နောက်ထပ် တစ်လအထိ အနားယူရဦးမယ့် မန်စီးတီးစတားဖီးလ်ဖိုဒန်
ဖီးလ်ဖိုဒန်ဟာခြေထောက်ဒဏ်ရာပြဿနာကြောင့်နောက်ထပ်တစ်လအထိအနားယူရဦးမှာဖြစ်ကြောင်းဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။
မန်စီးတီးနှင့်အင်္ဂလန်စတားဟာယူရို၂၀၂၀ပြိုင်ပွဲအတွင်းတွင်အင်္ဂလန်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစဉ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးဇူလိုင်လ၁၁ရက်နေ့တုန်းကအီတလီနှင့်ကစားခဲ့ရတဲ့ယူရို၂၀၂၀ဗိုလ်လုပွဲကိုလွဲခဲ့ပါတယ်။
Telegraph ရဲ့ဖော်ပြချက်အရမန်စီးတီးဆေးအဖွဲ့ဟာဖီးလ်ဖိုဒန်ရဲ့ဒဏ်ရာကိုအထူးဂရုစိုက်ဆေးကုသမှုပြုလုပ်နေပြီးလာမယ့်လနိုင်ငံတကာပွဲပြီးကာလအထိအနားယူရနိုင်ကြောင်းသိရပါတယ်။
ဒါကြောင့်ဖီးလ်ဖိုဒန်ဟာမန်စီးတီးရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲကိုလွဲချော်ပါမယ်။မန်စီးတီးဟာတနင်္ဂနွေနေ့မှာမန်စီးတီးနှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကစားပြီးနောက်နော့ဝှစ်ချ်၊အာဆင်နယ်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။
ဖီးလ်ဖိုဒန်အနားယူရမှုနဲ့အတူဗီလာမှပေါင်သန်း၁၀ဖြင့်ပြောင်းရွှေ့လာခဲ့တဲ့ဂျက်ဂရဲလ်လစ်ရှ်ဟာပရီးမီးယားလိဂ်ရာသီအစပွဲစဉ်များတွင်မန်စီးတီးတွင်သူ့အစွမ်းပြသခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။
ဖိုဒန်ဟာဟန်ဂေရီ၊အန်ဒိုရာ၊ပိုလန်တို့နှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်ရဖို့ရှိပါတယ်။
ZawGyi