နော့ဝှစ်ချ်ကို ၁-၀ ဖြင့် အနိုင်ရရှိပြီး လူသိနည်းတဲ့ ဆုဖလားဆွတ်ခူးသွားခဲ့တဲ့ ဆန်းဒါးလန်း
ဆန်းဒါးလန်းဟာတနင်္ဂနွေနေ့ညတုန်းကနော့ဝှစ်ချ်ကိုအနိုင်ရရှိပြီးချန်ပီယံရှစ်မှာရမှတ်၃မှတ်ပိုင်ဆိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ယင်းနိုင်ပွဲကဆန်းဒါးလန်းအတွက်ရမှတ်၃မှတ်ထက်ပိုပါတယ်။
ဆန်းဒါးလန်းဟာနော့ဝှစ်ချ်ကိုအနိုင်ရရှိမှုနှင့်အတူအလွန်လူသိနည်းတဲ့ Friendship Trophy ကိုလည်းဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
Friendship Trophy ကနော့ဝှစ်ချ်နှင့်ဆန်းဒါးလန်းတို့ရင်ဆိုင်ကစားရတဲ့ပွဲအတွက်ချီးမြှင့်တာဖြစ်ပြီးရက်ဘီရဲ့ Six Nationsပြိုင်ပွဲတွင်စကော့တလန်နှင့်အင်္ဂလန်တို့ပွဲမှအနိုင်ရတဲ့အသင်းကိုCalcutta Cup ဖလားချီးမြှင့်သကဲ့သို့ချီးမြှင့်တဲ့ဆုဖလားဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာမနေ့ညတုန်းကပွဲစဉ်တွင်အက်ဒူလာဘာရဲ့ပထမပိုင်းတွင်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်နော့ဝှစ်ချ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
Friendship Trophy ပွဲကို၁၉၈၅ လိဂ်ဖလားဗိုလ်လုပွဲအပြီးတွင်ဆန်းဒါးလန်းနှင့်နော့ဝှစ်ချ်အသင်းတို့ ဖန်တီးလိုက်တဲ့ဆုဖလားပွဲဖြစ်ပါတယ်။ယင်းဗိုလ်လုပွဲတွင်နော့ဝှစ်ချ်က၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့လည်းဆန်းဒါးလန်းပရိသတ်များကပြိုင်ဘက်အသင်းရဲ့အနိုင်ကိုလက်ခုပ်တီးအားပေးမှုနှင့်အတူ Friendship Trophy ဖန်တီးလိုက်တာဖြစ်ပါတယ်။
မနေ့ကဆန်းဒါးလန်းနှင့်နော့ဝှစ်ချ်တို့ပွဲစဉ်တွင်ထူးခြားတဲ့အဖြစ်အပျက်အဖြစ်ဆန်းဒါးလန်းကစားသမားလုခ်အိုနီယန်ကနော့ဝှစ်ချ်တားဂျာကော့ဘ်ဆိုရန်ဆင်ကိုနမ်းတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးနော့ဝှစ်ချ်ကစားသမားကလက်ပင်းညှစ်ပြီးတုံ့ပြန်ခဲ့ပါတယ်။
ပွဲပြီးခါနီးတွင်နှစ်ဖက်ကစားသမားတို့လုံးထွေးလဲကျပြီးနောက်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
အိုနီယန်ဟာဒေါ့သထွက်နေတဲ့ဆိုရန်ဆင်ကိုအနမ်းပေးပြီးဒေါသဆွခဲ့တာဖြစ်ပြီးဆိုရန်ဆင်ကလက်ပင်းညှစ်တဲ့အထိဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။ယင်းနောက်နှစ်ဖက်ကစားသမားများရောက်လာပြီးဖြေဖျန်မှုပြုလုပ်ခဲ့ရပါတယ်။
ZawGyi
နော့ဝှစ်ခ်ျကို ၁-၀ ဖြင့် အနိုင်ရရှိပြီး လူသိနည်းတဲ့ ဆုဖလားဆွတ်ခူးသွားခဲ့တဲ့ ဆန်းဒါးလန်း
ဆန်းဒါးလန်းဟာနော့ဝှစ်ခ်ျကိုအနိုင်ရရှိမှုနှင့်အတူအလွန်လူသိနည်းတဲ့ Friendship Trophy ကိုလည်းဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
Friendship Trophy ကနော့ဝှစ်ခ်ျနှင့်ဆန်းဒါးလန်းတို့ရင်ဆိုင်ကစားရတဲ့ပွဲအတွက်ချီးမြှင့်တာဖြစ်ပြီးရက်ဘီရဲ့ Six Nationsပြိုင်ပွဲတွင်စကော့တလန်နှင့်အင်္ဂလန်တို့ပွဲမှအနိုင်ရတဲ့အသင်းကိုCalcutta Cup ဖလားချီးမြှင့်သကဲ့သို့ချီးမြှင့်တဲ့ဆုဖလားဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာမနေ့ညတုန်းကပွဲစဉ်တွင်အက်ဒူလာဘာရဲ့ပထမပိုင်းတွင်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်နော့ဝှစ်ခ်ျကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
Friendship Trophy ပွဲကို၁၉၈၅ လိဂ်ဖလားဗိုလ်လုပွဲအပြီးတွင်ဆန်းဒါးလန်းနှင့်နော့ဝှစ်ခ်ျအသင်းတို့ ဖန်တီးလိုက်တဲ့ဆုဖလားပွဲဖြစ်ပါတယ်။ယင်းဗိုလ်လုပွဲတွင်နော့ဝှစ်ခ်ျက၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့လည်းဆန်းဒါးလန်းပရိသတ်များကပြိုင်ဘက်အသင်းရဲ့အနိုင်ကိုလက်ခုပ်တီးအားပေးမှုနှင့်အတူ Friendship Trophy ဖန်တီးလိုက်တာဖြစ်ပါတယ်။
မနေ့ကဆန်းဒါးလန်းနှင့်နော့ဝှစ်ခ်ျတို့ပွဲစဉ်တွင်ထူးခြားတဲ့အဖြစ်အပျက်အဖြစ်ဆန်းဒါးလန်းကစားသမားလုခ်အိုနီယန်ကနော့ဝှစ်ခ်ျတားဂျာကော့ဘ်ဆိုရန်ဆင်ကိုနမ်းတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးနော့ဝှစ်ခ်ျကစားသမားကလက်ပင်းညှစ်ပြီးတုံ့ပြန်ခဲ့ပါတယ်။