နောက်ထပ် ဗလက္ကာယမှုနှစ်မှုနဲ့ ထပ်မံရင်ဆိုင်လာရန်ပြန်တဲ့ မန်စီးတီးစတားဘင်ဂျာမင်မင်ဒီ

မန်စီးတီးစတားဘင်ဂျာမင်မင်ဒီဟာနောက်ထပ်ဗလက္ကာယမှုနှစ်မှုနှင့်ထပ်မံစွဲချက်တင်ခြင်းခံလာရပါတယ်။ပြင်သစ်လက်ရွေးစင်ကစားသမားဟာအစောပိုင်းကတည်းကဗလက္ကာယမှုနှစ်မှုနှင့်ရင်ဆိုင်နေရတာဖြစ်ပြီးယခုအခါအမှုပေါင်း၆ခုဖြင့်စွဲချက်တင်ခြင်းခံလာရပြီဖြစ်ပါတယ်။

ပေါင်၅၃သန်းတန်းနောက်တန်းအစွန်လူဟာ၂၀၂၀ခုနှစ်အောက်တိုဘာနှင့်၂၀၂၁ခုနှစ်ဩဂုတ်လတို့အတွင်းတွင်အသက်၁၆နှစ်နှင့်အထက်အမျိုးသမီးလေးဦးတို့အားဗလက္ကာယမှု၄မှုကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါသူဟာဗလက္ကာယမှု၆မှု၊လိင်အကြမ်းဖက်မှု၁မှုတို့ဖြင့်အသီးသီးစွဲချက်တင်ခြင်းခံထားရပြီးသူ့အပေါ်စွဲချက်တင်ထားမှုများကိုအသနားခံခြင်းမရှိသေးပါဘူး။

ဒါ့အပြင်ဘင်ဂျာမင်မင်ဒီနှင့်အပေါင်းပါ အသက်၄၀နှစ်ရှိလူးဝစ်ဆာဟာမတ်ကျူရီမှာလည်းနောက်ထပ်ဗလက္ကာယမှု၂မှု၊လိင်အကြမ်းဖက်မှု၁မှုတို့နှင့်ထပ်မံစွဲချက်တင်ခံလာရပါတယ်။

မင်ဒီဟာလက်ရှိအချိန်တွင်လီဗာပူးရှိ HMP Alcourse တွင်ထိန်းသိမ်းခံထားရပြီးမတ်ကျူရီမှာယနေ့တွင်တရားရုံးမှာထွက်ဆိုမှုပြုလုပ်ရပါမယ်။

၎င်းတို့နှစ်ဦးလုံးဟာလာမယ့်၂၀၂၂ခုနှစ်၊ဇန်နဝါရီလ၂၄ရက်နေ့မှာရုံးတင်စစ်ဆေးခြင်းခံရပါမယ်။

မင်ဒီဟာပြီးခဲ့တဲ့ဩဂုတ်လတုန်းကအသက်၁၇နှစ်အရွယ်ရှိအမျိုးသမီးငယ်တစ်ဦးကိုသူ့ရဲ့ပေါင်၅သန်းတန်ချီရှိုင်းယားနေအိမ်မှာလိင်အကြမ်းဖက်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်အခြားအမျိုးသမီးများရဲ့အမှုဖွင့်မှုများဆက်တိုက်ခံလာရပါတယ်။

ZawGyi

ေနာက္ထပ္ ဗလကၠာယမႈႏွစ္မႈနဲ႔ ထပ္မံရင္ဆိုင္လာရန္ျပန္တဲ့ မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီ

မန္စီးတီးစတားဘင္ဂ်ာမင္မင္ဒီဟာေနာက္ထပ္ဗလကၠာယမႈႏွစ္မႈႏွင့္ထပ္မံစြဲခ်က္တင္ျခင္းခံလာရပါတယ္။ျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာအေစာပိုင္းကတည္းကဗလကၠာယမႈႏွစ္မႈႏွင့္ရင္ဆိုင္ေနရတာျဖစ္ၿပီးယခုအခါအမႈေပါင္း၆ခုျဖင့္စြဲခ်က္တင္ျခင္းခံလာရၿပီျဖစ္ပါတယ္။

ေပါင္၅၃သန္းတန္းေနာက္တန္းအစြန္လူဟာ၂၀၂၀ခုႏွစ္ေအာက္တိုဘာႏွင့္၂၀၂၁ခုႏွစ္ဩဂုတ္လတို႔အတြင္းတြင္အသက္၁၆ႏွစ္ႏွင့္အထက္အမ်ိဳးသမီးေလးဦးတို႔အားဗလကၠာယမႈ၄မႈက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

ယခုအခါသူဟာဗလကၠာယမႈ၆မႈ၊လိင္အၾကမ္းဖက္မႈ၁မႈတို႔ျဖင့္အသီးသီးစြဲခ်က္တင္ျခင္းခံထားရၿပီးသူ႔အေပၚစြဲခ်က္တင္ထားမႈမ်ားကိုအသနားခံျခင္းမရွိေသးပါဘူး။

ဒါ့အျပင္ဘင္ဂ်ာမင္မင္ဒီႏွင့္အေပါင္းပါ အသက္၄၀ႏွစ္ရွိလူးဝစ္ဆာဟာမတ္က်ဴရီမွာလည္းေနာက္ထပ္ဗလကၠာယမႈ၂မႈ၊လိင္အၾကမ္းဖက္မႈ၁မႈတို႔ႏွင့္ထပ္မံစြဲခ်က္တင္ခံလာရပါတယ္။

မင္ဒီဟာလက္ရွိအခ်ိန္တြင္လီဗာပူးရွိ HMP Alcourse တြင္ထိန္းသိမ္းခံထားရၿပီးမတ္က်ဴရီမွာယေန႔တြင္တရား႐ုံးမွာထြက္ဆိုမႈျပဳလုပ္ရပါမယ္။

၎တို႔ႏွစ္ဦးလုံးဟာလာမယ့္၂၀၂၂ခုႏွစ္၊ဇန္နဝါရီလ၂၄ရက္ေန႔မွာ႐ုံးတင္စစ္ေဆးျခင္းခံရပါမယ္။

မင္ဒီဟာၿပီးခဲ့တဲ့ဩဂုတ္လတုန္းကအသက္၁၇ႏွစ္အ႐ြယ္ရွိအမ်ိဳးသမီးငယ္တစ္ဦးကိုသူ႔ရဲ႕ေပါင္၅သန္းတန္ခ်ီရႈိင္းယားေနအိမ္မွာလိင္အၾကမ္းဖက္မႈျဖင့္ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္အျခားအမ်ိဳးသမီးမ်ားရဲ႕အမႈဖြင့္မႈမ်ားဆက္တိုက္ခံလာရပါတယ္။