့Volley ကန်ချက်ကတကယ့်ကိုကောင်းလှပါတယ်။ကျွန်တော်တို့အားလုံးမှာတာဝန်ကိုယ်စီကိုယ်ငှရှိကြတယ်။တာဝန်ခံမှုရှိတယ်။ကျွန်တော်တို့အတွက်သူကခေါင်းဆောင်တစ်ဦးပါ။ပြီးတော့ဂိုးတွေသွင်းတဲ့သူပါ။သူကကောင်းပြီးရင်းကောင်းရင်းပါပဲ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနှင့်ပွဲမှာ၂ဂိုးသွင်းယူမှုနဲ့အတူမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၁ပွဲကစားထားရာမှာ၉ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသမိုင်းတွင်ချန်ပီယံလိဂ်၄ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ငါးယောက်ကစားသမားဖြစ်လာပါတယ်။သူ့မတိုင်ခင်မန်ယူအတွက်ချန်ပီယံလိဂ်၄ပွဲဆက်ဂိုးသွင်းနိုင်သူများကတော့နစ္စတယ်ရွိုင်း(၂)ကြိမ်၊တွမ်မီတေလာ၊ဒင်းနစ်ဗွီုင်အိုလက်၊ဒွိုက်ယော့ခ်တို့ဖြစ်ပါတယ်။

ZawGyi

ေနာက္ထပ္တစ္ႀကိမ္ ကယ္တင္ေပးခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုမွာ သူ႔ရဲ႕မိုက္ကယ္ေဂ်ာ္ဒန္လို႔ ေျပာၾကားလာတဲ့ ဆိုးလ္ရွား

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကအတၱလႏၲာႏွင့္ပြဲတြင္မန္ခ်က္စတာယူႏိုက္တက္အတြက္အဖိုးတန္ေခ်ပဂိုး၂ဂိုးသြင္းယူကာအသင္းကိုကယ္တင္လိုက္ၿပီးေနာက္မန္ခ်က္စတာယူႏိုက္တက္ရဲ႕မိုက္ကယ္ေဂ်ာ္ဒန္လို႔ ခ်ီးက်ဴးျခင္းခံလာရပါတယ္။

ေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပိုေခ်ပဂိုးအပါအဝင္မန္ယူအတြက္ႏွစ္ဂိုးသြင္းယူကာမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕ဖိအားေလွ်ာ့က်လာေအာင္ထပ္မံကယ္တင္ခဲ့ျပန္ပါတယ္။

ဆိုးလ္ရွားကခရစၥတီယာႏိုေရာ္နယ္ဒိုမွာဘတ္စကက္ေဘာဂႏၴဝင္မိုက္ကယ္ေဂ်ာ္ဒန္ ခ်ီကာဂိုဘူးလ္တြင္စြမ္းေဆာင္ခဲ့သကဲ့သို႔ သရဲနီအတြက္လုပ္ေဆာင္ေပးေနေၾကာင္းဆိုသြားပါတယ္။

ဆိုးလ္ရွားက “မန္ခ်က္စတာယူႏိုက္တက္အတြက္ပဲကစားကစား၊ခ်ီကာဂိုဘးလ္အတြက္ပဲကစားကစား၊ဒီလိုအခိုက္အတန႔္ကာလေတြမွာေရွ႕ကထြက္လာရပါမယ္။ခ်ီကာဂိုဘူးလ္ဟာမိုက္ကယ္ေဂ်ာ္ဒန္ကိုပိုင္ဆိုင္ထားမႈအေပၚစိတ္ထဲထားမွာမဟုတ္ပါဘူး။ခရစၥတီယာႏိုလည္းကြၽန္ေတာ္တို႔အတြက္ဒီလိုပါပဲ။ေနာက္ဆုံးမိနစ္မွာအခြင့္အေရးတစ္ခုရလာတယ္ဆိုရင္ေတာင္ လုပ္ေဆာင္ႏိုင္ဖို႔ခက္ပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုကေတာ့အၿပီးသတ္သြားတယ္။နည္းစနစ္ပိုင္းၿပီးျပည့္စုံတဲ့Volley ကန္ခ်က္ကတကယ့္ကိုေကာင္းလွပါတယ္။ကြၽန္ေတာ္တို႔အားလုံးမွာတာဝန္ကိုယ္စီကိုယ္ငွရွိၾကတယ္။တာဝန္ခံမႈရွိတယ္။ကြၽန္ေတာ္တို႔အတြက္သူကေခါင္းေဆာင္တစ္ဦးပါ။ၿပီးေတာ့ဂိုးေတြသြင္းတဲ့သူပါ။သူကေကာင္းၿပီးရင္းေကာင္းရင္းပါပဲ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲမွာ၂ဂိုးသြင္းယူမႈနဲ႔အတူမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၁ပြဲကစားထားရာမွာ၉ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသမိုင္းတြင္ခ်န္ပီယံလိဂ္၄ပြဲဆက္ဂိုးသြင္းယူႏိုင္တဲ့ငါးေယာက္ကစားသမားျဖစ္လာပါတယ္။သူ႔မတိုင္ခင္မန္ယူအတြက္ခ်န္ပီယံလိဂ္၄ပြဲဆက္ဂိုးသြင္းႏိုင္သူမ်ားကေတာ့နစၥတယ္႐ြိဳင္း(၂)ႀကိမ္၊တြမ္မီေတလာ၊ဒင္းနစ္ဗြီဳင္အိုလက္၊ဒြိဳက္ေယာ့ခ္တို႔ျဖစ္ပါတယ္။